Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးကွက် ဆန်နှင့်ဆီ၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ/ဖြူ အာလူး ဂျင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေးဈေးကွက် ဆန်နှင့်ဆီ၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ/ဖြူ အာလူး ဂျင်း၊ 

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ   ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဆန်နှင့်ဆီဈေးကွက်အခြေအနေ

.

 မန္တလေးကိုင်းတန်းဈေးဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်မဝင်သေးခြင်း၊ မြို့ တွင်းသုံးနှင့် နယ်ဝေးသို့တင်ပို့မှု ပုံမှန်ရှိခြင်း၊ အဝင်ပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန် တအိတ် ၇၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခမှာ အသစ်စတင် ရိတ်သိမ်းမှုရှိသော်လည်း ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းသေးခြင်းကြောင့် တအိတ် ၄၉၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ငစိန်နှင့် ဇီယာတို့မှာလည်း အသစ်ဝင်ချိန်နီး၍ လှောင်လက်ထုတ်ရောင်း မှုရှိခြင်းကြောင့် ငစိန်တအိတ် ၄၂၀၀၀ ကျပ်မှ ၄၁၀၀၀ ကျပ် ဇီယာတအိတ် ၄၈၀၀၀ ကျပ်မှ ၄၇၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ဧရာမင်းဆန်မှာ အဝင်ပုံမှန်စားသုံးမှုပုံမှန်ဖြင့် တအိတ် ၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

 စားသုံးဆီဈေးနှုန်းအနေဖြင့် မိုးမြေပဲဝင်ချိန်ဖြစ်၍ ကုန်ကြမ်းဈေးနိမ့်သွားသောကြောင့် ပဲဆီ တပိဿာ အကောင်းဆုံး ၁၂၀၀၀ ကျပ်မှ ယခုအပတ် ၁၀၀၀၀ ကျပ် နှမ်းဆီ တပိဿာ အကောင်းဆုံး ၁၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲပုတ်ဆီ တပိဿာ ၇၅၀၀ ကျပ် မုန်ညှင်းဆီ တပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဆီဈေးနှုန်းအနေဖြင့် မိုးနေကြာ အဝင်နည်းခြင်း၊ စားသုံး မှုများလာခြင်းကြောင့် တပိဿာ အရည်အသွေးကောင်းဆုံး ၁၃၀၀၀ ကျပ်ထိရှိကာ မြေပဲဆီဈေး ထက်မြင့်နေကြောင်း သိရသည်။

စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ

.

ကြက်သွန်နီ 

မန္တလေးဈေးကွက်တွင် စားဖိုးဆောင်သီးနှံများ၏ ဈေးနှုန်းနှင့် ရောင်းဝယ်မှုအခြေအနေကို လေ့လာပါက ကြက်သွန်နီ ဈေးနှုန်းမှာ မြစ်သားကြက်သွန် မဝင်သေးခြင်း၊ မုံရွာ၊ မြင်းခြံ၊ ထီးဆောင်၊ ပခုက္ကူ မှ လက်ကျန်လှောင်သမားထံမှ ဝယ်ရခြင်း၊ နယ်ဝေးတင်ပို့ရမှု ပုံမှန်ရှိခြင်းကြောင့် ကြက်သွန်နီ (ကြီး) တပိဿာ ယခင်အပတ် ၃၅၀၀ ကျပ်မှ ယခုအပတ် ၃၈၀၀ ကျပ် လတ် တပိဿာ ၃၆၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး သေး တပိဿာ ၃၂၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ တရုတ်ကြက်သွန်နီများလည်း ဝင်ရောက်မှုရှိပြီး တပိဿာ ၂၅၀၀ ကျပ် ဈေးရှိသဖြင့် ပြည်တွင်းကြက်သွန်ဈေးမြင့်သဖြင့် တရုတ် ကြက်သွန်နီများကိုလည်း စားသုံးမှုများလာကြောင်း တွေ့ရသည်။

.

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ (ရှမ်း) ဈေးနှုန်းမှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်အရည်အသွေးကောင်း ရှားခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ တပိဿာ ၂၇၀၀ ကျပ်မှ ၃၈၀၀ ကျပ်ထိ ဈေးအမျိုးမျိုး ဖြင့် ရောင်းဝယ်နေသည်။ ကြက်သွန်ဖြူ (မြေပြန့်) မှာလည်း အသစ်မဝင်သေးခြင်း၊ လှောင်သမား ထံမှ ဝယ်ရခြင်း၊ ပစ္စည်းကောင်းရှားခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၃၅၀၀ ကျပ် မှ အရည်အသွေးအကောင်းဆုံး ၄၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ကြက်သွန်ဖြူ (တရုတ်) မှာ အဝင် ပုံမှန်စားသုံးမှုပုံမှန် တပိဿာ ၃၈၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

.

အာလူး

အောင်ပန်းအာလူး၊ (အိုကေ၊ အေဝမ်း၊ ဆွဲ) များ အဝင်မရှိခြင်းကြောင့် တရုတ်အာလူးများ သာ တပိဿာ ၂၁၀၀ ကျပ်ဖြင့် စားသုံးမှုများနေသည်။

.

