Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ငရုတ်သီးတင်ပို့ရောင်းချရာတွင် အရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်နေကြ

ဈေးကွက်တင်ပို့ရောင်းချရာတွင် ကြီးမားသည့်အခက်အခဲမရှိဘဲ အရည်အသွေးပေါ်မူတည်၍သာ

ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ငရုတ်သီးစိုက်ပျိုးသူများက ပြောပြသည်။

''ငရုတ်သီးနှံကို စီးပွားဖြစ် ၂၀၁၀ ခုနှစ်က စစိုက်လာတာပါ။ ငရုတ်က ဈေးကွက် တင်ပို့ရောင်းချရာမှာတော့ အခက်အခဲမရှိပါဘူး။ ငရုတ်အမှည့်၊ ငရုတ်အစို ရောင်းချမှု လုပ်ရင်တော့ မနက်ပိုင်းကနေ စခူးဆွတ်ပြီး ညနေ ၄ နာရီအရောက် ပွဲရုံသွားရောင်းရပါတယ်။ ညသိပ်ပြီးရင် ငရုတ်အညှာညှိုးမှုဖြစ်ရင်/အပူလောင်ရင်တော့ ရောင်းချလို့မရတော့ပါဘူး။ ဒီအချက်ကပဲ အခက်အခဲ ဖြစ်စေတာပါ။"ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီးစီးပွားဖြစ်စိုက်ပျိုးသူ ကိုမြင့်ထွန်းဦးက ပြောပြသည်။

မြန်မာနိုင်ငံတွင် ငရုတ်သီးနှံကို ငရုတ်သီးအစိမ်း၊ ငရုတ်သီး အမှည့်အစို၊ ငရုတ်သီး အခြောက် ဟူ၍ ဈေးကွက် သုံးမျိုးရှိပြီး ပြည်တွင်းစားသုံးမှုသာမက ပြည်ပတင်ပို့မှုများပါ ပြုလုပ်နေကြသည်။

"ငရုတ်သီးဟာ ပြည်တွင်းစားသုံးမှုတင်မကဘဲ ပြည်ပဝယ်လိုအားလည်း များပါတယ်။ ပြည်ပကို ငရုတ်သီး အစိမ်း/အမှည့်အစို/ငရုတ်ခြောက် သုံးမျိုးလုံးရောင်းချကြပါတယ်။ ပြည်ပနိုင်ငံတွေက တရုတ်၊ ထိုင်း၊ မလေးရှားနဲ့ ကိုရီးယားအထိ တင်ပို့ကြတယ်လို့ သိရပါတယ်။ လက်ရှိဈေးကွက်မှာ 692 ငရုတ်သီး အမှည့်အစို တစ်ပိဿာ ရှယ်စ ငွေကျပ် ၈၀၀၀ ဝန်းကျင်နဲ့ ပုံမှန်စ ၄၅၀၀ ကျပ် ရှိပါတယ်။ ငရုတ်ခြောက် တစ်ပိဿာ ၅၅၀၀/၅၈၀၀) (အညှာချွေ) ကျောက်ဆည် ရွှေထနောင်းပွဲရုံပေါက်ဈေးပါ။"ဟု ငရုတ်စိုက် တောင်သူ ကိုမြင့်ထွန်းဦးက ဆက်လက်ပြောပြသည်။

ငရုတ်သီးစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧကမျိုးဖိုး၊ သွင်းအားစုစရိတ်၊ အလုပ်သမားခ စုစုပေါင်း ပျမ်းမျှ ၁၅ သိန်းဝန်းကျင် ကုန်ကျစရိတ်ရှိကြောင်း သိရသည်။
MDN

Read times
Rate this item
(0 votes)