Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားထိပ်တန်း စားအုန်းဆီကုမ္ပဏီ၏ သင်္ဘောဆိပ်ခံများ ပြန်လည်ဖွင့်လှစ်

မလေးရှားနိုင်ငံ၏ အကြီးဆုံးဆီအုန်း ထုတ်လုပ်သည့် ပြည်နယ်ဖြစ်သော Sabah တွင်

coronavirus နှင့် ဆက်နွယ်သောထိန်းချုပ်မှုများကြောင့် ထုတ်ကုန် ဆီအုန်းအခိုင်များ၊ ဆီကြမ်းများ သင်္ဘောများ ဆိုက်ကပ်ရာ ပုဂ္ဂလိကပိုင်ဆိပ်ခံများကို ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း Bernama သတင်းဌာနကဖော်ပြခဲ့သည်။

အကယ်၍ ကိုဗစ် ကူးစက်မှု ပေါ်ပေါက်ပါက ဆိပ်ခံတံတားများကို ထပ်မံပိတ်ဆို့ထားမည်ဟု Sabah ပြည်နယ် ဒုတိယဝန်ကြီးချုပ်က Wilfred Madius Tangau က ပြောကြားသည်။

Sabah စိုက်ခင်းကုမ္ပဏီများမှ လတ်ဆတ်သော ဆီအုန်းခိုင်များ၊ ဆီကြမ်းနှင့် အကာသားများ
တင်ပို့ရန်အတွက် ၎င်းစိုက်ခင်းကုမ္ပဏီများမှ ပိုင်ဆိုင်လုပ်ကိုင်လျက် ရှိသော ပုဂ္ဂလိကဆိပ်ခံ ၁၆ ခုကျော်ကို ဧပြီလ ၁၇ ရက်က ဒေသခံဆိပ်ကမ်းအာဏာပိုင်ထံမှ ယာယီပိတ်ထားရန် အမိန့်ပေးခဲ့သည်။

Malaysian Palm Oil Association မလေးရှားစားအုန်းဆီအသင်းမှ ထိုသို့ ပိတ်ခိုင်းထားခြင်းကြောင့် ပြည်နယ်၏ စားအုန်းဆီကဏ္ဌကို ထိခိုက်စေမည့်အပြင် နောက်ဆက်တွဲ အနေဖြင့် မလေးရှားနိုင်ငံ၏ စားအုန်းဆီကဏ္ဌကိုပါ ထိခိုက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

မလေးရှားစားအုန်းဆီအသင်းကဒီကိစ္စဟာပြည်နယ်ဆီအုန်းတင်ပို့မှုကိုထိခိုက်လိမ့်မယ်လို့သတိပေးပြောကြားလိုက်ပါတယ်။


စားအုန်းဆီ ထုတ်လုပ်မှုပမာဏတွင် အင်ဒိုနီးရှားပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးထုတ်လုပ်ထင်ပို့သော မလေးရှားနိုင်ငံတွင် ထုတ်လုပ်သော ဆီအုန်းစုစုပေါင်း၏ ၂၅% သည် Sabah မှထုတ်လုပ်သည်။

 

ZAWGYI

မေလးရွားထိပ္တန္ းစားအုန္းဆီကုမၸဏီ၏ သေဘၤာဆိပ္ခံမ်ား ျပန္လည္ဖြင့္လွစ္

မေလးရွားႏိုင္ငံ၏ အႀကီးဆုံးဆီအုန္ းထုတ္လုပ္သည့္ ျပည္နယ္ျဖစ္ေသာ Sabah တြင္ coronavirus ႏွင့္ ဆက္ႏြယ္ေသာထိန္းခ်ဳပ္မႈမ်ားေၾကာင့္ ထုတ္ကုန္ ဆီအုန္းအခိုင္မ်ား၊ ဆီၾကမ္းမ်ား သေဘၤာမ်ား ဆိုက္ကပ္ရာ ပုဂၢလိကပိုင္ဆိပ္ခံမ်ားကို ပိတ္ထားခဲ့ရာမွ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳလိုက္ေၾကာင္း Bernama သတင္းဌာနကေဖာ္ျပခဲ့သည္။

အကယ္၍ ကိုဗစ္ ကူးစက္မႈ ေပၚေပါက္ပါက ဆိပ္ခံတံတားမ်ားကို ထပ္မံပိတ္ဆို႔ထားမည္ဟု Sabah ျပည္နယ္ ဒုတိယဝန္ႀကီးခ်ဳပ္က Wilfred Madius Tangau က ေျပာၾကားသည္။

Sabah စိုက္ခင္းကုမၸဏီမ်ားမွ လတ္ဆတ္ေသာ ဆီအုန္းခိုင္မ်ား၊ ဆီၾကမ္းႏွင့္ အကာသားမ်ား
တင္ပို႔ရန္အတြက္ ၎စိုက္ခင္းကုမၸဏီမ်ားမွ ပိုင္ဆိုင္လုပ္ကိုင္လ်က္ ရွိေသာ ပုဂၢလိကဆိပ္ခံ ၁၆ ခုေက်ာ္ကို ဧၿပီလ ၁၇ ရက္က ေဒသခံဆိပ္ကမ္းအာဏာပိုင္ထံမွ ယာယီပိတ္ထားရန္ အမိန႔္ေပးခဲ့သည္။

Malaysian Palm Oil Association မေလးရွားစားအုန္းဆီအသင္းမွ ထိုသို႔ ပိတ္ခိုင္းထားျခင္းေၾကာင့္ ျပည္နယ္၏ စားအုန္းဆီကဏၭကို ထိခိုက္ေစမည့္အျပင္ ေနာက္ဆက္တြဲ အေနျဖင့္ မေလးရွားႏိုင္ငံ၏ စားအုန္းဆီကဏၭကိုပါ ထိခိုက္ေစလိမ့္မည္ဟု ေျပာၾကားခဲ့သည္။

မေလးရွားစားအုန္းဆီအသင္းကဒီကိစၥဟာျပည္နယ္ဆီအုန္းတင္ပို႔မႈကိုထိခိုက္လိမ့္မယ္လို႔သတိေပးေျပာၾကားလိုက္ပါတယ္။


စားအုန္းဆီ ထုတ္လုပ္မႈပမာဏတြင္ အင္ဒိုနီးရွားၿပီးလွ်င္ ကမာၻ႔ဒုတိယအႀကီးဆုံးထုတ္လုပ္ထင္ပို႔ေသာ မေလးရွားႏိုင္ငံတြင္ ထုတ္လုပ္ေသာ ဆီအုန္းစုစုေပါင္း၏ ၂၅% သည္ Sabah မွထုတ္လုပ္သည္။

 

Read times Last modified on Thursday, 30 April 2020 15:17
Rate this item
(0 votes)