Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စတော်ဘယ်ရီခြံမှ စတော်ဘယ်ရီသီးများ တစ်နှစ်ဝင်ငွေ ကျပ် သိန်း(၃၀)မှ သိန်း(၄၀)ခန့် ရရှိ

ချင်းပြည်နယ်၊ မင်းတပ်-မတူပီကားလမ်း မိုင်တိုင် (၁၇)မိုင်တွင် ဒီဇင်ဘာလ မှ စတင်ပြီး စတော်ဘယ်ရီသီးများကို

ရောင်းချနေကြပြီ ဖြစ်သည်။ မင်းတပ် - မတူပီ ကားလမ်း (၁၇)မိုင်ရှိ ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် အတူ စတော်ဘယ်ရီ၊ မက်မန်း၊ ထောပတ် စသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်းပြုလျက် ရှိကြောင်း သိရသည်။

ယခုအချိန်တွင် စတော်ဘယ်ရီသီးများ ဆွတ်ခူးချိန်ရောက်ရှိနေပြီ ဖြစ်သဖြင့် စတော်ဘယ်ရီသီး နို့ဆီဘူး တစ်ဘူးလျှင် ကျပ်(၅၀၀)နှုန်းဖြင့် ရောင်းချ လျက်ရှိရာ ခရီးသွားပြည်သူများ လာရောက် ဝယ်ယူအားပေး ကြကြောင်း သိရသည်။
ယခင်နှစ်များက စတော်ဘယ်ရီပေါ်ချိန်တွင် စိုက်ခင်းအထိ လာရောက် အားပေးသူအချို့သည် စည်းကမ်းမဲ့ ပြုမူခဲ့ကြသည့်အတွက် ယခုနှစ် စတော်ဘယ်ရီ ပေါ်ချိန်တွင် စိုက်ခင်းအတွင်း စည်းကမ်းတကျ သွားလာ ဆွတ်ခူးကြစေလိုကြောင်း စတော်ဘယ်ရီစိုက် တောင်သူများက မေတ္တာရပ်ခံထားသည်။
အဆိုပါ စတော်ဘယ်ရီစိုက်ခင်းသည် (၃)ဧကကျော် ကျယ်ဝန်းပြီး ထောပတ်ပင်(၆၀)ခန့်၊ မက်ပန်းပင်နှင့် ပန်းသီးပင်များလည်း စိုက်ပျိုးထားကြောင်း သိရသည်။ စတော်ဘယ်ရီစိုက်ခင်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်စိုက်ပျိုးခြင်း ဖြစ်ပြီး စတော်ဘယ်ရီသီးနှင့် စတော်ဘယ်ရီဝိုင် ပြုလုပ်ရောင်းချခြင်းဖြင့် တစ်နှစ်ဝင်ငွေ ကျပ် သိန်း(၃၀)မှ သိန်း(၄၀)ခန့် ရရှိကြောင်း သိရှိရသည်။
MRTV

Read times
Rate this item
(0 votes)