Food & Livestock
ဧရာဝတီတိုင်းမှ ရေထွက်ကုန်ပစ္စည်းတန်ချိန် ၁၃ သိန်းထိ တင်ပို့ရောင်းချခဲ့
ဧရာ၀တီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ဒီဇင်ဘာလအတွင်း ရေထွက်ကုန်ပစ္စည်းလေးမျိုး တန်ချိန် ၁၃သိန်းထိ
တင်ပို့ရောင်းချခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးထံမှ သိရသည်။
Click Here >>> Golden House
ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်စျေးကွက်သို့ အဓိကတင်ပို့ ရောင်းချနေပြီး ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ တစ်လတာကာလအတွင်း ငါးတန်၊ ပုစွန်၊ ငါးရှဉ့်၊ ငါးမြစ်ချင်းရေထွက်ကုန်ပစ္စည်းတန်ချိန် ၁၃ သိန်းထိတင်ပို့ရောင်းချခဲ့ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်ထိ တစ်လတာကာလအတွင်း ငါးတန်၊ ပုစွန်၊ ငါးရှဉ့်၊ ငါးမြစ်ချင်း ရေထွက်ကုန်ပစ္စည်း တန်ချိန် ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။
“ဧရာဝတီတိုင်းဒေသကြီးက ထွက်တဲ့ ရေထွက်ကုန်တွေထဲက လေးမျိုးကို တန်ချိန် ၁၃ သိန်းထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိအချိန်ထိလဲ ရန်ကုန်ဘက်ကနေ ရေထွက်ကုန်တွေကို မှာယူအားများနေတယ်လို့ သိရပါတယ်။ လက်ရှိ တစ်နေ့တစ်ကြိမ် ကုန်တင်ကားတွနဲ့ ပို့ပေးနေရပါတယ်။ ဘုရင့်နောင်က ပွဲရုံတွေနဲ့ သီရိမင်္ဂလာစျေးကို အဓိကတင်ပို့ရောင်းချနေပါတယ်။” ဟု ဧရာဝတီတိုင်းဒေသကြီးရှိ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးကပြောပြသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို စနစ်တကျဆိုဒ်ခွဲသန့်စင်ကာ ကုန်တင်ကားများ၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်၊ မန္တလေးနှင့် ပြည်ပစျေးကွက်များသို့ အဓိက တင်ပို့ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ တင်ပို့ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းလေးမျိုးသည် ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ရက်ထိ ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀၀၊ ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ပေါက်စျေးရှိနေကြောင်းသိရသည်။
Join Telegram Channel >>> https://t.me/Guid4U
Source: YDNP
Myanmar food industry guide




