Food & Livestock
Tuesday, 12 September 2023 13:53
တနင်္သာရီတိုင်းတွင် ဆီအုန်းစိုက်ဧက (၄) သိန်းခန့် ရှိပြီး ဆီကြမ်းနှင့် ဆီချောစက်ရုံများ လိုအပ်နေ
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ လွန်ခဲ့သည့် နှစ် (၃၀) ကျော်ခန့်မှ ဆီအုန်းစိုက်ပျိုးမှု စတင်ခဲ့ပြီး ယခုအခါ ဆီအုန်းကုမ္ပဏီပေါင်း (၃၉) ခုဖြင့် ဆီအုန်းစိုက်ဧကပေါင်း (၃၉၅,၇၂၁) ဧက စိုက်ပျိုးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆီအုန်း စိုက်ပျိုး အောင်မြင်နိုင်သည့် ရေ၊ မြေ စသည့် ရာသီဥတု အခြေအနေများကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကပါ ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြခြင်း ဖြစ်သည်။
“ ၂၀၂၃- ၂၀၂၄ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ကောက်ယူထားတဲ့ စာရင်းများအရဆိုရင် တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင် စတဲ့ ခရိုင် (၄) ခုမှာ ဆီအုန်းစိုက်ဧကပေါင်း (၃၉၅,၇၂၁) ဧက ရှိပါတယ်။ ဆီသီးခိုင် ခူးနိုင်တဲ့ဧက (၁၈၃,၃၂၁) ဧကရှိတယ်။ တစ်ဧကအထွက်နှုန်းကတော့ (၂.၇၄) တန် ထွက်ရှိပါတယ်။ စုစုပေါင်း ဆီသီးခိုင် ထွက်ရှိမှုကတော့ (၅၀၂,၈၂၅) တန် ထွက်ရှိပါတယ်။ ” ဟု တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီပေါင်း (၃၉) ခုနှင့် ပုဂ္ဂလိကခြံရှင် (၄၀) နီးပါးခန့် ရှိပြီး ထွက်ရှိလာသည့် ဆီသီးခိုင်အများစုကို ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဆီကြမ်းစက်များသို့ သွားရောက် ရောင်းချရသဖြင့် အလေအလွင့်များနှင့် ကုန်ကျမှုစရိတ်စက များပြားကြောင်းနှင့် ယခုလက်ရှိတွင် ဆီသီးခိုင်စျေးနှုန်းမှာ တစ်တန်လျှင် ငွေကျပ် (၃၃၀,၀၀၀) ခန့် ပေါက်စျေးရှိကြောင်း သိရသည်။
Ad > Myat Mi Ba
“ ကျွန်တော်တို့ခြံက ထွက်ရှိတဲ့ ဆီသီးခိုင်တွေကို တောင်ဒဂုံစက်ရုံမှာ သွားရောက် ရောင်းချနေရတယ်။ ဆီအုန်းစိုက်ပျိုးမှုက ယခုလက်ရှိမှာ တွက်ခြေကိုက်ပေမယ့် ထွက်ရှိလာတဲ့ ဆီသီးခိုင်တွေ သွားရောက် ရောင်းချရတာ ဝေးတော့ စရိတ်တွေကုန်ကျမှုနဲ့ အလေအလွင့်တွေ ရှိပါတယ်။
မြိတ်ခရိုင်အတွင်းမှာသာ ဆီကြမ်းနဲ့ ဆီချောစက်ရုံတွေသာ ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ ခြံရှင်တွေအတွက် ပိုပြီး အဆင်ပြေလာနိုင်သလို စိုက်ပျိုးသူတွေအနေနဲ့ ဆီသီးခိုင် အထွက်ကောင်းဖို့ ကြိုးစား ဆောင်ရွက်လာမယ်။ အလေအလွင့်မရှိ စက်ရုံများကို အချိန်တိုအတွင်း ပို့ဆောင်နိုင်ရင် စရိတ်စက သက်သာလာပြီး ဝင်ငွေများလည်း တိုးပွားလာနိုင်ပါတယ်။ ” ဟု မြိတ်မြို့နယ်အတွင်း ဆီအုန်းစိုက်ပျိုးလုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။
ဒေသခံတောင်သူများနှင့် ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုး လုပ်ကိုင်ပါက ဆီအုန်း စတင်စိုက်ပျိုးသည့် အချိန်မှ (၅) နှစ်ခန့် ကြာလာသည့်အခါတွင် စီးပွားဖြစ် ဆွတ်ခူးနိုင်မည် ဖြစ်သည်။
နောက်ထပ် (၃) နှစ်လောက် ကာလအကြာတွင် အရင်းကြေကာလတစ်ခုကို ရောက်ရှိလာသည့်အပြင် နောက်ထပ် နှစ်ပေါင်း (၂၀) ကျော် ကြာသည့်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင်မည် ဖြစ်၍ ဝင်ငွေများလည်း ပိုမိုရရှိသွားမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ဆီကြမ်းစက်ရုံများ တည်ရှိမှုမှာ ထားဝယ်ခရိုင်တွင် (၁) ခု၊ မြိတ်ခရိုင်တွင် (၁) ခု၊ ဘုတ်ပြင်းခရိုင်တွင် (၂) ခုနှင့် ကော့သောင်းခရိုင်တွင် (၂) ခု စုစုပေါင်း ဆီကြမ်းစက်ရုံ (၆) ခု ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြန်မာ့နိုင်ငံတွင် ဆီအုန်းစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းမှုတွင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်းသာ ရှိသောကြောင့် မြိတ်ခရိုင်၌ ဆီကြမ်းစက်ရုံနှင့် ဆီချောစက်ရုံ၊ ကော့သောင်းခရိုင်၌ ဆီချောစက်ရုံများ ဖြစ်ပေါ်လာရန် ကုမ္ပဏီများနှင့် ဒေသခံ ဆီအုန်းစိုက်ပျိုးသူ ခြံရှင်များက မျှော်လင့်နေကြကြောင်း သိရသည်။
Published in
Food & Livestock
Saturday, 16 May 2020 13:34
ဝက်မွေးမြူရေးသမားတွေငိုပွဲဝင်နေရတဲ့ ယခုကာလ
ဝက်မွေးမြူရေးသမားတွေဟာ အခုလို ကိုဗစ်ဖြစ်ပွါးနေတဲ့ကာလမှာ အတော်လေး အခက်တွေ့ နေရပြီး စိတ်မော လူမောနဲ့ ပြည်သူတွေဆီ အသားရောင်းချ နိုင်ရေး ကြိုးပမ်းနေရတယ်သိရပါတယ်။
Published in
Food & Livestock
Tuesday, 05 June 2018 11:39
တစ်ရက်လျှင် တန်ချိန် ၂၆၀၀ အထိထုတ်လုပ်နိုင်သော မွေးမြူရေးအစာစက်ရုံသစ်ဖွင့်လှစ်
နယ်သာလန်နိုင်ငံအခြေစိုက် De Heus Animal-Nutrition Company မှ အရည်အသွေးပြည့်မီသော မွေးမြူရေးအစာများကို
Published in
Food & Livestock