Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဝယ်ယူမှုရှိသောကြောင့် ကြက်သွန်နီဈေး အလားလာကောင်းနေ

နွေကြက်သွန်နီများကို တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ နိုဝင်ဘာလဆန်းမှစ၍ ပြန်လည်ဝယ်မှုရှိသောကြောင့် ကြက်သွန်နီစျေး အလားလာကောင်းနေပြီး

ကြက်သွန်စိုက်တောင်သူနှင့် ကုန်သည်များ မျှော်လင့်ချက်ရှိလာကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရသည်။

“ဘင်္ဂလားဘက်က အခုပြန်ဝယ်နေတာ ၁၂ ရက်ကျော်နေပြီ။ လဆန်းကစပြီး ပြန်စဝယ်ယူနေတယ်။ တရုတ်ဘက်က ပုံမှန်လေးဝယ်ယူတယ်။ မူဆယ်လမ်းကြောင်းပိတ်ထားတော့ မြဝတီလမ်းကြောင်းကနေ သွားနေတယ်။ တရုတ်က RC ရော အဝယ်တော်ရော ဝယ်ယူနေတယ်။ ပုံမှန်ဝယ်နေတယ်။ ဘင်္ဂလားဘက်ကက ဂျွန်ရော RC ရော လိုက်ဝယ်တယ်။ အခုတော့ စျေးတွေက ၃၀၀ ကနေ ၃၅၀ ရှိတယ်။ တစ်နိုင်ငံလုံးတော့ စျေးက ၃၅၀ တစ်ပတ်လည် ရှိတယ်။ ပစ္စည်းအကောင်းစျေးပေါ့။ ချောင်းထဲစိုက်တဲ့ ကြက်သွန်တွေက ဒီစျေးမရှိဘူး။ချောင်းထဲစိုက်တဲ့ ဥစိုက်အသေးတွေက အရောင်းအဝယ်လည်း မဖြစ်ဘူး။ ဒီစျေးလည်းမရှိဘူး။ ပုံမှန်ရောင်းတန်းဝင်တဲ့ဆိုက်နဲ့ ရောင်းတန်းဝင်တဲ့ ပစ္စည်းက ပုံမှန်တော့ စျေး ၃၀၀ ကနေ ၃၅၀ စျေး၊ ရောင်းတန်းမဝင်တဲ့ ဥသေးတာတွေ ပစ္စည်းညံ့တာတွေက အရောင်းအဝယ်က မဖြစ်ဘူး။ စျေးနှုန်းက အဆင်ပြေသလို ကြိုက်ရောင်းကြိုက်ဝယ် ရောင်းကြတယ်။ အခု ကြက်သွန်နီကို ပုံမှန် ဘင်္ဂလားဘက်က ဝယ်တယ်။ မြဝတီလမ်းကြောဘက်ကလည်း ဝယ်တယ်။ စျေးက ၁၁ လပိုင်း လဆန်းလောက်မှ ပြန်ဝယ်လာတော့ ရောင်းချိန်ဝယ်ချိန်သိပ် မရှိတော့ဘူး။ လှောင်တဲ့ကုန်သည်လက်ထဲမှာနဲ့ တောင်သူလက်ထဲမှာ ကြက်သွန်လက်ကျန် နည်းနည်းများတယ်။ ဒီတစ်ခါ ဘယ်လောက်လိုင်းကြမ်းကြမ်း အရင်လို ကြက်သွန်စျေးပြန် မရောက်နိုင်ဘူး။ စျေးပြန်မတက်နိုင်ဘူး။ ဒီလို ၅၀ တို့ ၁၀၀ တို့လောက်သာ ကြက်သွန်စျေး ပြန်တက်နိုင်မယ်။ နည်းနည်းတက်နိုင်မယ်။ ကြက်သွန်က အချိန်မစောင့်နိုင်တော့ဘူး။ သူ့ကြက်သွန်ရာသီ ကုန်တော့မယ်။ လက်ကျန်က တစ်လကျော်လောက်သာ ရောင်းချိန်ရှိတော့တယ်။ ကိုယ်နိုင်ငံဘက်မှာ ကြက်သွန်အပင် မပေါက်သွားပေမဲ့ သယ်သွားပြီး သူတို့နိုင်ငံကြမှ ကြက်သွန်အပင်ပေါက်သွားရင် အရောင်းအဝယ် ဒုန်းဆိုရပ်ဆိုင်းသွားမယ်။ အရောင်းအဝယ် ရပ်သွားရင်ဆိုတော့ တောင်သူနဲ့ကုန်သည် မူမနေနိုင်ဘူး။ သူတို့ စျေးစစ်တာကို အဆင်ပြေသလို ကြည့်ရောင်းနေရတယ်။ သူတို့မှမဝယ်ရင် ဒီနှစ်နွေကြက်သွန်နီ လက်ကျန်ပစ္စည်းက များနေတယ်။ တရုတ်နဲ့ ဘင်္ဂလားဘက်က မဝယ်ရင် ၁၁ လပိုင်းကနေ နောက်တစ်လကျော်တဲ့အထိ မဝယ်ရင် နွေကြက်သွန်နီလက်ကျန်က မနှစ်ကထက်များပါတယ်။ကြောက်စရာကောင်းတယ်။ တောင်သူနဲ့ကုန်သည် ဆုံးရှုံးသွားနိုင်တယ်။ စျေးကွက်က ကျန်နေမှာပေါ့။ ပစ္စည်းဆုံးရှုံးမှုများမယ်။နွေကြက်သွန်နီက ဒီအတိုင်း နောက်လအထိ ပုံမှန်ဝယ်ယူနေရင် မြန်မာပြည်ကြက်သွန်က သူစျေးနဲ့ သူအရောင်းအဝယ်ဖြစ်ပြီး ကုန်သွားနိုင်တယ်။ အိတ်စပို့ အဝယ်ရပ်နားသွားရင်တော့ မနှစ်ကလို ကြက်သွန်နီစျေး ၁၀၀ တို့ ၂ဝဝတို့ ဖြစ်သလို ရောင်းရမယ့် အခြေအနေ ရောက်သွားနိုင်တယ်။ ကြက်သွန်နီပျက်စီးပြီး လွှင့်ပစ်ရမယ့်ပစ္စည်းတွေ အများကြီးရှိသွားနိုင်တယ်။ ဘင်္ဂလားဘက်က ဝမ်းတူးပစ္စည်းသန့်ရင် ၄၅၀ ကနေ ၄၇၀ အထိ စျေးပေးဝယ်ယူနေတယ်။ ဝမ်းတူးပစ္စည်းမသန့်ရင် ၄၀၀ ပတ်ချာလည် စျေးပေးဝယ်ယူနေတယ်။ စျေးနှုန်းက သူရဲ့ အရပ်ဒေသနဲ့ သူရဲ့ပစ္စည်းပေါ်မူတည်ပြီး စျေးအမျိုးမျိုးပေးဝယ်ယူနေတယ်။ အပေါ်စင် ဝမ်းတူးများရင် တစ်စျေး ဝမ်းတူးနည်းရင်တစ် စျေးနဲ့ ပေးဝယ်နေတယ်” ဟု မန္တလေးမြို့ ရွှေမန်းလှကြက်သွန်ပွဲရုံမှ ဦးဝင်းမြင့်က ပြောကြားသည်။

