Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်မွေးမြူရေးသမားတွေငိုပွဲဝင်နေရတဲ့ ယခုကာလ

ဝက်မွေးမြူရေးသမားတွေဟာ အခုလို ကိုဗစ်ဖြစ်ပွါးနေတဲ့ကာလမှာ အတော်လေး အခက်တွေ့ နေရပြီး စိတ်မော လူမောနဲ့ ပြည်သူတွေဆီ အသားရောင်းချ နိုင်ရေး ကြိုးပမ်းနေရတယ်သိရပါတယ်။

 

တိရစ္ဆာန် မွေးမြူရတာဖြစ်လို့ ရက်ကြာလေအစာဖိုးလည်း ထောင်းသလို အသားလာကောက်ပြီး ဝယ်ယူတဲ့ သူတွေ မရှိတာမို့ ကျန်းမာဖွံဖြိုးတဲ့ ဝက်တစ်ကောင်ကိုတောင်အသားပေါ် ဖို့သင့်တဲ့ရက်ထက် များစွာကျွေးမွေးထားရပါတယ်ဒီတိုင်းဆို ရင်းနှီးမြှပ်နှံငွေ ကြီးလာနိုင်လို့ အတော်လေးခေါင်းခဲနေရပါတယ်။

 

အမေရိကန်ရဲ့ မင်နီဆိုတာ မြို့မှာရှိတဲ့ လယ်သမားတွေဆိုရင်သူတို့ရဲ့ ဝက်မွေးမြူရေး ၊ သားဖောက်ရေး နဲ့ တိရစ္ဆာန် မွေးမြူရေးခြံတွေကို ယခု အပတ်အတွင်း ပြန်လည် မဖွင့်လစ်နိုင်ပါက ပိတ်ပြစ်ဖို့ အခြေအနေရောက်ရှိနေပြီလို့သိရပါတယ်။

 

အသက် ၅၆ နှစ်အရွယ်ရှိ Randy Wiertsema ဆိုရင် လယ်သမား မျိုးဆက် ၃ ဆက်မိရိုးဖလာ မွေးမြူရေး လုပ်ကိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ဝက်တွေ တော်တော်များများကို အစာမကျွေးနိုင်လို့အကောင်ရေ ၂၀၀ ကျော်သတ်ပြစ်ခဲ့ရတယ် သို့ပေမည့် အသားရောင်းချဖို့ လာယူတဲ့သူမရှိပါဘူး။အသားများလွင့်ပြစ်နေရတယ်လို့သိရပါတယ်။

 

သူပြောပြခဲ့တာကတော့ တကယ်တန်းမှာ အခုလို မရောင်းနိုင်တဲ့အနေအထားမှာ သူတို့တွေကို သတ်ပြစ်မှပဲ ရနိုင်တော့မှာ မကျွေးနိုင်တာတဲ့ ဒုက္ခ က အတော်များပါတယ် စိတ်လဲမကောင်းပါဘူး အသားတွေ နှမြောတာထက် စီးပွါးရေးမကောင်း လို့ မိသားစုနဲ့လဲ စကားအခြေအတင်ပါပဲဆိုကာပြောကြားခဲ့ပါတယ်။

 

ဈေးတွေအနေနဲ့လည်း ဝယ်ဖို့နေနေသာသာ အမေရိကမှာရှိတဲ့ တချို့ အသားငါးရောင်းတဲ့ အအေးခန်းတွေမှာ အရောင်းဝန်ထမ်း လူ ၂၀၀ နီးနီး ရောဂါ ပိုးကူးစက်ခံခဲ့ရပါတယ် ။ ဒါကြောင့်ဆိုင်တွေချိတ်ပိတ်လိုက်ပြီး အတော်များများ အသားအရောင်း ကိစ္စရပ်တွေ ရပ်စဲခဲ့ရတာပါ။

 

ထို့အတူ နောက်ထပ်လယ်သမားတစ်ဦး ရှိပါသေးတယ်။သူကတော့ အသက် ၃၇ နှစ်အရွယ် Brad Lonneman ဖြစ်ပြီး သူ့အနေနဲ့ ဝက်အကောင်ရေ ၁၄၅ ကောင်သတ်ပစ်ရတော့မှာပါ သူ့ မွေးမြူရေးခြံမှာ ဒေါ်လာ ၂ သောင်းတိတိ ရှုံးဖို့ရှိနေပါတယ်။

 

သူပြောကြားခဲ့တာကတော့ အခုလို အခြေအနေမျိုးမှာ ဘာမှရွေးချယ်စရာ မရှိတော့ပါဘူး , မသတ်ပစ်ရင်လဲ အကြွေးက တင်သွားနိုင်ပါတယ် ရှေ့မလျှောက်သာ နောက်မလှည့်သာ အကျပ်အတည်းမျိုး မို့ မတတ်နိုင်တော့ပါဘူးလို့သိရပါတယ်။

 

တကယ်တန်းမှာတော့ အသား ထုတ်လုပ်မူ့တွေကို အာဏာပိုင်တွေ အနေနဲ့ကြီးကြပ် လုပ်ဆောင်သင့်နေပါပြီ အသားတွေကို ပြည်သူတွေဆီရောက်အောင် ပို့ဆောင်ဖို့ နည်းလမ်းတွေ ရှာဖွေ ထုတ်ဖော်သင့်နေပါပြီ။

 

သာမန်လယ်သမားများမဆိုထားနှင့်မွေးမြူရေးနှင့် အသားထုတ်လုပ်ရေးတွင် တကယ့် လုပ်ငန်းကြီး ဖြစ်တဲ့ SON-D-FARMS မှ CEO ဖြစ်သူ ပြောကြားချက်အရ ဝန်ထမ်း ၁၀၀ ကျော်ရှိတဲ့ လုပ်ငန်းစုကြီးမှာ ယခု ဝန်ထမ်းတွေကို လစာ ဖြတ်တောက် လိုက်ပါပြီ။

 

သည့်အပြင် ကျန်းမာတဲ့ ဝက်တွေကိုလည်း အစာအကျွေးနိုင်လို့ အကောင် ၅၀၀ သတ်ပြစ်ခဲ့ရပြီးပါပြီ အသားတွေတော့ လွင့်ပြစ်ခဲ့ရတယ် ဒီတိုင်းဆက်သွားပါက လူတွေ အနေနဲ့ အစားအစာ ပြတ်လက်တာနဲ့ ကြုံရတော့မယ့်အနေအထားဆိုကာပြောပါတယ်။

 

<<< Zawgyi >>>

 


---------------------------------------------------------------

 


 


 


 


 


 


 


 


 


 


 


 

Ref ; Dailymail

Read times
Rate this item
(0 votes)