Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မကွေးတိုင်းဒေသကြီး ရေနံချောင်း၌ ငရုတ်ဈေးကောင်း

အညာဒေသဈေးကွက်တွင် ငရုတ်အသစ်ပေါ်ချိန်မဟုတ်သည့်အပြင် လက်ကျန်နည်းသောကြောင့် လက်ရှိ ဈေးကောင်းနေကြောင်း

ဒေသခံတောင်သူများနှင့် ရောင်းဝယ်သူများ၊ ငရုတ်သီးခြောက် အရောင်းဆိုင်များမှ သိရသည်။

"ငရုတ်ကို တော်သလင်း၊ သီတင်းကျွတ်လ၌စိုက်ကြပြီး နတ်တော်လ၊ ပြာသိုလမှာ အသစ်ပေါ်သောကြောင့် လက်ရှိ အသစ်ချိန်မဟုတ်ကြောင်း၊ လက်ကျန်နည်းသောကြောင့် ဈေးမတက်ကြောင်း" မြို့မဈေး၌ ငရုတ်သီး ခြောက်ရောင်းသူ အမျိုးသားတစ်ဦးထံမှ သိရသည်။

ရေနံချောင်းမြို့နယ်မှ တောင်သူအမျိုးသားတစ်ဦးက "ငရုတ်က တောင်သူတွေထံမှာ လက်ကျန်မရှိဘူး။ များများထွက်တဲ့တောင်သူတွေထံမှာ အနည်းအကျဉ်းပဲရှိတယ်။ လက်ရှိ ငရုတ်စိုက်နေကြပါပြီ။ ယခင်နှစ် ပြာသိုလမှာ အသစ်ချိန်မှာ ငရုတ်ဈေးမကောင်းဘူး။ နောက်ပိုင်းမှ ဈေးကောင်းလာတာပါ"ဟု ပြောသည်။

ဒေသထွက်(ပွင့်ဖြူမြို့နယ်၊ ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်ရှိ ကိုင်းမြေစိုက်ငရုတ်များ)ကို အဓိကထား ရောင်းချခြင်းဖြစ်ကြောင်းသိရသည်။ ငရုတ်သီးခြောက်ကို မီးဖိုချောင်သုံးအဖြစ်လည်းကောင်း၊ ခွဲခြမ်းစက်များ၊ အမှုန့်ကြိတ်စက်များက အသုံးပြုသည့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည်။

"ငရုတ်ခြောက် တစ်ပိဿာ ကျပ် ၅၀ဝ၀ အနိမ့်ဆုံးရောင်းရပြီး ငရုတ်ခြောက်အနေအထားပေါ်မူတည်၍ ပေါက်ဈေးရှိကြောင်း" မြို့မဈေးမှ ငရုတ်ရောင်းသူအမျိူးသားတစ်ဦးက ပြောသည်။

ရေနံချောင်းမြို့နယ်ရှိ တောင်သူများ ကိုင်းမြေများ၌ ငရုတ်ကို ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လျာထားစာရင်းအရ သိရသည်။

 

myotaw.news/

Read times Last modified on Wednesday, 18 November 2020 10:58
Rate this item
(0 votes)