Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀ ခုနှစ်တွင် တန်ချိန် ၇၁၆,၀၀၀ ရှိသော ကမ္ဘောဒီးယား ဟင်းသီးဟင်းရွက် ထုတ်လုပ်မှု

အစိုးရသည် Covid-19 ကပ်ရောဂါကာလတွင် စိုက်ပျိုးရေကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းမှုများမှာ အတော်လေးအောင်မြင်ခဲ့ပြီ ဖြစ်သောကြောင့်ကမ္ဘောဒီးယား၏ ပြည်တွင်းစျေးကွက်အတွက် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုသည် မနှစ်ကထက် သိသိသာသာ တိုးတက်လာခဲ့သည်။

လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း၀န်ကြီး Veng Sakhon ၏ ပြောကြားချက်အရ အရင်းအမြစ်များအား ဘေးကင်းရေး၊ အရည်အသွေးကောင်းမွန်သော သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ ဖြစ်စေရေးအတွက် ဦးတည်ချက်ထားပြီး သုံးစွဲရန်နှင့် ပြည်တွင်းစျေးကွက်တွင် ပိုမိုတင်သွင်းနိုင်ခြင်းဖြင့် ပြည်ပမှ တင်သွင်းမှုများကို လျှော့ချရန် အစိုးရက အားပေးတိုက်တွန်းလျက် ရှိသည်။

ထို့ကြောင့် ၂၀၁၉ ခုနှစ်အကုန်တွင် ကမ္ဘောဒီးယား ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သည့် တန်ပေါင်း ၆၈၁,၀၉၉ ထိ ရှိကြောင်းသိရသည်။ ၂၀၂၀တွင် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုသည် ၇၁၆,၁၁၃ တန်အထိမြင့်တက်ခဲ့သော်လည်း Sakhon က ထိုတန်ချိန်သည် စုစုပေါင်းပြည်တွင်းစျေးကွက်ဝယ်လိုအား၏ ၆၈ ရာခိုင်နှုန်းသာရှိကြောင်း ပြောကြားခဲ့သည်။ အမှန်တကယ် ပြည်တွင်းဟင်းသီးဟင်းရွက် စျေးကွက်ဝယ်လိုအားသည် တန်ချိန် ၃၂၉,၆၁၂တန် လိုအပ်နေဆဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။

freshplaza.com

Read times Last modified on Thursday, 14 January 2021 11:45
Rate this item
(0 votes)