ချင်း(ဂျင်း)

 အောင်ပန်းမှ ချင်းသစ်များ ထွက်ရှိချိန်ဖြစ်ခြင်းကြောင့် ချင်းသစ် တပိဿာ ၉၀၀ ကျပ်၊ ချင်း ဟောင်း တပိဿာ ၁၃၀၀ ကျပ်ဖြင့် မြို့တွင်းနှင့် နယ်ဝေးတင်ပို့မှု အနည်းငယ်ရှိသည်။

.

ဆီထွက်သီးနှံဈေးကွက်အခြေအနေ

.

 မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ မိုးမြေပဲ ဝင်ရောက်မှုရှိခြင်း ဆောင်းမြေပဲစိုက်ချိန်ဖြစ်ခြင်း၊ မြို့တွင်း လုပ်ငန်းသမားပုံမှန် ဝယ်ယူမှုရှိခြင်းကြောင့် မြေပဲ လုံးဆံ ၁၀၀ပိဿာလျှင် အရည်အသွေးအကောင်း ဆုံး ယခင်အပတ် ၅၈၀၀၀၀ ကျပ်မှ ယခုအပတ် ၆၀၀၀၀၀ ကျပ်သို့လည်းကောင်း မြေပဲ (ဆီဆံ) မှာလည်း ဆီစက်သမားပုံမှန်ဝယ်ယူမှုရှိခြင်း၊ အထွက်နည်းအဝင်နည်းခြင်းကြောင့် ယခင်အပတ် ၅၀၀၀၀၀ ကျပ်မှ ၅၁၀၀၀၀ ကျပ် သို့ ဈေးမသိမသာ မြင့်နေသည်။

.

 နှမ်းမျိုးစုံဈေးနှုန်းမှာလည်း မိုးနှမ်းများ အညာဘက်မှ အဝင်ရှိသော်လည်း လုပ်ငန်းသမား၊ ဆီစက် သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် နှမ်းဖြူ ၄၅ပိဿာ ၂၈၀၀၀၀ ကျပ် နှမ်းညို ၂၃၅၀၀၀ ကျပ် နှမ်းနက် (စမုံ) မှာ ရန်ကုန်ဝယ်လက်ရံဖန်ရံခါရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၂၄၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

.

ပန်းနှမ်းမှာ အသစ်မဝင်သေးသော်လည်း နှမ်း၊ မြေပဲဈေးနိမ့်ခြင်းကြောင့် ဆီစက်သမား အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ ပိဿာ ၁၃၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

.

နေကြာမှာ မိုးနေကြာအဝင်နည်းခြင်း၊ ဆောင်းနေကြာ စိုက်ပျိုးချိန်ဖြစ်ခြင်း၊ နေကြာဆီအား စားသုံးမှုများလာခြင်းကြောင့် ၂၇ ပိဿာ ၁၅၅၀၀၀ ကျပ်အမြင့် ဈေးဖြင့်တည်ငြိမ်နေသည်။

.

ပဲမျိုးစုံဈေးကွက်အခြေအနေ

.

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းများမှာ ပြည်ပတင် ပို့ရန်အတွက် ရန်ကုန်ဝယ်လက်ရှိသော မတ်ပဲ၊ ပဲစဉ်းငုံ (နီ/ဖြူ) တို့မှာ ရန်ကုန်ဝယ်လက်နည်း ခြင်း၊ ခွဲစက်သမားအဝယ်နည်းခြင်းကြောင့် အရောင်းအဝယ်အေးပြီး မတ်ပဲ ၆၀ တင်းလျှင် အရည်အသွေး ပေါ်မူတည်၍ ၁၇၅၀၀၀ ကျပ်မှ ၁၈၅၀၀၀ ကျပ် ပဲစဉ်းငုံ (ဖြူ) ၆၀ ပိဿာ ၁၅၅၀၀၀ ကျပ် ပဲစဉ်းငုံ (နီ) ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ပဲတီစိမ်း (အညာ) မှာ အဝင်ပုံမှန်၊ အရောင်းအဝယ်ပုံမှန်ဖြစ်ခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် ၅၆.၂၅ ပိဿာ ၁၂၅၀၀၀ ကျပ်မှ ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။

 

.

 ပဲပုတ် (မြန်မာ/ရှမ်း) တို့မှာ မိုးပဲအဝင်နည်းသွားခြင်းကြောင့် ပဲစိုက်ပျိုးစဖြစ်ခြင်း အထွက်နည်း အဝင်နည်းခြင်းကြောင့် လုပ်ငန်းသမားအဝယ်နည်း အရောင်းအဝယ်အေးသော်လည်း ပဲပုတ် (မြန်မာ) ၅၃.၂၅ ပိဿာ ၂၂၅၀၀၀ ကျပ် ပဲပုတ် (ရှမ်း) မှာ ဆီစက်သမား ဝယ်ယူမှုရှိခြင်း၊ အရည်အသွေးပေါ် မူတည်ဈေးကွာခြားခြင်းကြောင့် ၁၄၅၀၀၀ ကျပ်မှ ၁၅၈၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။

ကုလားပဲ (ကုဖြူကြီး) မှာ စတင်စိုက်ပျိုးစဖြစ်၍ လက်ကျန်နည်းခြင်း အရောင်းအဝယ်အေး ခြင်းကြောင့် ကုဖြူကြီး ၆၀ ပိဿာ ၁၉၂၀၀၀ ကျပ် လုံးဝါကြီး ၅၆.၂၅ ပိဿာ ၁၇၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ခွဲခြမ်းမှာ မြို့တွင်းစားသုံးမှုများခြင်းကြောင့် တပိဿာ ၄၂၅၀ မှ ၄၃၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

.

