Fruits & Vegetables



ဆီအုန်းကုမ္ပဏီများကို တောပြုန်းသည့်အတွက် အင်ဒိုနီးရှား အစိုးရ ဒေါ်လာ သန်း ၃၁၀ ဒဏ်ရိုက်

ဆီအုန်းကုမ္ပဏီများကို တောပြုန်းသည့်အတွက် အင်ဒိုနီးရှား အစိုးရ ဒေါ်လာ သန်း ၃၁၀ ဒဏ်ရိုက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

သစ်တောများအဖြစ် သတ်မှတ်သည့် ဧရိယာများတွင် ဆီအုန်းစိုက်ခင်း ဟက်တာ ၂ သိန်းခန့်ကို  ရှာဖွေဖော်ထုတ်ခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တို့က နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။

 

သစ်တောဧရိယာအတွင်း လုပ်ကိုင်နေသော စားအုန်းဆီကုမ္ပဏီများကို ဒဏ်ငွေ စုစုပေါင်း ရူပီယာ ၄ ဒသမ ၈ ထရီလီယံ (ကန်ဒေါ်လာ သန်း ၃၁၀ ကျော်) ဒဏ်ရိုက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တို့က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

 

ယခုအထိ ဒဏ်ငွေ ရူပီယာ ၄၇၅ ဘီလီယံကျော်ကို ထုတ်ပြန်ပေးထားကြောင်း ပင်လယ်ရေကြောင်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ Mr Firman Hidayat က ပြောကြားသည်။

ဒဏ်ရိုက်ခံရသည့် ကုမ္ပဏီများကို ၎င်းက အမည်ထုတ်ဖော်ပြောကြားခြင်း မပြုပါ။

 

၎င်းစိုက်ခင်းဧရိယာများကို အစိုးရက သိမ်းယူပြီး သစ်တောများအဖြစ်သို့ ပြန်လည်ပြောင်းလဲပေးသွားမည် ဖြစ်သည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 25 December 2023 21:32
Rate this item
(0 votes)