Fruits & Vegetables



မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင်  စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

   3 12 2024                

မန္တလေး ဆီထွက်သီးနှံဈေးကွက် အခြေအနေ

 

မန္တလေးဆန်ပွဲရုံများတွင် အဝင်ပုံမှန်၊မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်း၊ အဟောင်းလက်ကျန် ပစ္စည်းရှားပြီး အသစ်များသာ ရောင်းဝယ်မှုရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၃၈၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

 

မနောသုခဆန်မှာ မန္တလေးဝန်းကျင်မှ ဝင်ရောက်ခြင်း၊ အဝင်များလာခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ကျပ် မှ ၈၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ 

     

ငစိန်ဆန်မှာ မြို့တွင်းလုပ်ငန်းသမား၊ လုပ်ငန်းသမားများ အဝင်များခြင်း၊ အသစ်အဝင်နည်း သေးခြင်း၊ အဝေးတင်ပို့ရမှု အနည်းငယ်ရှိနေခြင်းကြောင့် ယခင်အပတ် ၁တင်းခွဲတစ်အိတ် ၆၀၀၀၀ ကျပ် မှ ၇၂၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ 

 

ဇီယာဆန်မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

    

ဧရာမင်းဆန်မှာ အဝင်ပုံမှန်ရှိခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဆီထွက်သီးနှံဈေးကွက်အခြေအနေ

    

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် သီးနှံများအနက်မြေပဲ(လုံးဆံ၀ ဈေးနှုန်းမှာ မိုးပဲအဝင်နည်းသွားခြင်း၊ မိုးနှင့်ဆောင်းကြား စပ်ကူးမတ်ကူးကာလဖြစ်ခြင်းကြောင့် အရည် အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၁၀၀ပိဿာလျှင် ၆၃၀၀၀၀ကျပ် မှ ၆၉၀၀၀၀ကျပ်၊ အကောင်းဆုံး ၁၀၀ ပိဿာလျှင် ၇၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ မြေပဲဆိဆံမှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ဆောင်းပဲမဝင်သေးသော်လည်း ၁၀၀ပိဿာ ၅၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်းအဝင်နည်းသွားခြင်း၊ ဆောင်းနှမ်းမဝင်သေးခြင်းကြောင့် နှမ်းဖြူမှာ တရုတ်ဝယ်လက်နည်းပြီး လုပ်ငန်းသုံးအဝယ်သာရှိခြင်းကြောင့် ၄၅ပိဿာ အရည်အသွေး အကောင်းဆုံး ၃၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းညိုမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း၊ ဆောင်းနှမ်း မဝင်သေးခြင်းကြောင့် ၄၅ပိဿာ ၂၇၅၀၀၀ကျပ် မှ ၂၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းနက်(စမုံ)မှာ အရည်အသွေးအကောင်းဆုံး ၃၅၀၀၀၀ကျပ် မှ ၃၆၀၀၀၀ကျပ်သို့ ဈေးမြင့်သွား သည်။ 

       

နှမ်းနီနှင့် နှမ်းဝါမှာ အခွံချွတ်သမား အဝယ်သာရှိခြင်းကြောင့် ၄၅ပိဿာ နှမ်းနီ ၂၉၅၀၀၀ကျပ်၊ နှမ်းဝါ ၂၉၀၀၀၀ကျပ် အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။

         

ပန်းနှမ်းဈေးနှုန်းအနေဖြင့် ပစ္စည်းရှာခြင်း၊ အရောင်းအဝယ် အေးခြင်းကြောင့် ယခင်အပတ် ဈေးနှုန်းအတိုင်း ၄၅ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

        

နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာအဝင်နည်းခြင်း၊ ဆောင်းနေကြာမဝင်သေးခြင်း၊ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၂၇ပိဿာ ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ

        

မန္တလေးကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနက် ကြက်သွန်နီဈေးနှုန်းမှာ ထီးဆောင်း၊ မုံရွာကြက်သွန် မဝင်တော့ခြင်း၊ မြင်းခြံ၊ ရွှေဘို လက်ကျန်နည်းခြင်းကြောင့်(ကြီး) တစ်ပိဿာ ၄၀၀၀ ကျပ် ဈေးရှိပြီး မြစ်သားကြက်သွန်(ကြီး) တစ်ပိဿာ ၃၅၀၀ ကျပ် မှ ၃၇၀၀ကျပ် (လတ်) တစ်ပိဿာ ၃၃၀၀ ကျပ် မှ ၃၄၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ကြက်သွန်နီ(သေး) တစ်ပိဿာမှာ အဝင်များခြင်းကြောင့် ၃၀၀၀ ကျပ် မှ ၂၈၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

       

ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ (တရုတ်)မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန် ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်သို့ ဈေး နိမ့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေးကောင်းရှားခြင်း၊ စိုက်ပျိုးဆဲကာလဖြစ်ခြင်း ကြောင့် တစ်ပိဿာ အညံ့ဆုံး ၁၃၀၀၀ကျပ်မှ အကောင်းဆုံး ၁၅၀၀၀ကျပ်ဈေးဖြင့် ရောင်းဝယ်နေသည်။

