Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့တင်ပို့နေသည့် ပဲယဉ်းကို စိုက်ဧက တိုးချဲ့စိုက်ပျိုးထား

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပဲယဉ်းသည် ကမ္ဘာ့ဈေးကွက်အတွင်း စားသုံးမှု မြင့်တက် လာ၍ ဈေးကောင်း ရရှိနေသောကြောင့် ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးထားကြောင်း ပဲယဉ်း စိုက်ဒေသများရှိ တောင်သူများထံမှ သိရသည်။

 

''ပဲယဉ်းကို ၂ဝ၁၃ ခုနှစ်လောက်ကတည်းကစပြီး ပြည်ပကို တင်ပို့တယ်။ တင်ပို့မှုက နှစ်စဉ်မြင့် တက်နေသလို ဈေးကွက်မှာလည်း ဈေးကောင်းရနေတယ်။ တောင်သူတွေ ဘက်ကလည်း တိုးချဲ့စိုက်ပျိုးလာတယ်'' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမျိုးသူက ပြောသည်။\

 

ပဲယဉ်းကို စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့၌ စိုက်ပျိုးမှုများပြားပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပဲယဉ်းစိုက်ဧကမှာ မိုးသီးနှံအဖြစ် စိုက်ဧက ၃၇ဝဝဝ ကျော်ရှိကာ အထွက် တင်းလေးသိန်းကျော် ရှိသည်။

 

ဆောင်းသီးနှံအဖြစ် စိုက်ဧက ၉ဝဝဝဝ ကျော်ရှိပြီး အထွက် တင်း ၁၃ သိန်းကျော် အထိရှိကြောင်း သိရသည်။

 

''တခြားဈေးကောင်းတဲ့ သီးနှံတွေရှိပေမယ့် ပဲယဉ်းက ပြည်ပကို နှစ်တိုင်း တန်ချိန် တစ်သောင်း ကျော် တင်ပို့ရတယ်။ တခြားသီးနှံတွေနဲ့ ယှဉ်ရင် စတင်တင်ပို့ကတည်းက တန်ချိန်များတယ်။ ကမ္ဘာ့ ဈေးကွက်မှာ ဆိုရင်လည်း ဈေးကွက်အင်အားကြီးတဲ့ နိုင်ငံတွေက မှာယူတင်သွင်းကြ တယ်'' ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည် ဦးစိုးမြင့်က ပြောသည်။

 

မြန်မာ့ပဲယဉ်းကို စပိန်၊ ပြင်သစ်၊ အမေရိကန် စသည့်နိုင်ငံတို့မှ အများဆုံး တင်သွင်းစားသုံး သည်ကိုတွေ့ရပြီး အာရှတွင်လည်း စင်ကာပူနိုင်ငံမှ တင်သွင်းမှုများပြားကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)