ကြက်သွန်နီကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ၈၇၈၃၂ ဒသမ ၁၆၃ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃၁၉ သန်းရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၃၃၅၆၅ တန်အထိ တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၀၃ သန်းအထိ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

“နယ်တွေမှာဝယ်ပြီး မန္တလေး၊ ရန်ကုန်မှာ သွားရောင်းတယ်။ ဝမ်းတူးအစတွေက ကားတစ်စီးပေးပါဆို ပစ္စည်းမရှိဘူး။ ကားတစ်စီးမှာ ဝမ်းတူးအစက နည်းနည်းပါတာပါ။ များတာက သုံးလေးများတာပါ။ မုံရွာဘက်ကမှ ဝမ်းတူးများတာပါ။ ကျောက်ဆည်၊ မြစ်သားနယ်ဘက်က ကြက်သွန်မထွက်သေးဘူး။ အခုက မန္တလေးတိုင်း မြင်းခြံခရိုင်၊ မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူနယ်၊ စစ်ကိုင်းတိုင်း မုံရွာခရိုင်တို့က အဓိကထားပြီး ကြက်သွန်ထွက်နေတာပါ။ ကျောက်ဆည် မြစ်သားနယ်တွေဘက်က ဒီဇင်ဘာလကုန်မှတစ်ဖြတ် ကြက်သွန်နီ ထွက်ပါမယ်။ သူတို့က အခုမှ ကြက်သွန်စိုက်တုန်း ရှိသေးတယ်။ မန္တလေးစျေးကွက်က ဝမ်းတူးအစ ၇၅၀ ကနေ ၈၀၀ ရောင်းကြတယ်။တူးအစ ၆၀၀ စျေး၊ သုံးအစ ၅၀၀ ကနေ ၅၅၀ စျေး၊ လေးအစက ၃၀၀ ကနေ ၄၀၀ စျေး။ အဆင်ပြေသလို ကြည့်ရောင်းနေကြရတယ်” ဟု မန္တလေးမြို့ ရွှေမန်းလှကြက်သွန်ပွဲရုံမှ ဦးဝင်းမြင့်က ပြောကြားသည်။

 

news-eleven.com

 

 

 

Read times Last modified on Tuesday, 16 November 2021 21:11
Rate this item
(0 votes)