Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးကြက်သွန်စိုက် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှ ထွက်ရှိသော ကြက်သွန်နီများကို မြန်မာနိုင်ငံအနှံ့ တင်ပို့ရောင်းချလျက်ရှိရာ

ယခုနှစ် စိုက်ပျိုးထားသည့် မိုးကြက်သွန် ဈေးနှုန်းကျဆင်းနေသဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း မြင်းခြံမြို့နယ် ဆင်းဂွတ်ကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူ ကိုရွှေကိုထံမှ သိရသည်။

“မိုးကြက်သွန် (ခေါ်) ဥပြန်ကို တော်သလင်းလဆန်းမှ စတင်စိုက်ပျိုးပြီး နတ်တော်လဆုတ်မှာ တူးဖော်ရောင်းချပါတယ်၊ ဒီနှစ် မိုးရာသီက စိုက်ပျိုးခဲ့တဲ့ မိုးကြက်သွန် (ခေါ်) ဥပြန် စိုက်ခင်းတွေကို စတင်တူးဖော် နုတ်သိမ်းချိန်မှာ အထွက်နှုန်းနည်းပြီး ဈေးနှုန်းလည်း ကျဆင်းတဲ့အတွက် နောက်ကျနုတ်သိမ်းချိန်မှာတော့ အထွက်နှုန်းများသော်လည်း ဈေးနှုန်းမှာ ယခင် တူးဖော်စဉ် ဈေးအတိုင်းသာရရှိသဖြင့် ကျွန်တော်တို့ ကြက်သွန် စိုက်ပျိုးချိန် ပျိုးထောင်ခ၊ ရေသွင်းခ၊ နွားရှဉ်း ထွန်ယက်ခ၊ ထွန်စက်ခ၊ အလုပ်သမားခ၊ ရွက်ဖျက်ဆေးခအပြင် နုတ်သိမ်းချိန်မှာလည်း တူးဖော်နုတ်ခ၊ သယ်ယူခ အများကြီး ကုန်ကျပါတယ်၊ ခုလက်ရှိ မိုးကြက်သွန် (ခေါ်) ဥပြန် ဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၄၅၀ မှ ၅၀၀ သာ ရောင်းချနေရပြီး အရင်းအနှီးစရိတ်နှင့် တွက်ချေ မကိုက်တဲ့အတွက် ဈေးကောင်းရဖို့ မျှော်လင့်နေရတာပါ”ဟု ဆင်းဂွတ်ကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ကိုရွှေကိုက ပြောပြသည်။

ယခင်နှစ်က မိုးကြက်သွန် (ခေါ်) ဥပြန် ဈေးနှုန်းသည် တစ်ပိဿာကို ငွေကျပ် ၇၅၀ မှ ၁၀၀၀ အထိ ဈေးကောင်းရရှိခဲ့ပြီး ယခုနှစ်တွင် ဈေးနှုန်းကျဆင်းသည့်အတွက် ကြက်သွန်စိုက်တောင်သူများ အကျိုးအမြတ် နည်းလျက်ရှိသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ကြက်သွန်ကို အဓိကထား စိုက်ပျိုးလျက်ရှိသည်။

MDN

 

Annotation_2021-01-09_103447.jpg

Read times Last modified on Saturday, 09 January 2021 10:37
Rate this item
(442 votes)