Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကချင်ပြည်နယ်မှာ တရုတ်ငှက်ပျော စိုက်ခင်းများ တိုးချဲ့လျက်ရှိ

ကချင်ပြည်နယ်သည် တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများကြောင့် စီးပွါးဖြစ်ငှက်ပျောခင်း စိုက်ပျိုးမှုနှုန်း မြင့်တက်နေကြောင်း Mekong Region Land Governance (MRLG) အစီရင်ခံစာအသစ်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သောာ အဆိုပါ အစီရင်ခံစာတွင် ကချင်ပြည်နယ်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက် နည်းပညာဖြင့် ငှက်ပျောခင်းများ စိုက်ပျိုးရေး တိုးချဲ့ဆောင်ရွက်နေသည်ကို ဖော်ပြထားသည်။ ထိုငှက်ပျေ

ာခင်းများသည် တရုတ်ပြည်တွင်းဈေးကွက်သို့ တင်ပို့ရန်အတွက် စိုက်ပျိုးခြင်း ဖြစ်သည်။

 

MRLG ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံသို့ တင်ပို့သော ငှက်ပျောသီးပမာဏမှာ ၂၀၁၅-၁၆ တွင်တန်ချိန် ၁၀၀,၀၀၀ အောက်မှ ၂၀၁၁-၂၀၁၀ တွင် ၇၃၃,၉၄၉ တန်သို့ မြင့်တက်ခဲ့ကြောင် းမြန်မာအစိုးရ၏ ပို့ကုန်အချက်အလက်များအရ သိရသည်။ ၂၀၁၁ ခုနှစ်စာရင်းအရ ကချင်ပြည်နယ်တစ်လွှားတွင် ငှက်ပျောစိုက်ခင်းများသည် ခန့်မှန်းခြေအားဖြင့် ၁၇၀,၀၀၀ ဟက်တာကို ဖုံးလွှမ်းထားသည်။

 

တရုတ်နိုင်ငံက ၀ ယ်လိုအားကောင်းခြင်း၊ စိုက်ပျိုးမြေ  စျေးပေါခြင်း နှင့် လုပ်သားခ သက်သာခြင်း၊ မြေသြဇာကောင်းသောမြေဆီလွှာများ၊ ရာသီဥတုအခြေအနေကောင်းမွန်ခြင်းနှင့်ယူနန်ပြည်နယ်နှင့်နီးကပ်ခြင်းတို့ကြောင့်အပြင် အချိန်တိုအတွင်းအသားတင် အမြတ်များများ  ပြန်ပေါ်လာနိုင်သည့်အတွက်တို့ကြောင့် ငှက်ပျောစိုက်ပျိုးမြေများ လျင်မြန်စွာ တိုးချဲ့လျက်ရှိသည်ဟု MRLG ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

စိုက်ခင်းအများစုမှာ စိုက်ပျိုးရေးသွင်းအားစုများ၊ ငွေကြေးအရင်းအနှီးများနှင့်အချို့သောလုပ်သားများကို တရုတ်ပြည်ဘက်မှ အကုန်အကျခံသည့် ပုံစံဖြင့် လုပ်ကိုင်ကြသည်။ စိုက်ပျိုးမြေနှင့် ထပ်မံလိုအပ်သည့် လုပ်သားတို့ကို မြန်မာနိုင်ငံမှ ရယူသုံးစွဲသည်။

ဆွတ်ခူးထားသော ငှက်ပျောသီးများကို ထရပ်ကားဖြင့် သယ်ယူပြီး နယ်စပ်မှတစ်ဆင့်  တရုတ်ပြည်တွင်းစျေးကွက်သို့ တင်ပို့ရောင်းချသည်။

 

တစ်ရှူးငှက်ပျောစိုက် နည်းပညာသည် ငှက်ပျောများ အမြောက်အမြားကို မျိုးပွားထုတ်လုပ်သည့် နည်းပညာ ဖြစ်ပြီး စီးပွားဖြစ် ငှက်ပျော်စိုက်ပျိုးခြင်းအတွက် ကောင်းစွာသင့်လျော်သည်။ ထွက်ရှိသည့် ငှက်ပျောသီးများသည် အရည်အသွေး အရွယ်အစား အဆင့်အတန်း တစ်ပြေးညီ ဖြစ်ပေရာ ရောင်းပန်းလှသည်။

 

