Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


Heineken Malaysia ၃လတာ အသားတင်အမြတ် ရင်းဂစ် သန်း ၁၀၀ ကျော်ရရှိ

Heineken Malaysia ၃လတာ အသားတင်အမြတ် ရင်းဂစ် သန်း ၁၀၀ ကျော်ရရှိ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

  

ဘီယာဆိုင်များ၊ စားသောက်ဆိုင်များတွင် ဘီယာသောက်သူ ပိုများလာကာ တစ်ဖန်ပြန်လည်အားပေးလာသောကြောင့် Heineken Malaysia Bhd ၏ ရောင်းအား ဆက်လက်တိုးတက်နေပါသည်။

၂၀၂၂ စက်တင်ဘာလတွင် အဆုံးသတ်သော ၃လပတ်တွင် အသားတင်အမြတ် ရင်းဂစ် ၁၀၈.၇ သန်း ရရှိခဲ့ပါသည်။ ယခင်နှစ် အလားတူကာလတွင် အသားတင် အမြတ် ရင်းဂစ် ၅၁ သန်း ရရှိခဲ့သဖြင့် ယခုနှစ်တွင် ၁၁၃% ပိုများပါသည်။ 

ဝင်ငွေအနေဖြင့် ၎င်း၃လပတ်တွင် ရင်းဂစ် ၇၀၂.၅ သန်း ရရှိခဲ့ပါသည်။  ယမန်နှစ် အလားတူကာလတွင် ရင်းဂစ် ၃၈၉.၈ သန်း ရရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် ၈၅% မြင့်တက်ပါသည်။ 

 

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် အသားတင်အမြတ် ယခင်နှစ်ထက် ၁၀၆% မြင့်တက်ခဲ့ပြီး ရင်းဂစ် ၁၄၉.၈ သန်း ရရှိခဲ့ပါသည်။ 

၎င်း ၉လတာဝင်ငွေမှာ ရင်းဂစ် ၂.၁ ဘီလီယံ ဖြစ်ပြီး ယခင်နှစ်ထက် ၆၀% မြင့်တက်ပါသည်။ 

 

၉ လာတာတွင် ရောင်းအား ကောင်းခဲ့သည်မှာ  တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ခြင်း၊ ဘီယာကဏ္ဍ အခြေအနေ ပြန်လည် နာလန်ထကာ တည်ငြိမ်ခိုင်မာလာခြင်း၊ ကုန်ကျစရိတ် စီမံမှု ပိုမိုကောင်းမွန်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

Source FMT

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 08 November 2022 18:31
Rate this item
(0 votes)