Fruits & Vegetables



မန္တလေးဈေးကွက် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

20 12 2023

ဆန်ဈေးကွက်အခြေအနေ

မန္တလေးကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်းအသစ်များ စတင်ဝင်ရောက်သော်လည်း အဝင်နည်းသေးခြင်း၊ မြို့တွင်းသုံး ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာလည်း အသစ်စတင်ဝင်ရောက်မှုရှိခြင်း ကြောင့် တစ်အိတ်လျှင် အသစ် ၁၃၅၀၀၀ ကျပ်၊ အဟောင်း ၁၅၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။


မနောသုခဆန်မှာ မန္တလေးဝန်းကျင်မှ ဝင်ရောက်ပြီး မြို့တွင်းလူများစု စားသုံးသောဆန်ဖြစ် ခြင်းကြောင့် အသစ်တစ်အိတ် ၇၆၀၀၀ကျပ် အဟောင်းတစ်အိတ် ၉၀၀၀၀ ကျပ် ဈေးရှိသည်။


ငစိန်ဆန်မှာ အသစ်မဝင်သေးဘဲ အဟောင်းလက်ကျန်များရှိပြီး၊ မြို့တွင်းမုန့်လုပ်ငန်းသမား အဝယ်သာရှိပြီး အဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၇၀၀၀၀ ကျပ် မှ ၆၈၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။ ဇီယာဆန်မှာလည်း ရန်ကုန်

ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်၍ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဧရာမင်းဆန်မှာ အသစ်ဝင်ရောက်သော်လည်း အဝင်နည်းပြီး မြို့တွင်းစားသုံးမှုများခြင်း၊ ရွှေဘို မနောဝင်ရောက်မှုမရှိသဖြင့် ဧရာမင်းအား ပြောင်းလဲစားသုံးမှုများခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

မန္တလေး ဆီထွက်သီးနှံဈေးကွက် အခြေအနေ

 

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ မိုးပဲ အဝင်နည်းသွားခြင်း၊ ဆောင်းပဲစိုက်ထားဆဲကာလဖြစ်ခြင်း၊ လုပ်ငန်း သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ပိဿာ အရည်အသွေးအကောင်းဆုံး မြင်းမူဆံ ၆၄၅၀၀၀ ကျပ် မှ ၆၈၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး မြေပဲ (ဆီဆံ) မှာလည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း ကြောင့် ၁၀၀ပိဿာ အရည်အသွေးအကောင်းဆုံး ၅၅၀၀၀၀ ကျပ် မှ ၆၂၀၀၀၀ ကျပ် သို့ ဈေးမြင့် သွားသည်။

     

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ မိုးနှမ်းအဝင်နည်းပြီး ဆောင်းနှမ်းမဝင်သေးခြင်း၊ တရုတ်ဝယ်လက်နည်းခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်သာရှိခြင်းကြောင့် ၄၅ပိဿာ အရည်အသွေး အကောင်းဆုံး ၃၃၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းညိုမှာလည်း ဆီစက်သမား ဝယ်ယူမှု ပုံမှန်ရှိခြင်း၊ နှမ်းနီ / နှမ်းဝါများလည်း ဝင်ရောက်မှုရှိခြင်းကြောင့် ၄၅ပိဿာ ၂၇၅၀၀၀ ကျပ် မှ ၂၇၀၀၀၀ ကျပ် သို့ ဈေးမသိမသာ နိမ့်သွားသည်။

 

နှမ်းနီမှာ အဝင်နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၉၅၀၀၀ ကျပ် နှမ်းဝါ၊ ၂၉၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းဝါနှင့် နှမ်းနီအား အခွံချွတ် သမား၊ လုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိသည်။ စမုံနှမ်းနက်မှာ အရည်သွေးကောင်းရှားခြင်း၊ တရုတ် ဝယ်လက်အနည်းငယ်ရှိခြင်းကြောင့် ၄၅ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၃၁၀၀၀၀ ကျပ် မှ ၃၆၀၀၀၀ ကျပ် ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

     

ပန်းနှမ်းမှာ ပစ္စည်းရှားခြင်း၊ အရောင်းအဝယ်ဖြစ်မှုမရှိခြင်းကြောင့် ယခင်အပတ်ဈေးနှုန်း အတိုင်း ၄၅ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

