Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကွန်တိန်နာ စရိတ်ထောင်းသဖြင့် သခွား မတင်ပို့နိုင်

ကွန်တိန်နာ ငှားရမ်းခနဲ့ သယ်ပို့ခတွေ ဈေးအရမ်းကြီးနေတာကြောင့် ဆင်ဖိုးထက် ချွန်းဖိုး ကြီးနေတဲ့အပြင် ကွန်တိန်နာ သယ်ယူပို့ဆောင်ရေးမှာ နှောင့်နှေးကြန့်ကြာတာတွေလည်း ဖြစ်ပေါ်နေတဲ့အတွက်

လတ်ဆတ်စိုက်ပျိုးထုတ်ကုန်တင်ပို့သူတွေ အခက်ကြုံနေကြတယ်။

အိန္ဒိယနိုင်ငံမှာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတို့ဟာ သခွားဖု gherkin ပေါ်ထွက်တဲ့ ရာသီ ဖြစ်ပါတယ်။
လက်ရှိ တင်ပို့စရိတ်တွေအရ သခွားပု တင်ပို့သူများ သင်္ဘောတင်နိုင်ခြင်း မရှိလို့ အဓိကဈေးကွက်ဖြစ်တဲ့ ဥရောပသို့ တင်ပို့နိုင်မှာ မဟုတ်ဘူး။ သူတို့ ရထားတဲ့ ဈေးကွက်ကို ဥရောပနဲ့ ရေကြောင်းခရီး ပိုနီးတဲ့ တူရကီလို နိုင်ငံမျိုးမှ ထွက်တဲ့ သခွားပုတွေက ရယူသွားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရှစ်လတာကို ပြန်ကြည့်ရင် ဥရောပသို့ သယ်ပို့စရိတ် တစ်တန်ကို ဒေါ်လာ ၆၀၀ မှ ၃,၅၀၀ သို့ တက်သွားခဲ့ပါတယ်။ အမေရိကန်သို့ တင်ပို့ရင် တစ်တန်ကို ဒေါ်လာ ၂,၄၀၀ မှ ၈,၀၀၀ သို့ တက်သွားခဲ့ပါတယ်။
ဒီတော့ သယ်ပို့စရိတ်က ကွန်ထိန်နာထဲ ထည့်ပြီး တင်ပို့လိုက်တဲ့ သခွားဖုတွေရဲ့ တန်ဖိုးနီးပါး ဖြစ်နေပါတယ်။ သခွားပု တစ်တန်ကို ဒေါ်လာ ၁၀,၀၀၀ ဝန်းကျင် ဈေးရပါတယ်။
သခွားပု တင်ပို့တာမှာ အရောင်းအဝယ်တွေမှာ ၃၀ မှ ၄၀ ရာခိုင်နှုန်းက CIF (cost, insurance and freight) ဖြင့် စာချုပ်ကြပြီး ကျန်တဲ့ အရောင်းအဝယ်တွေက FOB (free-on-board) ဖြင့် စာချုပ်ကြလေ့ ရှိပါတယ်။
FOB အရောင်းအဝယ်တွေမှာ ဥရောပမှ ဝယ်ယူသူတွေက တင်ပို့စရိတ်ကို ကျခံရတာမို့ အိန္ဒိယနိုင်ငံလို သယ်ပို့စရိတ် များနေတဲ့ဆီမှ အဝယ်တွေကို ရက်ရွှေ့ဆိုင်းခြင်း၊ ရုပ်သိမ်းခြင်းတွေ လုပ်ကြပြီး အနီးအနားမှာ တည်ရှိတဲ့ တူရကီ၊ အရှေ့ဥရောပတို့ထံမှ ဝယ်ယူကြတယ်။

တူရကီမှ သခွားဖု ထုတ်လုပ်သူတွေအနေဖြင့် ရေကြောင်းမှ တင်ပို့ဖို့ အဆင်မပြေရင် ကုန်လမ်းခရီးဖြင့် ဥရောပကို တင်ပို့နိုင်လို့ တစ်ပန်းသာနေတယ်။ အကောက်ခွန်လွတ် တင်သွင်းခွင့်လည်း ရထားတယ်။ အိန္ဒိယနိုင်ငံမှ တင်ပို့တဲ့ သခွားပုတွေကို စူပါမားကက် တင်ရန်အသင့်အဆင့်ဖြင့် အထုပ်အသေးတွေ ထုပ်ပိုးတင်ပို့ရင် ၁၄ ရာခိုင်နှုန်း၊ အမြောက်အမြားအစုလိုက် ထုပ်ပိုးတင်ပို့ရင် ၉ ရာခိုင်နှုန်း သွင်းကုန်ခွန် ပေးဆောင်ရတယ်။

အိန္ဒိယနိုင်ငံမှာ ပြည်ပတင်ပို့မယ့် သခွားဖုတွေကို ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးကြတယ်။ လိုအပ်တဲ့ သွင်းအားစုကို ဝယ်လက်က အကုန်အကျခံတယ်။ ထွက်တဲ့ သခွားပုကို ကန်ထရိုက်ချုပ်ထားတဲ့သူထံကိုသာ ရောင်းချရတယ်။ နိုင်ငံတွင်း စိုက်ပျိုးထုတ်လုပ်တဲ့ သခွားဖုတွေရဲ့ ၉၉ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ပါတယ်။

Read times
Rate this item
(0 votes)