Fruits & Vegetables
မန္တလေးဈေးကွက် ငရုတ်ခြောက်(စက) အဝင်နည်း ပစ္စည်းရှားနေ
မန္တလေးဈေးကွက် ငရုတ်ခြောက်(စက) အဝင်နည်း ပစ္စည်းရှားနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မန္တလေးဈေးကွက်တွင် ငရုတ်ခြောက်(ရှည်)မှာ ကျောက်ပန်း တောင်းမှ အဝင်များလာခြင်းကြောင့် တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ငရုတ်ခြောက်(စက) အဝင်နည်း ပစ္စည်းရှားနေသည်။
ကြက်သွန်နီဈေးနှုန်းအနေဖြင့် မြစ်သားကြက်သွန်များအဝင်များလာခြင်းကြောင့် ကြီး တပိဿာ ၄၂၀၀ ကျပ်မှ ၄၀၀၀ကျပ်၊လတ်တပိဿာ ၃၇၀၀ကျပ်မှ ၃၆၀၀ကျပ် သေးတပိဿာ ၃၂၀၀မှ ၃၀၀၀ကျပ်သို့ ဈေးအသီးသီးနိမ့်သွားသည်။
ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းနှင့်မြေပြန့်)မှာ အသစ်မဝင်သေးခြင်း၊ အဟောင်းလက်ကျန်အရည်အသွေးညံ့သွားခြင်းကြောင့် ကြက်သွန်ဖြူ (ရှမ်း)အကောင်းဆုံး ၁ပိဿာ ၃၅၀၀ကျပ်မှ အညံ့ဆုံး ၂၂၀၀ကျပ်ဈေးဖြင့်ရောင်းဝယ်နေပြီး ကြက်သွန်ဖြူ(မြေပြန့်)မှာ အကောင်းဆုံး ၁ပိဿာ ၄၆၀၀ကျပ်ဈေးထိမြင့်နေပြီး ကြက်သွန်ဖြူ(တရုတ်)မှာ တပိဿာ ၃၄၀၀ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။
အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးဈေးမြင့်လွန်းသောကြောင့် တရုတ်အာလူးများ သာရောင်းဝယ်မှုများပြီး အဝင်များ၊စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တပိဿာ ၁၈၀၀ကျပ်မှ ၁၇၀၀ကျပ် သို့ ဈေးနိမ့်သွားသည်။
ချင်းဈေးနှုန်းအနေဖြင့် ပင်ရင်းဒေသမှ ပြည်ပပို့ရန် အဝယ်ရှိခြင်း အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တပိဿာ ၁၆၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
Source Market Information Service- DOP- MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