    

နေကြာဈေးနှုန်းများ ပစ္စည်းရှားခြင်း၊ ဆောင်းနေကြာ မဝင်သေးခြင်းကြောင့် ဆီစက်သမား အဝယ်နည်းသော်လည်း အရည်အသွေးပေါ်မူတည်၍ ၂၇ပိဿာ ၁၂၅၀၀၀ ကျပ် မှ ၁၃၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

    

 

ဆီဈေးနှုန်းများအနေဖြင့်

ပဲဆီ ၁၂၀၀၀ ကျပ်၊

နှမ်းဆီ ၁၂၅၀၀ ကျပ်၊

နေကြာဆီ ၁၃၀၀၀ ကျပ်၊

ပဲပုတ်ဆီ ၇၀၀၀ ကျပ်၊

မုန်ညှင်းဆီ ၁၀၀၀၀ ကျပ် ဖြင့်

ဈေးတည်ငြိမ်နေသည်။

 

ကြက်သွန်ဖြူ ကြက်သွန်နီ အာလူး ချင်း ဈေးကွက်အခြေအနေ

 

မန္တလေးကိုင်းတန်းဈေးတွင် မြစ်သား ကြက်သွန်နီများ စတင်ဝင်ရောက်ပြီး အဝင်နည်းသေး ခြင်းကြောင့် ကြက်သွန်နီ (ကြီး) တစ်ပိဿာ ၃၇၀၀ ကျပ်၊ လတ်တစ်ပိဿာ ၃၅၀၀ ကျပ်၊ သေး တစ်ပိဿာ ၃၃၀၀ ကျပ် သို့ ဈေးမသိမသာမြင့်နေပြီး မုံရွာ၊ ထီးဆောင်း နယ်စုံကြက်သွန်ဟောင်းမှာ တစ်ပိဿာ ၃၃၀၀ ကျပ် ဖြင့် မြို့တွင်းသုံးများပြီး နယ်ဝေးအမှာနည်းနေသည်။

    

ကြက်သွန်ဖြူ (တရုတ်) မှာ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန် ရှိခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၁၀၀၀ ကျပ် သို့ ဈေးမသိမသာ နိမ့်နေသည်။ ကြက်သွန်ဖြူ (ရှမ်း) မှာ အသစ်မဝင်သေးခြင်း၊ ကြက်သွန်ဖြူ (မြေပြန့်) မဝင်သေးခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ အရည်အသွေး အကောင်းဆုံး တစ်ပိဿာ ၁၅၀၀၀ ကျပ် ထိ ဈေးမြင့်နေသည်။

     

အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ အဝင်ပုံမှန်ရှိသော်လည်း မြို့တွင်းသုံး ဝယ်ယူမှု သာရှိခြင်းကြောင့် တစ်ပိဿာ ၂၈၀၀ ကျပ် မှ ၂၂၀၀ ကျပ်၊ အောင်ပန်းအာလူး တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၂၄၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

    

ချင်းဈေးနှုန်းအနေဖြင့် အဝင်ပုံမှန်၊ မြို့တွင်းသုံး လက်လီသမား အဝယ်ပုံမှန်သာရှိခြင်းကြောင့် တစ်ပိဿာ ၄၀၀၀ ကျပ် မှ ၃၂၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

 

ပဲမျိုးစုံဈေးကွက် အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းအနေဖြင့် ပစ္စည်း ကောင်းရှားခြင်း၊ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး၊ ရေသွင်းပဲများလည်း ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၂၁၀၀၀၀ ကျပ် မှ ၂၇၈၀၀၀ ကျပ် ဖြင့် ပဲခွဲစက်များ ဝယ်ယူမှုရှိနေသည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း(အညာ)မှာ ဒေသစုံမှ အသစ်များ ဝင်ရောက်စပြုခြင်း၊ လက်ကျန်အဟောင်းများလည်းရှိခြင်း၊ ပဲခွဲစက်များဝယ်ယူမှု ပုံမှန်ရှိပြီး၊ တရုတ်ဝယ်လက် နည်းခြင်းကြောင့် အဟောင်းအရည်အသွေးမူတည်၍ ၁၃၀၀၀၀ မှ ၁၅၀၀၀၀ ကျပ် အသစ်၃တင်းတစ်အိတ် ၁၆၈၀၀၀ ဈေးဖြင့် ယခုအအပတ်ရောင်းဝယ်နေသည်။