         

အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများသာ ဝင်ရောက်ခြင်း၊ မြို့တွင်းစားသုံးမှုသာရှိ ခြင်း၊ အဝေးတင်ပို့ရမှုနည်းခြင်း၊ အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ကျပ် မှ ၂၃၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

        

ချင်းဈေးနှုန်းအနေဖြင့် ပြည်ပတင်ပို့မှုမရှိခြင်း၊ မြို့တွင်းသုံးမျှသာရှိခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စားဖိုဆောင်သီးနှံများအား မြစ်ကြီးနား၊ ဟိုပင်၊ ရွှေတော၊ မဘိန်းနှင့် မှာယူသော မြို့များသို့ တင်ပို့မှုအနည်းငယ်ရှိသည်။ 

 

ပဲမျိုးစုံဈေးကွက်အခြေအနေ

     

 မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်းမှာ စိုက်ပျိုးစကာလဖြစ်ခြင်း၊ အသစ်ဝင်ချိန်နီးခြင်း ရန်ကုန်ဝယ်လက်နည်းခြင်း၊ ပဲခွဲစက်များ အဝယ်သာ ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၆၀ပိဿာ ၂၈၃၀၀၀ကျပ် မှ ၂၈၁၀၀၀ကျပ်သို့ ဈေးမသိ မသာဆိုရုံနိမ့်သွားသည်။

    

ပဲတီစိမ်း(အညာ)မှာ တရုတ်ဘက်မှအဝယ်များသော ပဲဖြစ်ပြီး တရုတ်ဝယ်လက်နည်းခြင်း၊ အညာဘက်မှ အသစ်များအဝင်ရှိပြီး အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်း၊ ရန်ကုန်ဘက် တွင် ရွှေဝါပေါ်ချိန်ဖြစ်၍ မန္တလေးမှ အဝယ်နည်းခြင်းတို့ကြောင့် အရည်အသွေးအကောင်းဆုံး ၃တင်း တစ်အိတ် ၁၈၀၀၀၀ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

    

ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ လက်ကျန်စ္စည်းကောင်းရှားခြင်း၊ အသစ်မဝင်သေးခြင်း၊ အိန္ဒိယသို့ ပို့ရန် ရန်ကုန်ဝယ်လက် ဝယ်ယူသော ပဲဖြစ်ခြင်းကြောင့် ပဲစိမ်းငုံ(နီ) ၃တင်းတစ်အိတ် ၃၁၀၀၀၀ကျပ်၊ ပဲစိမ်းငုံ(ဖြူ)မှာ ပစ္စည်းမရှိသလောက်ရှားခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းပြီး ၃တင်း တစ်အိတ် ၃၀၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။

    

ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ မိုးပဲအဝင်နည်းခြင်း၊ ဆောင်းပဲစိုက်ထားဆဲ ကာလဖြစ်ခြင်း၊ လုပ်ငန်းသမားအဝယ် အနည်းငယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ပဲပုတ်(မြန်မာ) ၁၈၅၀၀၀ ကျပ်မှ ၁၉၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး 

 

ပဲပုတ်(ရှမ်း)မှာ အဝင်ပုံမှန်၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း ကြောင့် ၃တင်းတစ်အိတ် ၁၇၃၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ကုလားပဲ ဈေးနှုန်းများအနေဖြင့် အသစ်မဝင်သေးခြင်း၊ ခွဲစက်နှင့်လုပ်ငန်းသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၄၀၀၀ကျပ်မှ ၂၉၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ကုလားပဲ (လုံးဝါကြီး)မှာလည်း မြို့တွင်းစားသုံးရန် ခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၃တင်းတစ်အိတ် ၂၆၈၀၀၀ကျပ်မှ ၂၇၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ လုံးဝါကြီး ဈေးမြင့်သဖြင့် ခွဲခြမ်းမှာလည်း အမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရသဖြင့် တစ်ပိဿာ ၆၄၅၀ကျပ်မှ ၆၅၂၀ကျပ်သို့ ဈေးမြင့်သွားသည်။

     

ပဲယင်း၊ စာတော်ပဲ(ကျွန်း၊ မြေတောက်ပဲ)တို့မှာ ဆောင်းပဲဝင်ချိန်နီးခြင်း၊ လက်ကျန်ပစ္စည်း ကောင်းရှားခြင်း၊ လှောင်သမားထံမှဝယ်ရခြင်း၊ လက်လီသမားအဝယ်ရှိခြင်းကြောင့် ပဲယင်း ၃တင်း တစ်အိတ် ၁၄၅၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း) ၃တင်းတစ်အိတ် ၃၄၀၀၀၀ကျပ်၊ မြေတောက်ပဲ ၃တင်း တစ်အိတ် ၃၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲလွန်းဖြူ/ပဲလွန်းပြာတို့မှာ မိုးပဲလက်ကျန်နည်းခြင်း၊ ဆောင်ပဲမဝင်သေးခြင်း၊ လက်လီသမား အဝယ်သာရှိခြင်းတို့ကြောင့် ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၁၉၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ ပဲလွန်းပြာမှာ ၁၉၀၀၀၀ကျပ် မှ ၂၀၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