စားတော်ပဲ (ကျွန်း) စိုက်ဧနည်းအဝင်နည်းခြင်း၊ လက်လီသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၉.၂၅ ပိဿာ ၃၈၀၀၀၀ ကျပ် မှ ၄၀၀၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။ 

.

ပဲယင်းမှာ ပစ္စည်းရှား အရောင်းအဝယ်အေးခြင်းကြောင့် ၆၀ ပိဿာ ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး မြေတောက်ပဲမှာ စတင်စိုက်ပျိုးစဖြစ်၍ လက်ကျန်အရည်အသွေးပေါ်မူတည်ပြီး ၅၄ပိဿာ ၂၃၀၀၀၀ ကျပ်မှ ၂၅၅၀၀၀ ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။

.

ပဲကြီး (ကြီး/သေး)၊ ပဲလွန်းဖြူ၊ ပြာတို့မှာ အရောင်းအဝယ်အေးခြင်းကြောင့် ပဲကြီး (ကြီး) ၅၅.၂၅ ပိဿာ ၂၃၅၀၀၀ ကျပ် ပဲကြီး (သေး) ၂၁၀၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ်၊ ပဲလွန်းပြာ ၅၄.၂၅ ပိဿာ ၁၁၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

.

ထောပတ်ပဲ (ကြီး/သေး) တို့မှာ မိုးပဲဝင်ရောက်မှုရှိခြင်း လုပ်ငန်းသမားအဝယ်နည်းခြင်း၊ ဆောင်းပဲစိုက်ပျိုးချိန် ဖြစ်ခြင်းကြောင့် ထောပတ်ပဲ (ကြီး) ၅၅.၂၅ ပိဿာ ၁၆၀၀၀၀ ကျပ်မှ ၁၅၈၀၀၀ ကျပ် ထောပတ်ပဲ (သေး) ၁၅၀၀၀၀ ကျပ်မှ ၁၄၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

.

 မန္တလေးသီရိမာလာဈေးတွင် ဘိုစားပဲသီးများ ပြင်ဉီးလွင် လှိုင်လှိုင်ဝင်ရောက်ခြင်း မြို့တွင်း သုံးသာရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁ ပိဿာ ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်ဖြင့် ရောင်း ဝယ်နေသည်။ ပြင်ဦးလွင်မှ ပြောင်းဖူးများ ဝင်ရောက်မှုများပြီး ၁၀၀ ဖူး ၂၁၀၀၀ ကျပ်ဖြင့်လည်း ကောင်း၊ အောင်ပန်းမှ ဂေါ်ရခါးသီးများ အဝင်များခြင်းကြောင့် အရည်အသွေးကောင်းသော်လည်း တလုံး ၁၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။ ဂေါ်ဖီထုပ်များပုံမှန် ဝင်ရောက်သော်လည်း အရည် အသွေးကောင်းသောကြောင့် တထုပ်လျှင် ၁၂၀၀ ကျပ်၊ ပန်းမုံလာတပွင့် ၅၀၀ ကျပ်၊ ပြင်ဉီးလွင်မှ ခရမ်းချဉ်သီး အစိမ်း များဝင်ရောက်ပြီး တပိဿာ ၁၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

.

 သစ်သီးဝလံဈေးနှုန်းအနေဖြင့် ရမည်းသင်း၊ မိတ္ထီလာမှ စပျစ်သီးများ ဝင်ရောက်မှု မရှိဘဲ တရုတ်စပျစ်သီး အလုံးကြီးများသာရှိပြီး တပိဿာ ၄၀၀၀၀ ကျပ်ဖြင့်လည်းကောင်း ထောပတ်သီး ၁၂၀ လုံးပါ တအိတ် အရည်အသွေးပေါ်မူတည်၍ ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ် သခွားမွှေးသီးများ ဝင်ရောက်မှုရှိပြီး ၄လုံးတဖာလျှင် ၈၀၀ ကျပ် ရွှေသခွား ၄လုံး တဖာ ၁၀၀၀၀ ကျပ်ဖြင့် မူဆယ်၊ လာရှိုး သို့ တင်ပို့မှုရှိသည်။ သင်္ဘောသီးများအဝင်နည်းခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၇၀၀ မှ ၁၂၀၀ ကျပ် ဈေးရှိသည်။

Source Market Information Service- DOP- MOALI

Read times
Rate this item
(0 votes)