Fruits & Vegetables
အေးခဲထားသော အသားငါးများ ရောင်းအားတက်လာ
ယခင်ကဆိုရင် လူတွေက အေးခဲထားတဲ့ သားငါးတွေထက် လက်ဆက်တဲ့ အသားငါးတွေကို ပိုပြီး ဝယ်ယူ စားသောက်ကြတယ် အခုအချိန်မှာတော့ ကိုရိုနာ ရောဂါဖြစ်ပွားတဲ့ ကိစ္စရပ်တွေကြောင့် အသားစားရဖို့အရေး အေးခဲထားတဲ့ အသားတွေကိုဝယ်ယူစားသောက်ကြရပါတော့တယ်။
ကိုရိုနာရောဂါဖြစ်ပွားမှု့ကြောင့် အရင်လို သားသတ်သမားတွေ မရှိတော့ပါဘူး အမေရိကန်က သားသတ်ရုံတစ်ခုဆိုလျှင် ကိုရိုနာ ရောဂါကြောင့် ပိတ်ထားရာမှ ပြန်လည် ဖွင့်လှစ်သော်လည်း ဝန်ထမ်းတစ်ယောက်ကိုရိုနာရောဂါ ပိုးကူးသဖြင့် ပြန်လည် ပိတ်ခဲ့ရပါတယ်။
အစိုးရကလည်း ကုန်ဈေးနှုန်းတွေ အတက် မရှိစေရပြောထားတဲ့ အလျှောက် တကယ်ပဲဈေးတွေ မတက်ကျပါဘူး တချို့ ရေခဲရိုက်ထားတဲ့သားငါးတွေဆို ဈေးတောင် အနည်းငယ်ပိုလျော့ပေးပြီးရောင်းလာတာ တွေ့ရတယ်။အနောက်နိုင်ငံတိုင်း ဈေးဝယ်ရင် များများ စားစား ဝယ်မရပါဘူး ရှိတာ ကျန်တာကိုပဲ ဝယ်ရပါတယ်။
ထို့ အပြင် အသားကိုလဲ လူက ယခင်ကလို ခုတ်ထစ်ပြီးထည့်ပေးထားတာမျိုး မလုပ်တော့ ပါဘူး လူထားရှိပါက ရောဂါ ပိုးပြန့်နှံ့မှာ ဆိုးလို့ပါ ဒါ့ထက် သားသတ်ရုံတွေနားထားရတော့ လက်ဆက်တဲ့ အသား ဝယ်မရနိုင်ပါဘူး ရေခဲရိုက်ထားတဲ့ အသားငါး ကို ဝယ်ရဖို့ပဲ ကြိုးစားကြရမှာပါ။
တကယ်တန်းမှာ ငါးဖမ်း စက်လှေ မှ ငါးဖမ်းလုပ်ငန်းရှင် များလည်း အခက်တွေ့နေပါတယ်။ဒီလို အခြေအနေ မှာ လူတိုင်း အကျပ်တွေ့နေတဲ့ အခြေအနေပါပဲ မိသားစု ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်တဲ့သူတွေဟာ ယခင်လိုပင်လယ်ကို အသက်မွေးဝမ်းကြောင်းပြု ဖို့ သိပ်မလွယ်ကူတော့ဘူး ဈေးနှုန်းတွေကို ၈၀ ရာခိုင်နှုန်းထိ ချကာ တစ်ဆင့်ဒိုင်တွေကို ရောင်း ပေးရတယ်။
ထိုဟာတွေကို သားငါးအေးခဲများကို ရောင်းတဲ့ ကိုယ်စားလှယ် တွေလက်ထဲမှာ ပါကင်ထုတ် ၊ လေထုတ်ကာ ၊ ပြား လိုက်ပြီး တာနဲ့ ဈေတွေတက်လာကြတယ်ပြီး ဈေးဆိုင်တွေမှာ တင်ပြီးရောင်းချတယ်သိရပါတယ်။
အင်္ဂလန် နိုင်ငံရဲ့ Hoppers ဆိုတဲ့ နာမည်ကြီး စားတော်ဆက်မှ တောင်အိန္ဒိယ နဲ့ သီရိလင်္ကာ အစားအစာ ချက်ပြုတ်တဲ့ အထူး စားဖိုမှုး ဖြစ်သူ Karan Gokani ရဲ့ ပြောကြားချက်အရ တကယ်တန်း ရေခဲရိုက်ထားတဲ့ အသားငါးတွေ မှာ အရေးကြီးတာက သူ့အရည်အသွေးပဲ ၊ ဒါပေမယ့် အခု လို အချိန်မှာ သင့်အနေနဲ့ အကောင်းစား အရည်အသွေး နဲ့ သားငါးတွေကို ဒုတိယတန်းဈေးလောက်နဲ့ ရနိုင်တယ် ဘာလို့ ဆို နာမည်ကြီး ဟိုတယ်ကြီးတွေ ၊ စားသောက်ဆိုင်ကြီးတွေ ပိတ်ထားရလို့ပဲ။
ချက်တဲ့ အခါ မှာတော့ ရေခဲရိုက်အသားငါးတွေကို သာမန် အပူချိန်မှာ ထားလိုက်ပြီး အရေပျော်လာတော့ မှ ချက်ပြုတ်သင့်ပါတယ်။အင်္ဂလန်နိုင်ငံပင်လယ်စာစားသောက်ဆိုင်ကြီး Prawn on the Lawn မှ Rick Toogood မှပြောကြားချက်ကတော့ ရေခဲရိုက်ထားတာနဲ့ လက်ဆက်တဲ့ အသားငါးနဲ့ အရသာတော့ ကွာတာပေါ့ သို့ပေမယ့် စားပျော်ပါတယ် သိပ်မကွာပါဘူး ကွာလတီ ကောင်းတာတွေကို ရေခဲရိုက်ထားတာပဲ ဆိုကာပြောပြလာပါတယ်။
ဆိုင်တွေ ၊ ဟိုတယ်တွေ ပိတ်ထားပေမည့် ယခု လက်ရှိမှာ အင်္ဂလန်နဲ့ အမေရိကန်တို့ မှာ အေးခဲထားတဲ့အသားငါး ရောင်းအား ပိုမိုတက်လာကာ အေးခဲထားတဲ့ အသီးအနှံများ လည်း ရောင်းအား တက်လာတယ်သိရပါတယ်။
<<< Zawgyi >>>
--------------------------------
Ref ; The Guardian