    

ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ ပဲကြီး(ကြီး)မှာ မိုးနှင့်ဆောင်းကြား စပ်ကူး မတ်ကူးကာလဖြစ်၍ ပဲကြီး(ကြီး) ၃တင်းတစ်အိတ် ၄၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲကြီး(သေး)မှာ ၃၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ထောပတ်ပဲ(ကြီး)မှာ ပြည်ပဝယ်လက် မရှိခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ထောပတ်ပဲ(ကြီး)မှာ ၄၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေပြီး၊ ထောပတ်ပဲ(သေး)မှာ လက်လီသမားအဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၇၀၀၀၀ကျပ်မှ ၄၂၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

 

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဈေးကွက်အခြေအနေ 

        

မန္တလေးကိုင်းတန်းဈေးတွင် ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ငရုတ်စို(ရှည်နှင့်လတ်)မှာ မုံရွာ ချောင်းဦးမှ ပုံမှန်ဝင်ရောက်နေပြီး မြို့တွင်းလက်ဖတ်ငပိထောင်းသမား ပုံမှန်ဝယ်ယူမူသာရှိပြီး ကွပ်ခိုင် ၅ရက်တစ်ဈေးနှင့် အဝေးတင်ပို့ရမူ နည်းခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၂၂၀၀ကျပ် ငရုတ်စို (လက်) ၃၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။

    

ဟင်းသီး/ရွက်ဈေးအနေဖြင့် အရည်အသွေးကောင်းလာသောကြောင့် ပန်းမုံလာတစ်ပွင့် ၈၀၀ကျပ်၊ ဂေါ်ဖီတထုပ် ၇၀၀ကျပ်၊ ခါကျက်ဥ ၁ပိဿာ ၂၀၀၀ကျပ်ဈေးဖြင့် ရောင်းဝယ်နေပြီး မုန်ညှင်း ၁၆ပိဿာ တစ်အိတ် ၆၀၀၀ကျပ် မှ ၁၀၀၀၀ကျပ်သို့ ဈေးမြင့်လာသည်။

    

မင်းကွန်း၊ ဆင်ရွာ၊ မြင်းမူ၊ မန်ကျည်းကုန်းတို့မှ ဘိုစားပဲသီးများ ဝင်ရောက်မူရှိပြီး ပြင်ဦးလွင် အောင်ပန်းကဲ့သို့ အရည်အသွေးကောင်းလာသောကြောင့် တစ်ပိဿာ ၃၀၀၀ကျပ် ဈေးရှိသည်။ 

    

သစ်သီးဝလံဈေးနှုန်းအနေဖြင့် မုံရွာချောင်းဦးမှ ဖရဲသီးအလုံးကြီးများ ဝင်ရောက်ပြီး အရည်အသွေး ပေါ်မူတည်၍ ၄၀၀ကျပ် မှ ၂၅၀၀ကျပ်၊ ရွှေသခွား ၄လုံးတစ်ဖာ ၇၀၀၀ကျပ်၊ ဖိုက်သခွား ၄လုံးတစ်ဖာ ၁၅၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်၊ သင်္ဘောသီး အလုံးကြီးတစ်လုံး ၁၅၀၀ကျပ်၊ ထောပတ်သီး ၁၂၀လုံးပါတစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၂၀၀၀၀ကျပ် မှ ၃၀၀၀၀ကျပ်၊ သီပေါနာနတ်များ ၅၀၀ကျပ် မှ ၈၀၀ကျပ်ဖြင့် မြို့တွင်းသုံးနှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။ 

    

ပန်းသီး(တရုတ်)များလည်းဝင်ရောက်ပြီး ၆၀လုံးပါတစ်ဖာ ၅၈၀၀၀ကျပ်ဖြင့် ဈေးမြင့်နေသည်။ ပျားလိမ္မော်၊ ပန်းလိမ္မော်၊ လိမ္မော်မျိုးစုံ လှိုင်လှိုင်ဝင်ရောက်မှုရှိပြီး သီပေါလိမ္မော် ၁၀၀ပိဿာလျှင် အရည် အသွေးပေါ်မူတည်၍ ၃၅၀၀၀၀ကျပ်မှ ၆၅၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။ မန္တလေး ဈေးကွက်မှ သစ်သီးမျိုးစုံအား ပြင်ဦးလွင်ညောင်ဦး၊ မြင်းခြံ၊ နွာထိုးကြီး၊ တောင်တွင်းကြီးနှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 03 January 2024 15:37
Rate this item
(0 votes)