ပဲစိမ်းငုံ (ဖြူ/နီ) တို့မှာ အသစ်တင်ချိန်နီးသော်လည်း မဝင်သေးခြင်း၊ ပစ္စည်းရှားခြင်းကြောင့်၊ အရောင်းအဝယ် အေးသော်လည်း ပဲစိမ်းငုံ (ဖြူ) ၆၀ ပိဿာ ၂၉၈၀၀၀ ကျပ်၊ ပဲစိမ်းငုံ (နီ) ၂၉၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

   

ပဲပုတ် (ရှမ်း/မြန်မာ) တို့အနက် ပဲပုတ် (မြန်မာ) ဈေးနှုန်းအနေဖြင့် မိုးပဲပုတ်ဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၁၉၀၀၀၀ ကျပ် မှ ၁၈၅၀၀၀ ကျပ် သို့လည်းကောင်း၊ ပဲပုတ်(ရှမ်း)မှာ မိုးပဲပုတ်အဝင်ရှိခဲ့ခြင်း၊ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၈၅၀၀၀ ကျပ်မှ ၁၇၀၀၀၀ ကျပ်သို့ ဈေးနိမ့် သွားသည်။

   

ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ (လုံးဖြူကြီး) စတင်စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်း ကောင်းရှားခြင်း၊ လုပ်ငန်းသမား ခွဲစက်သမားအဝယ်ရှိခြင်းကြောင့် တစ်အိတ်လျှင် ၂၇၀၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်သို့လည်းကောင်း၊ လုံးဝါကြီးမှာ ၂၅၇၀၀၀ ကျပ် မှ ၂၆၄၀၀၀ ကျပ် သို့ ဈေးအသီးသီး မြင့်သွားသည်။ လုံးဝါကြီးဈေးမြင့်သဖြင့် အမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရသဖြင့် ခွဲခြမ်း ဈေးမှာလည်း တစ်ပိဿာ ၆၁၀၀ ကျပ် မှ ၆၃၀၀ ကျပ် သို့ဈေးမြင့်သွားသည်။

    

ပဲယင်း၊ မြေတောက်ပဲ၊ စားတော်ပဲ (ကျွန်း) တို့မှာ စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်း ကောင်းရှားခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ ၁၄၈၀၀၀ ကျပ်၊ မြေတောက်ပဲ ၅၄ပိဿာ ၃၃၀၀၀၀ ကျပ်၊ စားတော်ပဲ အရည်အသွေးပေါ်မူတည်၍ ၃၁၀၀၀၀ ကျပ် မှ ၃၃၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲလွန်းဖြူ/ပြာ ဈေးနှုန်းအနေဖြင့် မိုးပဲအဝင်နည်းခြင်း၊ ဆောင်းပဲဝင်ချိန်နီးခြင်းကြောင့် လှောင်သမား ထုတ်ရောင်မှုရှိခြင်းကြောင့် ပဲလွန်းဖြူ ၆၀ ပိဿာ ၁၇၀၀၀၀ ကျပ်၊ ပဲလွန်းပြာ ၁၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

   

ပဲကြီး (ကြီး/သေး)၊ ထောပတ်ပဲ (ကြီး/သေး) တို့မှာ မိုးနှင့်ဆောင်းကြား စပ်ကူးမတ်ကူးကာလ ဖြစ်ခြင်းကြောင့် ပစ္စည်းကောင်းရှားပြီး ပဲကြီး(ကြီး) အရည်အသွေးအကောင်းဆုံး ၄၂၈၀၀၀ ကျပ်၊ ပဲကြီး(သေး) ၃၆၀၀၀၀ ကျပ်၊ ထောပတ်ပဲ(ကြီး)  ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၄၃၀၀၀၀ ကျပ်၊ ထောပတ်ပဲ (သေး) ၃၇၀၀၀၀ ကျပ် ဖြင့်ဈေးတည်ငြိမ်နေသည်။

 ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

မန္တလေးကိုင်းတန်းဈေးတွင် ဟင်းသီး/ဟင်းရွက်းဈေးနှုန်းအနေဖြင့် ခရမ်းချဉ်(ရှမ်းတောင်)မှာ ၂၀ပိဿာ တစ်သေတ္တာလျှင် အရည်အသွေးပေါ်မူတည်၍ ၁၅၀၀၀ ကျပ် မှ ၂၀၀၀၀ ကျပ်၊ မုံရွာ ထိုင်ဝမ်သီးများမှာ အဝင်များလာခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်ပိဿာ ၈၀၀ ကျပ်ဖြင့် လုံးခင်း၊ မြစ်ကြီးနားသို့ တင်ပို့ရမှုအနည်းငယ်ရှိသည်။ ငရုတ်စို (ရှည်နှင့်လတ်) မှာ မုံရွာ၊ ချောင်းဦး မှ ဝင်ရောက်မှုများလာခြင်း၊ ကွပ်ခိုင်(၅)ရက်တစ်ဈေးနှင့် နယ်ဝေးတင်ပို့ရမှုနည်းခြင်း၊ မြို့တွင်း ငပိထောင်း၊ လက်ဖတ်နှင့် လုပ်ငန်းသုံးဝယ်ယူမှုသာရှိခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၂၀၀၀ ကျပ်၊ လတ်တစ်ပိဿာ ၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ဆောင်းကာလဖြစ်၍ ဆောင်းသီးနှံများ အဝင်များခြင်းကြောင့် ပန်းမုံလာတစ်ပွင့် ၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၅၀၀ ကျပ်၊ မုံလာဥနီ တစ်ပိဿာ ၂၀၀၀ ကျပ်၊ မုန်ညှင်းဖြူ ၁၆ပိဿာ တစ်အိတ် ၆၀၀၀ ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။

        

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ရွှေသခွားများ လှိုင်လှိုင်ဝင်ရောက်ပြီး ၄လုံး၁ဖာ ၈၀၀၀ ကျပ်၊ ပိုက်သခွား ၄လုံး တစ်ဖာ ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်၊ ဖရဲသခွား (ဝူခုန်း)သခွားမှာ အဝင်နည်း ခြင်းကြောင့် ၄လုံး တစ်ဖာ ၁၄၀၀၀ ကျပ်၊ သင်္ဘောသီး တစ်လုံး ၁၈၀၀ ကျပ် ၂လုံးတွဲတစ်ထုပ် ၁၅၀၀ ကျပ်၊ သီပေါတန်ယန်းမှ နာနတ်သီး တလုံး အရည်အသွေးပေါ်မူတည်၍ ၅၀၀ ကျပ် မှ ၁၀၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ရောင်းချမှုရှိသည်။

 

မိုင်းလုံ၊ သီပေါမှ လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်မှုရှိပြီး အရည်အသွေးပေါ်မူတည်၍ ၁၀၀ ပိဿာလျှင် ၁၅၀၀၀၀ ကျပ် မှ ၃၅၀၀၀၀ ကျပ်ထိ ရှိပြီး ရမည်သင်း မိတ္ထီလာ စပျစ် တစ်ပိဿာ ၅၀၀၀ ကျပ်၊ မြန်မာ စပျစ် အလုံးကြီး တစ်ပိဿာ ၁၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းဝယ်နေပြီး၊ ပန်းသီး (တရုတ်) မှာ ယခုအပတ် အဝင်မရှိကြောင်း သိရသည်။

 

ထောပတ်သီး ၁၀၀ မှ ၁၂၀ လုံး ဝန်းကျင် ပိုက်အိတ်တစ်အိတ်လျှင် အရည်အသွေးပေါ် မူတည်၍ ၂၀၀၀၀ ကျပ် မှ ၃၅၀၀၀ ကျပ်ရှိပြီး သစ်သီးမျိုးစုံကို ပြင်ဦးလွင်၊ ညောင်ဦး၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်တွင်းကြီး ဝင်သောမြို့များနှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။

 

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 20 December 2023 16:52
Rate this item
(0 votes)