Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ရက်လျှင် တန်ချိန် ၂၆၀၀ အထိထုတ်လုပ်နိုင်သော မွေးမြူရေးအစာစက်ရုံသစ်ဖွင့်လှစ်

နယ်သာလန်နိုင်ငံအခြေစိုက် De Heus Animal-Nutrition Company မှ အရည်အသွေးပြည့်မီသော မွေးမြူရေးအစာများကို

မန္တလေးတိုင်းဒေသကြီး မြို့သာ(စက်မှုဥယျာဉ်)တွင် ဒုတိယမြောက်မွေးမြူရေးအစာစက်ရုံကို စတင်ဖွင့်လှစ်ခဲ့ပြီး တစ်ရက်လျှင် တန်ချိန်၂၆၀၀ အထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ထို့အပြင်စက်ရုံ၏ တစ်နှစ်တာအသုံးပြုသောစွမ်းအင်ပမာဏ၏ သုံးပုံတစ်ပုံဖြစ်သော ၅၁၂ မဂ္ဂါဝပ်ကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်မှရယူမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း လျှော့ချပေးနိုင်သော စက်ရုံတစ်ရုံဖြစ်လာမည်ဖြစ်ကြောင်း သိရပါတယ်။

 

၁၉၁၁ ခုနှစ်က နယ်သာလန်နိုင်ငံ Barneveld မြို့တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကျော်တွင် အလုပ်သမားးအင်အားပေါင်း ၄၂၀၀၀ ကျော်ဖြင့် Complete Feeds အပြင် Concentrates Feeds များကိုပါ ထုတ်လုပ်ရောင်းချဖြန့်ချိလျက်ရှိကာ ၂၀၁၁ ခုနှစ်တွင် နယ်သာလန်ဘုရင်မကြီးက Family Award ဆုချီးမြှင့်ခဲ့ကြောင်း လက်ရှိကမ္ဘာပေါ်တွင် အဆင့် ၁၅ တွင်ရပ်တည်နေပြီး မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်ကာ မွေးမြူရေးအစာများကို တင်သွင်းဖြန့်ဖြူးပြီးနောက် စက်ရုံများကို တည်ဆောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ကြက်၊ ၀က်၊ နွား၊ ဆိတ်၊ ဘဲနှင့် ငုံးအစရှိသော မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သောအစာအားလုံးကိုထုတ်လုပ်သွားမည်ဖြစ်ပြီး စက်ရုံတွင် ခေတ်မီကုန်ထုပ်ပိုးမှုစက်ပစ္စည်းများနှင့် သိုလှောင်ရုံကြီးများ၊ ကုန်ကြမ်းများနှင့် ကုန်ချောပစ္စည်းများအတွက် အရည်အသွေးထိန်းချုပ်စစ်ဆေးရန် ဓာတ်ခွဲခန်းများအပါအ၀င် ဥရောပထိပ်တန်းမွေးမြူရေး အစာကြိတ်စက်ကိရိယာအသစ်များကို ထည့်သွင်းအသုံးပြုထားကြောင်း သိရပါတယ်။

 

Source: Democracy

Read times Last modified on Tuesday, 18 September 2018 13:19
Rate this item
(1 Vote)