Fruits & Vegetables



အယ်နီညိုကြောင့် ကော်ဖီ ဈေးတက်နိုင်

အယ်နီညိုကြောင့် ကော်ဖီ ဈေးတက်နိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အယ်နီညိုကြောင့် ဖြစ်ပေါ်လာသည့် ပူပြင်းလွန်း ခြောက်သွေ့လွန်းသော  ရာသီဥတု အခြေအနေများသည် ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ကဲ့သို့သော ကော်ဖီထုတ်လုပ်‌ေသာ နိုင်ငံများတွင် ရိုဘတ်စတာ robusta  ကော်ဖီ ထုတ်လုပ်မှုကို  ထိခိုက်နိုင်သဖြင့် ဈေးနှုန်းများ မြင့်တက်လာနိုင်သည်။

.

 "၂၀၂၃ ခုနှစ် တတိယ၃လပတ်တွင်  အယ်နီညိုအခြေအနေသို့ အသွင်ကူးပြောင်းမှုသည်  ရိုဘတ်စတာကော်ဖီ ထုတ်လုပ်သည့် အဓိက နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် အထွက်နှုန်းလျော့ကျနိုင်သည်ဟု အတော်များများက မျှော်လင့်ထားကြသည်" ဟု Fitch Solutions ၏ သုတေသနဌာန  BMI မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထာားသည်။

 .

ရိုဘတ်စတာကော်ဖီသည် ခါးသီးသော အရသာပြင်းသည်။ အက်စစ်ဓာတ်မြင့်မားသည်။

ပရီမီယံနှင့် ပိုစျေးကြီးသော အာရေးဗီးကား arabica အမျိုးအစားထက် ကဖိန်းဓာတ် ပိုမိုပါဝင်သည်။

.

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ အဆိုအရ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဘရာဇီးတို့သည် ရိုဘတ်စတာ အများဆုံး ထုတ်လုပ်သည့် နိုင်ငံများဖြစ်သည်။

.

ဘရာဇီး၏ ရိုဘတ်စတာကော်ဖီသည်လည်း မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရိုဘတ်စတာ ဈေးတက်လျှင် များသောအားဖြင့်  ရိုဘတ်စတာ အသုံးများသည့် အသင့်ဖျော်ကော်ဖီနှင့် ကော်ဖီကြမ်းခါးခါး အက်စ်ပရက်ဆို espresso တို့ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်မည်။ 

.

ကမ္ဘာလုံးဆိုင်ရာကော်ဖီထုတ်လုပ်မှုတွင် ရိုဘတ်စတာသည် ၄၀% ရှိပြီး အာရေးဗီးကားသည် ၆၀% ရှိသည်။

အာရေးဗီးကားသည် အများအားဖြင့် အရည်အသွေးမြင့်မားပြီး ရိုဘစ်တာကော်ဖီထက် စျေးနှုန်းပိုမိုမြင့်မားသည်။

.

အာရေးဗီးကားသည် ဈေးမြင့်သဖြင့် ဈေးသက်သာသည့် ရိုဘတ်စတာကို သုံးကြရသည် ဖြစ်ရာ ရုိဘတ်စတာ ဈေးမြင့်ပါက အသင့်ဖျော်ကော်ဖီထုပ်လည်း ဈေးမြင့်ပြီး ရောင်းအားကျဆင်းနိုင်သည်။

.

အယ်လ်နီညိုသည် ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းဒေသများတွင် ပုံမှန်အခြေအနေများထက် ပိုမိုပူပြင်းပြီး ပိုမိုခြောက်သွေ့သော ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။ ယခုနှစ် အယ်နီညိုသည် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကျရောက်နိုင်သည်ဟု ရာသီဥတု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

.

“အရှေ့တောင်အာရှတစ်ဝှမ်းမှာ အယ်လ်နီညိုအခြေအနေတွေဟာ ပျမ်းမျှအောက် မိုးရွာသွန်းမှုနှင့် အပူချိန်မြင့်မားမှုတို့ ဖြစ်ပေါ်စေပြီး မိုးနည်းခြင်းနှင့် ပူပြင်းခြင်းတို့သည်  ကော်ဖီထုတ်လုပ်မှုကို ကျဆင်းစေပါသည်" ဟု BMI အစီရင်ခံစာမှာ ဖော်ပြထားသည်။

 

အရှေ့တောင်အာရှတွင် မကြာသေးမီက မေလလယ်တွင် စံချိန်တင်အပူပြင်းသည်ကို ကြုံခဲ့ရသည်။

.

ယေဘူယျအားဖြင့်ပြောရလျှင် အာရှသည် အာရေးဗီးကားထက် ရိုဘတ်စတာကို ပိုမိုနှစ်သက်ပြီး ရိုဘတ်စတာ ဝယ်လိုအားသည် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ကြီးထွားလာ‌ေနသည်။

.

အာရေးဗီးကားသည် အရည်အသွေးမြင့်သော်လည်း ဈေးမြင့်သဖြင့် အသင့်ဖျော်ကော်ဖီ ထုတ်လုပ်သူတို့က ဈေးသက်သာသည့်  ရိုဘတ်စတာကို ရွေးချယ်သည်။ သောက်သုဲးသူတို့ကလည်း လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး ကျဆင်းမှုကြောင့် ဈေးသက်သာသည့်  ရိုဘတ်စတာကို ရွေးချယ်ကြသည်။

.

ငွေကြေးဖောင်းပွမှုကာလတွင် ကုန်ကျစရိတ်သက်သာစေရန် ကော်ဖီထုတ်ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများသည် စျေးနှုန်းသက်သာရန်အတွက် ရိုဘတ်စတာဖြင့် ဈေးမြင့်သည့် အာရေးဗီးကားကို အစားထိုးကြသည်ဟု BMI အစီရင်ခံစာမှာ ဖော်ပြထားသည်။

.

ရိုဘတ်စတာ အထွက်လျော့ကျနေစဉ် ဝယ်လိုအား မြင့်တက်သဖြင့် ဈေးတက်သည်။

ရိုဘတ်စတာ ကော်ဖီဈေးနှုန်းများသည်  မကြာသေးမီက မြင့်တက်လာခဲ့သည်။ မေလကုန်တွင် တစ်တန်လျှင် ကန်ဒေါ်လာ ၂၇၈၃ ဖြစ်လာသည်။ ၁၅ နှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။ ဇူလိုင်လအတွက် ကြိုပွိုင့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၆၀၈ ဖြစ်ပါသည်။ 

.

Screenshot_2023-06-15_132327.jpg

 

အာရေးဗီးကားသည် ဝယ်လိုအား လျော့ကျသဖြင့် ဈေးကျသည်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိသည်။

.

Source cmbc

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 15 June 2023 13:27
Rate this item
(0 votes)