Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သီတင်းကျွတ်ကြောင့် မန္တလေး အသီးစျေးကွက် အရောင်းသွက်

သီတင်းကျွတ် ပွဲတော်ကာလအကြိုဖြစ်သည့် ယခုရက်ပိုင်းအတွင်း မန္တလေး သစ်သီးဈေးကွက်၌ ရာသီပေါ်သီးနှံများနှင့် အသင့်ထုတ်ပိုးပြင်ဆင်ထားသည့် ဂါရ၀ပြုလက်ဆောင် သစ်သီးခြင်းများ ရောင်းအား သွက်လျက်ရှိကြောင်း မန္တလေးမြို့ ချမ်အေးသာစံမြို့နယ် လမ်း ၃၀၊ ၇၉ လမ်းနှင့် လမ်း ၈၀ ကြားရှိ သစ်သီးအရောင်းဆိုင်များမှ ပြောသည်။

 

ယခုကာလသည် သစ်သီးမျိုးစုံလှိုင်လှိုင်ပေါ်သည့် ရာသီဖြစ်ပြီး ပြည်တွင်းရှိ ဒေသအသီးသီးမှ ကျွဲကောသီး၊ ဩဇာသီး၊ ထောပတ်သီးများ စတင်ထွက်ရှိလာသည့်အပြင် တရုတ်နိုင်ငံမှ တင်သွင်းသည့် သလဲသီး၊ မက်မွန်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ နဂါးမောက်သီးများနှင့် ထိုင်းနိုင်ငံမှ ဆန်းကစ်သီး၊ အုန်းသီးဂျယ်လီ၊ အုန်းသီးမီးဖုတ်နှင့် အုန်းစိမ်းရည်များ မန္တလေး ဈေးကွက်သို့ စတင်ဝင်ရောက်လာကြောင်း သိရသည်။

 

''သစ်သီးဈေးကွက်က သီတင်းကျွတ်နဲ့ သင်္ကြန်ကာလတွေမှာ မိဘဆရာသမားတွေကို ဂါရ၀ပြုဖို့ လာဝယ်ကြတဲ့အတွက် အရောင်းအဝယ်ကောင်းလေ့ရှိပါတယ်။ ဒီရက်ပိုင်းမှာတော့ တစ်နေ့ကို ၁၅ သိန်းနဲ့ သိန်း ၂၀ ကြား ရောင်းရတယ်။ ရောင်းချမှုအနေနဲ့ သစ်သီးမျိုးစုံလည်း ရောင်းအားကောင်းသလို အသင့်ထုတ်ပိုးထားတဲ့ သစ်သီးခြင်းတွေကိုလည်း ဝယ်ယူသူများပါတယ်။ သစ်သီးခြင်းတွေကို အသင့်ထုပ်ပိုး ပြင်ဆင်ပြီး ရောင်းချ ပေးသလို ဝယ်သူစိတ်ကြိုက် ရွေးချယ်ထားတဲ့ သစ်သီးတွေကိုလည်း ထုတ်ပိုးပြင်ဆင်ပြီး ရောင်းချပေးပါတယ်။ ရောင်းဈေးကတော့ သစ်သီးအစုံပါဝင်မှုပေါ် မူတည်ပြီး တစ်ခြင်းကို ငွေကျပ် ၂၅၀၀၀ ကနေ တစ်သိန်းကျပ်အထိ ရောင်းချပေးနေပါတယ်'' ဟု မဝင်းသစ်သီး ရောင်းဝယ်ရေးမှ ဒေါ်ဝင်းက ပြောသည်။

 

ယခုရာသီတွင် စတင်ထွက်ပေါ်လာသည့် သစ်သီးများအနက် တရုတ်ပန်းသီးနှင့် ထောပတ်သီး ဈေးနှုန်းများ ကျဆင်းနေပြီး နဂါးမောက်သီး၊ ဆန်းကစ်သီးနှင့် အုန်းသီးဂျယ်လီ ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လာ ကြောင်း သိရသည်။

 

မန္တလေးဈေးကွက်တွင် လက်ရှိရောင်းချနေသည့် သစ်သီးဈေးနှုန်းများအနေဖြင့် အရွယ်အစားပေါ် မူတည်၍ ပန်းသီး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ယိုးဒယား ဆန်းကစ်သီး တစ်လုံးလျှင် ၇၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကျွဲကောသီး တစ်လုံးလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဖြင့် လည်းကောင်း၊ ထောပတ်သီး တစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ သလဲသီး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ဖြင့် လည်းကောင်း၊ ဩဇာသီးတစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့် လည်ကောင်း၊ တရုတ်နဂါးမောက်သီး တစ်လုံးလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

 

MDN 

 

Myanmar Food Guide 

Read times
Rate this item
(0 votes)