Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


လိမ္မော်သီး (Tangerine)နှင့် ကဗ္ဗလာသီး (Orange) တို့ရဲ့ ခြားနားချက်များ

ငယ်ငယ်က စာထဲမှာ သင်ခဲ့တဲ့ Orange ဆိုတာ လိမ္မော်သီးကို ခေါ်တာ မဟုတ်ဘဲ ကဗ္ဗလာသီးကို ခေါ်တာ ဖြစ်ပြီး တော်တော်များများက Orange ဆိုတာ လိမ္မော်သီးလို အမှတ်မှားခဲ့ကြပါတယ်

လိမ္မော်သီးရော၊ ကဗ္ဗလာသီး နှစ်မျိုးစလုံးဟာ ရှောက်မျိုးနွယ်မှာ ပါဝင်ပြီး ချိုချိုချဉ်ချဉ် အရသာရှိကာ ကယ်လိုရီ နည်းပါတယ်။

 လိမ္မော်သီး (Tangerine) နဲ့ ကဗ္ဗလာသီး (Orange) တို့ကို တူသယောင်နဲ့ ကွဲတဲ့ အသီး နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် တသက်လုံး အမှတ်မှားလာခဲ့တဲ့ လိမ္မော်သီးနဲ့ ကဗ္ဗလာသီးတို့ရဲ့ ခြားနားချက်တွေကို ဖော်ပြပေးချင်ပါတယ်။

မျိုးရင်းတခုတည်းက လာတဲ့အတွက် ဒီအသီးနှစ်မျိုးဟာ အရသာရော၊ ပုံစံပါ ဆင်ဆင်တူနေပေမယ့် မတူညီတဲ့ ဒေသက ထွက်ရှိတာဖြစ်ပြီး မတူညီတဲ့ ကောင်းကျိုးတွေကို ပေးပါတယ်။

လိမ္မော်သီး (Tangerine)

လိမ္မော်သီးကို ၁၈၀၀ ပြည့်နှစ်များက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ရှိတဲ့ ပယ်လက်ကာဆိုတဲ့ မြို့မှာ စတင်စိုက်ပျိုး ခဲ့ပါတယ်။ “Tangerine” လို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ မော်ရိုကို နိုင်ငံမှာ ရှိတဲ့ Tangier ဆိုတဲ့ မြို့ကို အဓိက တင်ပို့ရလို့ ဖြစ်ပါတယ်။ ကဗ္ဗလာသီး (Orange) လိုပဲ လိမ္မော်သီးဟာ ရှောက်မျိုးနွယ်ဝင်ဖြစ်ပြီး အခွံ နွှာလိုက်ရင် အမွှာလိုက် ခွဲပြီး စားလို့ ရပါတယ်။ လိမ္မော်သီးဟာ အောက်တိုဘာလနဲ့ ဇန်နဝါရီလ ကြားမှာ ထွက်တဲ့ ရာသီပေါ် သီးနှံတမျိုး ဖြစ်ပါတယ်။

192,118 Mandarine Stock Photos, Pictures & Royalty-Free Images - iStock

ကဗ္ဗလာသီး (Orange)

ကမ္မလာသီးကတော့ တောင်တရုတ်နဲ့ အင်ဒိုချိုင်းနား ကျွန်းဆွယ်မှာ စတင်စိုက်ပျိုးခဲ့ပါတယ်။ အခုအချိန်မှာတော့ အခြားဒေသတွေမှာလည်း စိုက်ပျိုးဖြစ်ထွန်းနေပြီး ရာသီချိန်ကတော့ နို်ဝင်ဘာလကနေ မတ်လအထိ ဖြစ်ပါတယ်။

လိမ္မော်သီးနဲ့ ကဗ္ဗလာသီးတို့ဟာ အရွယ်အစား ကွာခြားမှုရှိပြီး ကဗ္ဗလာသီးက အရွယ်ပိုကြီးလေ ့ရှိပါတယ်။ လိမ္မော်သီး (Tangerines) ဟာ လိမ္မော်ရောင် တောက်တောက်ဖြစ်ပြီး ပူပြင်းတဲ့ ဒေသကို ရောက်တဲ့အခါ နီကြင်ကြင် အရောင်ဘက်ကို ပြောင်းတတ်ပါတယ်။ ကဗ္ဗလာသီးကတော့ အဝါရောင်သန်းတဲ့ လိမ္မော်ရောင် ရှိပါတယ်။

လိမ္မော်သီး (Tangerine) ဟာ အခွံနွှာရလွယ်ပြီး စားတဲ့အခါမှာလည်း လက်နဲ့ နွှာစားလို့ ရပေမယ့် ကဗ္ဗလာသီး (Orange) ကတော့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

5,385,413 Orange Stock Photos, Pictures & Royalty-Free Images - iStock

အားလုံးကို ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ လိမ္မော်သီးဟာ ကဗ္ဗလာသီးနဲ့ သိပ်ပြီး ကွာခြားမှု မရှိဘူးလို့ ဆိုရပေမယ့် ကျောင်းသင်ခန်းစာမှာ သင်ခဲ့ရတဲ့ Orange ဟာ ကဗ္ဗလာသီး ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Ref, healthline.com

Read times Last modified on Wednesday, 03 August 2022 15:56
Rate this item
(6 votes)