စိတ်ဝင်စားစရာအကောင်းဆုံးမှာ ဤစိုက်ခင်းများသည် ကချင်ပြည်နယ်အတွင်း  ဖြစ်ပွားနေသည့်ပဋိပက္ခများအတွင်း ရှင်သန်နေကြခြင်း ဖြစ်ပေရာ  အစိုးရထိန်းချုပ်သောဒေသများနှင့်ပြည်သူ့စစ်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျာ ရဗျိနေသည့် နယ်မြေမျာ နယ်မြေနှစ်ခုလုံးတွင် တရုတ်နယ်စပ်တလျှောက် တည်ရှိသည်။ 

 

မြေများကို ငှက်ပျောစိုက်ပျိုးရေးအတွက် ပိုမိုတိုးချဲ့ သုံးစွဲနိုင်ရန်အတွက် တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံသူများ အကြီးစားနှင့် အသေးစား ရင်းနှီးမြှုပ်နှံသူများသည် ဒေသခံစီးပွားရေးကွန်ယက်များနှင့် ရှုပ်ထွေးသောဆက်နွယ်မှုမျာ းမည်သို့ထူထောင်သည်ကို အစီရင်ခံစာက အသေးစိတ်ဖော်ပြထားသည်။

 

မြေများကို ငှက်ပျောစိုက်ပျိုးရေးအတွက် ပိုမိုတိုးချဲ့ သုံးစွဲနိုင်ရန်အတွက် တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံသူများ အကြီးစားနှင့် အသေးစား ရင်းနှီးမြှုပ်နှံသူများသည် ဒေသခံစီးပွားရေးကွန်ယက်များနှင့် ရှုပ်ထွေးသောဆက်နွယ်မှုများ မည်သို့ထူထောင်သည်ကို အစီရင်ခံစာက အသေးစိတ်ဖော်ပြထားသည်။ ၎င်းတို့တွင် ကချင်ပြည်နယ်အစိုးရ၊ စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့များနှင့် KIO မှ ပုဂ္ဂိုလ်များ ပါဝင်သည်။

 

ကချင်ပြည်နယ်တွင် အလျင်အမြန်တိုးပွားလာသော ငှက်ပျောခင်း စိုက်ပျိုးမှုသည် ပေးဆပ်ရခြင်းများ ရှိနေသည်။ အဆိုပါအစီရင်ခံစာတွင် စိုက်ခင်းများ၌ ဓာတုဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို ပြင်းထန်စွာအသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများဖြစ်စေသည်ဟု ဖော်ပြထားသည်။ မြေဆီလွှာပျက်စီးခြင်းနှင့် တိုက်စားခြင်းများသည် စိုက်ပျိုးပြီးနောက် သုံးနှစ်အထိ ဆက်လက်ဖြစ်ပေါ်နိုင်သည်။ မြေယာများကို နှစ်အတန်ကြာ အသုံးမပြုနိုင်တော့ချေ။ ဓာတုဗေဒပစ္စည်းများ စီးဆင်းမှုသည် ရေအရင်းအမြစ်များထဲသို့ ၀ င်ရောက်ခြင်း၊ လူသားများ၏ ကျန်းမာရေး၊ မွေးမြူရေးနှင့် ဒေသခံဇီဝမျိုးစုံမျိုးကွဲများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိသည်။

အကြီးစားစိုက်ခင်းများ ထပ်တိုးခြင်းသည် ဒေသတွင်းမြေယာပဋိပက္ခများကို ပိုမိုဆိုးဝါးစေသည်။ အချို့သော ဒေသခံလယ်သမားအငယ်စားများသည် ၎င်းတို့၏မြေများကို ငှက်ပျောစိုက်ပျိုးရန်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများထံ ငှားရမ်းခြင်းမှ အကျိုးကျေးဇူးများ ခံစားခဲ့ကြရသည်။ မြေငှားရမ်းရန်  သဘောတူညီချက်များကို မကြာခဏဆိုသလို“ အတင်းအကျပ်စေခိုင်းမှုဖြင့်” ရရှိပြီး၊ ရပ်ရွာခေါင်းဆောင်များ၏ဖိအားပေးခြင်း သို့မဟုတ် သတင်းအမှားများပေးခြင်းတို့ရရှိခြင်းဖြစ်နေတတ်သည်။ အသေးစားမြေယာပိုင်ဆိုင်သူများသည် အသိပေးတိုင်ပင်ဆွေးနွေးမှု မရှိဘဲ မြေယာလုံးဝဆုံးရှုံးခဲ့ရသည်။ အထူးသဖြင့် ဒေသတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ၏ မြေလွတ်မြေရိုင်းများ ဆုံးရှုံးသွားရသည်။

