Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းသီးဟင်ရွက်တစ်မျိုးထက် ပိုတဲ့ ခရမ်းချဉ်သီး

ဟင်းသီးဟင်ရွက်တစ်မျိုးထက် ပိုတဲ့ ခရမ်းချဉ်သီး Google

ခရမ်းချဉ်သီးဆိုတာက အိမ်ရှင်မတွေအတွက် မထူးဆန်းလောက်အောင်ကို နေ့စဉ်ထိတွေ့နေရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။

ဒါမယ့် ခရမ်းချဉ်သီးက ဟင်းသီးဟင်းရွက်တစ်မျိုးထက် ပိုတယ်ဆိုတာရော သတိထားမိကြရဲ့လား?

 

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်အေက ဆံပင်ကို နက်မှောင်သန်စွမ်းစေပါတယ်။ ဆံပင် အရောင်မွဲခြောက်ခြောက်ဖြစ်ခြင်း၊ ကျွတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း တို့အတွက်လည်း အလွန်သင့်တော်တဲ့ အရာဖြစ်ပါတယ်။ ခရမ်ချဉ်သီး အစိမ်းကို ပုံမှန်စားသုံးပေးခြင်းကြောင့် ဆံပင်ကျန်းမာရေးကို ပိုပြီး ထိရောက်စေပါတယ်။ ခရမ်းချဉ်သီးအစိမ်းကို နေ့စဉ်ပုံမှန်စားပေးပါက အမြင်အာရုံကို ကြည်လင်စေပါတယ်။

 

ကွန်ပျူတာသမားတွေ၊ စာဖတ်များသူတွေအတွက် ခရမ်းချဉ်သီးစားပေးခြင်းဖြင့် အမြင်အာရုံမှုန်ဝါးခြင်းကို သက်သာစေပါတယ်။ ခရမ်းချဉ်သီးမှာ ပေါပေါများများပါတဲ့ lycopene ဓာတ်ဟာ ခန္ဓာကိုယ် ရောင်ရမ်းခြင်းနဲ့ နေလောင်ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပြီး ရောဂါကြောင့်ဖြစ်တဲ့ ကိုယ်ဖောခြင်းအတွက်လည်းသုံးနိုင်ပါတယ်။

 

ချက်ပြုတ်ခြင်း မပြုရသေးတဲ့ ခရမ်းချဉ်သီးက ပိုပြီးတော့ lycopene ဓာတ်ပါဝင်တာမို့အသားအရေ ရောင်ရမ်းတဲ့အခါမှာ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးခြင်းက ပိုပြီး ထိရောက်မှုရှိပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ပေါင်းက သင့်ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏ 11.4% ကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ အဲဒီ ပိုတတ်စီယမ်ကပဲ သွေးပေါင်ချိန် မြင့်တက်မှုကို ကျဆင်းစေပြီး သင့်တော်တဲ့ သွေးချိန်ပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

ကိုလက်စထရောဓာတ်ပမာဏ များလေ ရောဂါတွေကို လက်ခံရဖို့ ပမဏများလေဖြစ်ပါတယ်။ ခရမ်းချဉ်သီးကိုစားသုံးပေးခြင်းကြောင့် ဆိုးဝါးတဲ့ ကိုလက်စထရောဓာတ်တွေကို ချေဖြတ်ပေးပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ကိုလက်စထရောဓာတ်တွေကို တိုးပွားစေပါတယ်။

 

အိပ်မပျော်တဲ့ ရောဂါရှိသူတွေအတွက်လည်း ခရမ်းချဉ်သီးစားပေးခြင်းဖြင့် ကောင်းကောင်းအိပ်ပျော်ခြင်းကို အားပေးပြီး၊ အိပ်မပျော်ဘူးဆိုရင် ခရမ်းချဉ်သီးဖျော်ရည်သောက်သင့်ပြီး ပါတယ်။ ထို့ပြင် ခရမ်းချဉ်သီး ပုံမှန်စားသုံးပေးသူမှာ ကင်ဆာနဲ့ နှစ်လုံးရောဂါကို ဖြစ်နိုင်ချေနည်းပါး စေပါတယ်။

 
Read 1428 times Last modified on Wednesday, 23 June 2021 11:33
Rate this item
(0 votes)