Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ထုပ်ပိုးပုံ အရေးပါလာသည့် ထိုင်းစားသောက်ကုန်လုပ်ငန်း

ပြည်ပပို့ကုန်တင်ပို့မှု ၅% နီးပါးကျဆင်းခြင်းကြောင့် အစားအစာနှင့်အဖျော်ယမကာကုမ္ပဏီများသည်

COVID-19 လွန်ကာလ ရှင်သန်ကြီးထွားစေရန် အတွက် ထုပ်ပိုးခြင်း၊ နည်းပညာနှင့်ရေအသုံးပြုခြင်းကို အာရုံစိုက်ရန် ထိုင်းနိုင်ငံ၏ စားသေက်ကုန် ထုတ်လုပ်မှု စက်မှုလုပ်ငန်းကလပ် 

ဥက္ကဋ္ဌ Visit Limlurcha က အကြံပြုခဲ့သည်။
“ပြီးခဲ့သည့်နှစ်က ထိုင်းအစားအစာတင်ပို့မှု စုစုပေါင်းထိုင်းဘတ်ငွေ တစ်ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၅ ဘီလီယံ) ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ထိပ်ဆုံး ၁၁ ခုမြောက်အစားအစာ တင်ပို့တဲ့နိုင်ငံဖြစ်ခဲ့တယ်။ အာရှမှာ ဒုတိယ နေရာမှာ ရှိနေတယ်။ အဲဒါဟာ ကျွန် တော်တို့ နိုင်ငံရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုပေါ်လစီကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို
ကမ္ဘာကြီးအတွက် မီးဖိုချောင်လို့ လူသိများစေခဲ့ပါတယ်''
ဟု Limlurcha ကဆိုသည်။
“ COVID-19 ကူးစက်ရောဂါရဲ့ အကျိုးသက်ရောက်မှုဟာ ၂၀၂၁ ရဲ့ ပထမသုံးလပတ်မှာ ဆိုးကျိုးသက်ရောက်ခဲ့တယ်။ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်မှာ ပြည်ပ တင်ပို့မှု ဘတ် ၂၅၂ သန်း ရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ပထမသုံးလပတ်မှာ ဘတ် ၂၃၁ သန်း ဖြစ်တာမို့ ယမန်နှစ်နဲ့ နှိုင်းစာရင် ၄.၇% ကျဆင်းသွားပါတယ်"
စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများအနေဖြင့် ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ် လွန်ကာလတို့မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ထုပ်ပိုးပုံများကို ဂရုစိုက်ကြရန်လိုမည်ဟု သူက အကြံပြုသည်။

"လက်ရှိအခြေအနေကိုကြည့်ရင် လူအများဟာ အစားအစာ ဘေးကင်းရေးနဲ့ ထားသိုပုံတွေကို
ပိုပြီးအလေးထားကြလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အလုံပိတ် သတ္တု စည်သွပ်ဘူးများဖြင့် ထည့်သွင်းရောင်းချသေ အစားအစာများ းဝယ်လိုအားမြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
"စားရန်အသင့် စားစရာ( RTE Ready-to-eat food) ဖြစ်ဖြစ်၊ တခြားကုန်စိမ်းဖြစ်ဖြစ် ပိုးမဝင်နိုင်အောင် လုံလုံခြုံခြုံ လတ်စတစ်ထုပ်ပိုးခြင်းကို လူတွေ ပိုလိုလားကြလိမ့်မယ်။ အဲလို လုပ်ပေးထားတာ သူတို့ မြင်ရတဲ့အခါ စိတ်ချလက်ချ ဖြစ်မိကြမယ်။ အဲဒါကြောင့် လာမယ့် နှစ်နှစ်အတွင်းမှာ သတ္တုစည်သွပ်ဘူးနဲ့ ပလပ်စတစ်ဟာ အစားအစာထုပ်ပိုးမှုအတွက် လူကြိုက်များတဲ့ ရွေးချယ်မှုဖြစ်လာနိုင်တယ်" ဟု Visit Limlurcha က ပြောကြားသည်။
" ဒါကြောင့် လာမယ့်နှစ်နှစ်တာအတွင်းမှာတော့ အစားအသောက်ကုမ္ပဏီတွေက ဒီအချက်ကိုသတိပြုသင့်ပြီး လိုက်နာဆောင်ရွက်သင့်တယ်"
ဟု သူက အကြံပြု ပြောကြားသည်။

