Fruits & Vegetables
မလေးရှား ဒူရင်းသီးလုပ်ငန်းကဏ္ဍ အချိန်ကောင်းမှာ ထိခိုက်
“ ရေမလုံလောက်ဘူးဆိုရင် တချို့ ဒူရင်းသီးတွေက မရင့်မှည့်ခင်မှာ
ကြွေကျကုန်တယ်" ဟု ဒူရင်းသီး ကုန်သည် Tan Chee Keat က ပြောသည်။
COVID-19 ဖြစ်ပွားမှုကြောင့် မလေးရှားနိုင်ငံရှိ ဒူရင်းသီးလုပ်ငန်းကဏ္ဍသည် ၀ ယ်လိုအားအကြီးအကျယ်ကျဆင်းသွားခြင်းနှင့် ထုတ်လုပ်မှု အပိုင်းတွင် လူအင်အားမရှိခြင်းတို့ကြောင့်အကြီးအကျယ် ထိခိုက်ခဲ့သည်။
ယခုအချိန်သည် ခြောက်သွေ့ရာသီဖြစ်ပေရာ ဒူရင်းပင်များကို ရေလောင်းရန်မှာ အလွန်အရေးကြီးသောအချိန်ဖြစ်သည်။ ကိုဗစ်ကူးစက်မှု ကာကွယ်ရန် အစိုးရက ခရီးသွားလာမှုများကို ပိတ်ပင်ထားသဖြင့် စိုက်ခင်းလုပ်သားများသည် ဒူရင်းစိုက်ခင်းများသို့ လာရောက်နိုင်ခြင်း မရှိတော့ချေ။ သို့ဖြစ်ရာ လုပ်သားများ မရှိဘဲ ကြီးမားသော စိုက်ခင်းဧရိယာကို ထိန်းသိမ်းရန်ခက်ခဲသည်။
မလေးရှားမှ ပြည်ပပို့ကုန် ဒူရင်းသီးများကို အဓိကတင်ပို့သည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် ဝယ်လိုအား ကျဆင်းနေသည့်အပြင် အစေ့နွှင်ပြီးသား အသင့်စားဒူရင်းများကို တင်ပို့သော လေကြောင်း ခရီးစဉ်များလည်း မရှိချေ။
မျိုးကောင်းမျိုးသန့် ရောင်းတန်းဝင် Musang King ဒူရင်းသီးသည် တစ်ကီလိုဂရမ်ကို ပုံမှန်အားဖြင့် မလေးရှားရင်းဂစ် ၅၅ မှ ၆၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၁၂.၆၇ မှအမေရိကန်ဒေါ်လာ ၁၃.၈၂) တွင်ရရှိနိုင်သော်လည်း၊ ဈေးနှုန်းမှာ ရင်းဂစ် ၂၄ (အမေရိကန်ဒေါ်လာ ၅.၅၃) နှင့် ရင်းဂစ် ၃၃ (အမေရိကန်ဒေါ်လာ ၇.၆၀) ကြား ကျဆင်းသွားသည်။
zawgyi
မေလးရွား ဒူရင္းသီးလုပ္ငန္းက႑ အခ်ိန္ေကာင္းမွာ ထိခိုက္
“ ေရမလုံေလာက္ဘူးဆိုရင္ တခ်ိဳ႕ ဒူရင္းသီးေတြက မရင့္မွည့္ခင္မွာ ေႂကြက်ကုန္တယ္" ဟု ဒူရင္းသီး ကုန္သည္ Tan Chee Keat က ေျပာသည္။
COVID-19 ျဖစ္ပြားမႈေၾကာင့္ မေလးရွားႏိုင္ငံရွိ ဒူရင္းသီးလုပ္ငန္းက႑သည္ ၀ ယ္လိုအားအႀကီးအက်ယ္က်ဆင္းသြားျခင္းႏွင့္ ထုတ္လုပ္မႈ အပိုင္းတြင္ လူအင္အားမရွိျခင္းတို႔ေၾကာင့္အႀကီးအက်ယ္ ထိခိုက္ခဲ့သည္။
ယခုအခ်ိန္သည္ ေျခာက္ေသြ႕ရာသီျဖစ္ေပရာ ဒူရင္းပင္မ်ားကို ေရေလာင္းရန္မွာ အလြန္အေရးႀကီးေသာအခ်ိန္ျဖစ္သည္။ ကိုဗစ္ကူးစက္မႈ ကာကြယ္ရန္ အစိုးရက ခရီးသြားလာမႈမ်ားကို ပိတ္ပင္ထားသျဖင့္ စိုက္ခင္းလုပ္သားမ်ားသည္ ဒူရင္းစိုက္ခင္းမ်ားသို႔ လာေရာက္ႏိုင္ျခင္း မရွိေတာ့ေခ်။ သို႔ျဖစ္ရာ လုပ္သားမ်ား မရွိဘဲ ႀကီးမားေသာ စိုက္ခင္းဧရိယာကို ထိန္းသိမ္းရန္ခက္ခဲသည္။
မေလးရွားမွ ျပည္ပပို႔ကုန္ ဒူရင္းသီးမ်ားကို အဓိကတင္ပို႔သည့္ ႏိုင္ငံျဖစ္ေသာ တ႐ုတ္ႏိုင္ငံတြင္ ဝယ္လိုအား က်ဆင္းေနသည့္အျပင္ အေစ့ႏႊင္ၿပီးသား အသင့္စားဒူရင္းမ်ားကို တင္ပို႔ေသာ ေလေၾကာင္း ခရီးစဥ္မ်ားလည္း မရွိေခ်။
မ်ိဳးေကာင္းမ်ိဳးသန႔္ ေရာင္းတန္းဝင္ Musang King ဒူရင္းသီးသည္ တစ္ကီလိုဂရမ္ကို ပုံမွန္အားျဖင့္ မေလးရွားရင္းဂစ္ ၅၅ မွ ၆၀ ဝန္းက်င္ (အေမရိကန္ေဒၚလာ ၁၂.၆၇ မွအေမရိကန္ေဒၚလာ ၁၃.၈၂) တြင္ရရွိႏိုင္ေသာ္လည္း၊ ေဈးႏႈန္းမွာ ရင္းဂစ္ ၂၄ (အေမရိကန္ေဒၚလာ ၅.၅၃) ႏွင့္ ရင္းဂစ္ ၃၃ (အေမရိကန္ေဒၚလာ ၇.၆၀) ၾကား က်ဆင္းသြားသည္။