 

တစ်မျိုးတည်းကိုသာ စိုက်ပျိုးသည့် စိုက်ခင်းများသည် ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်‌နေသော တောင်တန်းဒေသများတွင် တရုတ်၏ စီးပွားရေးတိုးချဲ့မှုကို ဖော်ပြနေသည့် အထင်ရှားဆုံးလက္ခဏာများ ဖြစ်သည်။ အများစုသည် မြန်မာပြည်မြောက်ပိုင်းနှင့် လာအိုနိုင်ငံများရှိ ပုဂ္ဂလိကစိုက်ပျိုးစီးပွား အစီအစဉ်များတွင် ပါ၀င်လုပ်ကိုင်ရန်အတွက် တရုတ်စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာမက်လုံးများ ပေးသည့် တရုတ်နိုင်ငံပြည်နယ်ကောင်စီမှ  ၂၀၀၆ ခုနှစ်တွင် တည်ထောင်ခဲ့သည့်ဘိန်းအစားထိုး စိုက်ပျိုးရေး အထူးရန်ပုံငွေတွင် ပါ၀င်သည်။

 

ကချင်ပြည်နယ်မှငှ က်ပျောစိုက်ပျိုးမှုသည် အိမ်နီးချင်းလာအိုနိုင်ငံ  အခြေအနေကို ထင်ဟပ်စေသည်။ လာအိုသည်လည်း တစ်မျိုးတည်း စိုက်ပျိုးခြင်းကို ကြုံရသည်။ လာအိုနိုင်ငံ မြောက်ပိုင်းပြည်နယ်များတွင် အများအားဖြင့် ငှက်ပျောစိုက်ခင်းများသာမက ဖရဲသီး၊ ပြောင်းနှင့်ပီလောပီနံ အစရှိသည်တို့ကို တစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးသည့် စိုက်ခင်းများ ဖြစ်သည်။ 

တရုတ်နယ်ခြားတွင် ငှက်ပျောစိုက်ပျိုးခြင်းသည် တောင်တရုတ်ပင်လယ်ရှိ တင်းမာမှုနှင့်လည်း ဆက်စပ်နေသည်။ တောင်တရုတ်ပင်လယ်ထဲတွင် Scarborough Shoal ကျွန်းပိုင်ဆိုင်မှု ဖိလစ်ပိုင်နှင့် အငြင်းပွားရာတွင် ဖိလစ်ပိုင်ကို ဒဏ်ခတ်သည့်အနေဖြင့် ဖိလစ်ပိုင်မှ သစ်သီးဝလံ တင်သွင်းနေခြင်းကို တရုတ်အစိုးရက ၂၀၁၂ ခုနှစ်တွင် ဖြတ်တောက်လိုက်ရာ ငှက်ပျောသီး တင်ပို့မှုများလည်း ရပ်ဆိုင်းသွားသည်။ ပြည်တွင်းဈေးကွက် ငှက်ပျောသီး လိုအပ်ချက်အတွက်  ငှက်ပျောသီးများ ပိုမိုထုတ်လုပ်ဖို့  စိိုက်ခင်းဧရိယာ ပိုများသွားစေသည်။

 

အားပြင်းသော ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် အလုပ်သမားများ အဆိပ်သင့်ကြောင်းသတင်းများအရ အစိုးရသည် ၂၀၁၇ ခုနှစ်တွင် စိုက်ခင်းသစ်များ တားမြစ်ရန် ကြေငြာခဲ့သည်။ သို့သော် ကြေညာချက် မည်မျှထိရောက်မှု ရှိသနည်းဆိုသည့် မေးခွန်း ရှိနေဆဲဖြစ်သည်။

 

MRLG အစီရင်ခံစာက မီးမောင်းထိုးပြသည်မှာ ဗဟိုထိန်းချုပ်မှုကို ကြာမြင့်စွာကတည်းကဖယ်ထားခဲ့သည့် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်ပေါ်သည့် ဆိုးကျိုးသက်ရောက်မှုအချို့ကိုဖြေရှင်းရန် အခက်အခဲ ဖြစ်နေစေသည်။

 

Read times Last modified on Friday, 04 December 2020 16:17
Rate this item
(0 votes)