Fruits & Vegetables



တရုတ်ဝယ်လိုအား များလာသောကြောင့် ဒူးရင်းသီးတစ်လုံး ဒေါ်လာ ၄၀ သို့ စျေးတက်

တရုတ်ဝယ်လိုအား များလာသောကြောင့် ဒူးရင်းသီးတစ်လုံး ဒေါ်လာ ၄၀ သို့ စျေးတက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်နိုင်ငံရှိ Monthong ဒူးရင်း ရာသီလွန် ရောင်းဈေးသည် ငါးကီလိုဂရမ်လျှင် ဒေါင် ၉၂၅,၀၀၀ ($37.58) သို့ မြင့်တက်လာခဲ့သည်။

ကုန်သည်များက တရုတ်ပြည်သို့ တင်ပို့ရန် ဒူရင်းသီးများ ရဖို့ လုံးပန်းနေကြသည်။

 

ဒူရင်းခြံသမား Oanh သည် မကြာသေးမီကပင် ဗီယက်နမ်တောင်ပိုင်း Tien Giang ပြည်နယ်တွင် ရာသီလွန် ဒူးရင်းသီး  တစ်တန်ကို ဈေးအမြင့်ဖြင့် ရောင်းချခဲ့ရာ ဒေါင် သန်း ၁၄၀ ရရှိခဲ့သည်။ 

 

ကုန်သည်များ ဒူရင်းသီးများကို ရနိုင်သမျှ ဝယ်ရန် ကြိုးပမ်းသဖြင့် တစ်ရက်အတွင်း ဈေးခုန်တက်လာသည်ဟု ကုန်သည် Thanh က ပြောသည်။

 

“ရှားပါးနေလို့ ဒူရင်းသီး တလုံးမှ ဝယ်မရတဲ့ ရက်တွေ ရှိတယ်။ ဒူရင်းသီး ဝယ်တဲ့ ကုန်သည်တွေကလည်း ယခင်နှစ် ရာသီချိန်ထက် ယခုနှစ်မှာ ၃ ဆလောက် များလာတယ်" ဟု ၎င်းက ပြောကြားသည်။

 

Monthong ဒူးရင်းသည် မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်တွင် စိုက်ပျိုးခဲ့သော ထိုင်းမျိုးကွဲ ဒူရင်း တစ်မျိုးဖြစ်သည်။

 

၂-၅ ကီလိုဂရမ်အတွင်းရှိ ဒူရင်းသီးများသည် ယခုအခါ တစ်ကီလိုလျှင် ဒေါင် ၁၇၅,၀၀၀ မှ ဒေါင် ၁၈၅,၀၀၀ အထိ ရှိသည်။

 

သစ်သီးရောင်းဝယ်ရေးကုမ္ပဏီ Van Hoa ၏ ကိုယ်စားလှယ်တစ်ဦးက တရုတ်နိုင်ငံတွင် ဝယ်လိုအား မြင့်မားမှုကြောင့် ဈေးနှုန်းများ တက်လာသည်ဟု ဆိုသည်။

 

“ကုန်သည်တွေက ဒူရင်းသီးတွေကို သိုလှောင်တဲ့နေရာကို ပို့ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ အခုတော့ သိုလှောင်ရလောက်အောင် များများစားစား ဝယ်လို့ မရကြဘူး။ ခြံတွေမှာ ကွန်တိန်နာထရပ်ကားတွေနဲ့ လိုက်ဝယ်နေကြတယ်။ လိုချင်သလောက် မရပါဘူး" ဟု ၎င်းက ပြောကြားသည်။

 

ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က လာမည့် တရုတ်နှစ်ကူး အားလပ်ရက်ရှည်အတွက် လက်ဆောင်ပေးရန် တရုတ်လူမျိုးများက အမြောက်အမြားဝယ်ယူနေကြကြောင်း ပြောကြားသည်။ ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် နှစ်သစ်ကူးနေ့ ကျရောက်ပါသည်။

 

ထိုင်းမှ Monthong ဒူးရင်း ရောင်းလိုအား လျော့နည်းလာသဖြင့် ဗီယက်နမ်သည် တစ်နိုင်ငံတည်းသော ရောင်းချသူ ဖြစ်နေသည်။ 

ဒူရင်းသီး စျေးနှုန်းများသည် လာမည့်ရက်သတ္တပတ်များအတွင်း ပိုမိုမြင့်တက်လာနိုင်သည်ဟု ၎င်းက ပြောကြားသည်။

 

ယမန်နှစ်က ဒူးရင်းသီး ကန်ဒေါ်လာ ၂.၁ ဘီလီယံ ဖိုး တင်ပို့ခဲ့သည်။ ၉၉%သည် တရုတ်ပြည်သို့ တင်ပို့ခဲ့သည်။ 

ယမန်နှစ် နိုဝင်ဘာလတွင် ဗီယက်နမ် ဒူရင်းသီးများသည် တရုတ်နိုင်ငံ ဒူးရင်းတင်သွင်းမှု စုစုပေါင်း၏ သုံးပုံတစ်ပုံနီးပါး ရှိခဲ့ပါသည်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 27 January 2024 13:37
Rate this item
(0 votes)