foodnavigator-asia.com

zaegyi

ထုပ္ပိုးပုံ အေရးပါလာသည့္ ထိုင္းစားေသာက္ကုန္လုပ္ငန္း


ျပည္ပပို႔ကုန္တင္ပို႔မႈ ၅% နီးပါးက်ဆင္းျခင္းေၾကာင့္ အစားအစာႏွင့္အေဖ်ာ္ယမကာကုမၸဏီမ်ားသည္ COVID-19 လြန္ကာလ ရွင္သန္ႀကီးထြားေစရန္ အတြက္ ထုပ္ပိုးျခင္း၊ နည္းပညာႏွင့္ေရအသုံးျပဳျခင္းကို အာ႐ုံစိုက္ရန္ ထိုင္းႏိုင္ငံ၏ စားေသက္ကုန္ ထုတ္လုပ္မႈ စက္မႈလုပ္ငန္းကလပ္
ဥကၠ႒ Visit Limlurcha က အႀကံျပဳခဲ့သည္။
“ၿပီးခဲ့သည့္ႏွစ္က ထိုင္းအစားအစာတင္ပို႔မႈ စုစုေပါင္းထိုင္းဘတ္ေငြ တစ္ထရီလီယံ (အေမရိကန္ေဒၚလာ ၃၂.၅ ဘီလီယံ) ေရာက္ရွိခဲ့ၿပီး ထိုင္းႏိုင္ငံဟာ ကမာၻေပၚမွာ ထိပ္ဆုံး ၁၁ ခုေျမာက္အစားအစာ တင္ပို႔တဲ့ႏိုင္ငံျဖစ္ခဲ့တယ္။ အာရွမွာ ဒုတိယ ေနရာမွာ ရွိေနတယ္။ အဲဒါဟာ ကြၽန္ ေတာ္တို႔ ႏိုင္ငံရဲ႕ စားနပ္ရိကၡာထုတ္လုပ္မႈေပၚလစီေၾကာင့္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကို
ကမာၻႀကီးအတြက္ မီးဖိုေခ်ာင္လို႔ လူသိမ်ားေစခဲ့ပါတယ္''
ဟု Limlurcha ကဆိုသည္။
“ COVID-19 ကူးစက္ေရာဂါရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ၂၀၂၁ ရဲ႕ ပထမသုံးလပတ္မွာ ဆိုးက်ိဳးသက္ေရာက္ခဲ့တယ္။ ၂၀၁၉ ခုႏွစ္ ပထမသုံးလပတ္မွာ ျပည္ပ တင္ပို႔မႈ ဘတ္ ၂၅၂ သန္း ရွိခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ပထမသုံးလပတ္မွာ ဘတ္ ၂၃၁ သန္း ျဖစ္တာမို႔ ယမန္ႏွစ္နဲ႔ ႏႈိင္းစာရင္ ၄.၇% က်ဆင္းသြားပါတယ္"
စားေသာက္ကုန္ႏွင့္ အေဖ်ာ္ယမကာလုပ္ငန္းမ်ားအေနျဖင့္ ကိုဗစ္ကာလအတြင္းႏွင့္ ကိုဗစ္ လြန္ကာလတို႔မွာ ဆက္လက္ရပ္တည္ႏိုင္ဖို႔ ထုပ္ပိုးပုံမ်ားကို ဂ႐ုစိုက္ၾကရန္လိုမည္ဟု သူက အႀကံျပဳသည္။

"လက္ရွိအေျခအေနကိုၾကည့္ရင္ လူအမ်ားဟာ အစားအစာ ေဘးကင္းေရးနဲ႔ ထားသိုပုံေတြကို
ပိုၿပီးအေလးထားၾကလိမ့္မယ္" ဟု ၎က ေျပာၾကားခဲ့သည္။

အလုံပိတ္ သတၱဳ စည္သြပ္ဘူးမ်ားျဖင့္ ထည့္သြင္းေရာင္းခ်ေသ အစားအစာမ်ား းဝယ္လိုအားျမင့္တက္လာလိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
"စားရန္အသင့္ စားစရာ( RTE Ready-to-eat food) ျဖစ္ျဖစ္၊ တျခားကုန္စိမ္းျဖစ္ျဖစ္ ပိုးမဝင္ႏိုင္ေအာင္ လုံလုံၿခဳံၿခဳံ လတ္စတစ္ထုပ္ပိုးျခင္းကို လူေတြ ပိုလိုလားၾကလိမ့္မယ္။ အဲလို လုပ္ေပးထားတာ သူတို႔ ျမင္ရတဲ့အခါ စိတ္ခ်လက္ခ် ျဖစ္မိၾကမယ္။ အဲဒါေၾကာင့္ လာမယ့္ ႏွစ္ႏွစ္အတြင္းမွာ သတၱဳစည္သြပ္ဘူးနဲ႔ ပလပ္စတစ္ဟာ အစားအစာထုပ္ပိုးမႈအတြက္ လူႀကိဳက္မ်ားတဲ့ ေ႐ြးခ်ယ္မႈျဖစ္လာႏိုင္တယ္" ဟု Visit Limlurcha က ေျပာၾကားသည္။
" ဒါေၾကာင့္ လာမယ့္ႏွစ္ႏွစ္တာအတြင္းမွာေတာ့ အစားအေသာက္ကုမၸဏီေတြက ဒီအခ်က္ကိုသတိျပဳသင့္ၿပီး လိုက္နာေဆာင္႐ြက္သင့္တယ္"
ဟု သူက အႀကံျပဳ ေျပာၾကားသည္။

foodnavigator-asia.com

 

Read times
Rate this item
(0 votes)