Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သီရိလင်္ကာက ရေနံဖိုးအကြွေးကို လက်ဖက်ဖြင့် ဆပ်မည်

သီရိလင်္ကာက ရေနံဖိုးအကြွေးကို လက်ဖက်ဖြင့် ဆပ်မည်

သီရိလင်္ကာသည် အီရန်နိုင်ငံအ‌ေပါ် တင်ရှိနေသည့် ရေနံကြွေးမြီကို လက်ဖက်ခြောက်ဖြင့် ဆပ်ရန် စီစဉ်နေသည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံမှ တင်သွင်းထားသည် ရေနံအတွက် ပေးရန်ကျန်သည့် အကြွေးကို လက်ဖက်ခြောက်ဖြင့် ပေးချေရန် စီစဉ်နေကြောင်း သီရိလင်္ကာနိုင်ငံမှ အစိုးရဝန်ကြီးတစ်ဦးဖြစမသူ Ramesh Pathirana က ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၂၅၁ သန်း အကြွေးရှင်းရန် ကျန်ရှိနေသည်ကို လစဉ် ဒေါ်လာ ၅ သန်း တန်သော လက်ဖက်များကို အီရန်ထံ ပေးပို့ရန် မျှော်မှန်းထားကြောင်း Ramesh Pathirana က ပြောကြားခဲ့ပါသည်။

သီရိလင်္ကာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကာလအတွင်း ကမ္ဘာလှည့်ခရီးသည်များထံမှ ရနေကျ၀င်ငွေ မရတော့သဖြင့် ပိုမိုဆိုးရွားလာသော အကြွေးပြဿနာနှင့် နိုင်ငံခြားငွေအကျပ်အတည်းကို ကြုံတွေ့နေပါသည်။


ပြည်ပကြွေးမြီများကို ဖြေရှင်းရန် လက်ဖက်ဖြင့် ဖလှယ်ပြီး ပေးချေခြင်းသည် ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

အီရန်ကို အရေးယူပိတ်ဆို့ထားသော်လည်း လက်ဖက်ခြောက်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် စားသောက်ကုန်အဖြစ် ခွဲခြားသတ်မှတ်ထားသောကြောင့် ယခုလို ငွေပေးချေမှုနည်းလမ်းသည် ကုလသမဂ္ဂ နှင့် အမေရိကန်တို့၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ရာ ရောက်မည်မဟုတ်ကြောင်း Mr Pathirana က ပြောကြားသည်။ ထို့ပြင် အမည်းစာရင်းဝင် အီရန်ဘဏ်များ ပါဝင်ပတ်သက်မှုမရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

"ပြီးခဲ့တဲ့ လေးနှစ်ကတည်းက ဆိုင်းငံ့ထားတဲ့ ရေနံဖိုး အကြွေးအတွက် အီရန်ကို ပြန်ဆပ်ဖို့ လစဉ် ဒေါ်လာ ၅ သန်းဖိုး လက်ဖက် ပေးပို့နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။


စိုက်ခင်းဝန်ကြီးဌာနမှ ပြောကြားရာတွင် "Ceylon Tea" သီဟိုဠ်လဖက် အရောင်းအဝယ်ကို သီရိလင်္ကာနိုင်ငံသုံးငွေ ရူပီဖြင့် ဆောင်ရွက်မည် ဖြစ်သောကြောင့် ယခုအစီအစဉ်သည် သီရိလင်္ကာနိုင်ငံအဖို့ များစွာလိုအပ်‌ေနသော နိုင်ငံခြားငွေကို သုံးစွဲရခြင်း သက်သာစေမည်။


Planters' Association of Ceylon ၏ ပြောရေးဆိုခွင့်ရသူက "ကျွန်တော်တို့ကို ရူပီနဲ့ ပေးချေမှာဆိုတော့ တင်ပို့သူတွေအတွက် အကျိုးမရှိဘူး။ လွတ်လပ်ဈေးကွက်ကို ချုပ်ချယ်ရာ ရောက်မယ်" ဟု ပြောကြားသည်။

သီရိလင်္ကာသည် နိုင်ငံတကာ ကြွေးမြီများအတွက် ၂၀၂၂ တွင် အကြွေးပေးဆပ်ရန် အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ရှိနေသည်။ ဗဟိုဘဏ်မှ ထုတ်ပြန်သော အချက်အလက်များအရ နိုဝင်ဘာ လကုန်တွင် အရန်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံ သာ ရှိသည်။

သီရိလင်္ကာသည် နှစ်စဉ် လက်ဖက် ကီလိုဂရမ် ၃၄၀ သန်း ထုတ်လုပ်သည်။ ပြီးခဲ့သည့်နှစ် ၂၀၂၀ က ကီလိုဂရမ် ၂၆၅,၅ သန်း တင်ပို့ခဲ့ရာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁,၂၄ ဘီလျံ ရရှိခဲ့ပါသည်။
လူဦးရေ၏ ၅% သည် လက်ဖက်လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသည်။ လက်ဖက်ခင်း စိုက်ခင်း စိုက်ပျိုးခြင်း၊ လက်ဖက်ရွက်မျာ ခူးဆွတ်ခြင်း၊ လက်ဖက်ခြောက် စက်ရုံများတွင် လုပ်ကိုင်ခြင်း အစရှိသည်တို့ လုပ်ကိုင်ကြပါသည်။

Read times
Rate this item
(0 votes)