Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်ရာသီတွင် Online စနစ်ဖြင့် ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေ

ယခုနှစ် သရက်သီးထွက်ရှိမည့် ရာသီတွင် Online စနစ်ဖြင့် ရောင်းချသွားရန် တောင်သူများ၊ ပွဲရုံများနှင့် ပွဲစားများ စီစဉ်ဆောင်ရွက်နေကြကြောင်း

မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးရေးအသင်း (မန္တလေး) မှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပြသည်။

အဆိုပါ Online စနစ်ဖြင့် အဓိကထား ရောင်းချသွားမည်ဆိုပါက ရောင်းချသူများအနေဖြင့် အရည်သွေးကောင်း သရက်သီးများကို ပြုလုပ်ပေးနိုင်ပါက Online စနစ်ဖြင့် ရောင်းချခြင်းသည် ပိုမို့ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လက်ရှိဈေးကွက်အတွင်း သရက်သီး ရောင်းချရာတွင် ၃၀ ရာခိုင်နှုန်းသည် Online စနစ်ဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။

“အွန်လိုင်းကို အဓိကထားမယ်ဆိုရင် အရည်အသွေး ကောင်းကောင်းနဲ့ ကိုယ်အမှတ်တံဆိပ်နဲ့ကိုယ် ရပ်တည်နိုင်ရင် ပိုကောင်းမှာပါ။ အရည်အသွေးညီအောင် ဆောင်ရွက်ဖို့လိုမယ်။ အရည်သွေးကောင်း ပြုလုပ်ပေးနိုင်ရင် အွန်လိုင်းစနစ်တွေ ဖွံ့ဖြိုးလာနိုင်ပါတယ်။ အရင်နှစ်နှစ်လောက်က အွန်လိုင်းစနစ် မရှိပါဘူး။ ကိုဗစ်ကြောင့် မနှစ်ကစပြီး အွန်လိုင်းစနစ် ဖြစ်သွားပါတယ်။ အွန်လိုင်းစနစ်ကတော့ အရည်သွေးကောင်းမှ ရေရှည်ရပ်တည်နိုင်မှာပါ။ အရည်သွေးမကောင်းရင် အွန်လိုင်းဈေးကွက် စနစ်ပျက်သွားမှာပါ” ဟု ၎င်းကရှင်းပြသည်။

Online စနစ်ဖြင့် ရောင်းချခြင်းကြောင့် ဝယ်သူနှင့် ရောင်းချသူမှာ တိုက်ရိုက်စနစ်ဖြင့် ရောင်းချနိုင်ကြောင်း၊ အားသာချက်အနေဖြင့် ပွဲခ နှင့် ဝန်ဆောင်မှုများကို ပေးရန်မလိုအပ်တော့ကြောင်း၊ Online စနစ်ဖြင့် ရောင်းချခြင်းကြောင့် ငွေပေးချေမှုတွင်လည်း အဆင်ပြေနိုင်ကြောင်း၊ ဝယ်ယူသူများ အနေဖြင့်လည်း အွန်လိုင်းမှ သရက်သီး 16 kg တစ်ဖာမှာယူပါက မိမိတို့ဝယ်ယူမည့် ဆိုက်အရွယ်အစားကို ထည့်၍ မှာယူကြရန်လည်း လိုအပ်ကြောင်း၊ ရောင်းချသူများအနေဖြင့်လည်း Online စနစ်တွင် ရေရှည်ရပ်တည် ရောင်းချသွားလိုပါက မိမိတို့၏ ပစ္စည်းနှင့် အမှတ်တံဆိပ်ကို အရည်သွေးကောင်းကောင်း ပြုလုပ်ကြရန် လိုအပ်ကြောင်းလည်း သိရသည်။

MDN

Read 843 times
Rate this item
(0 votes)