Fruits & Vegetables



မလေးရှာနိုင်ငံသို့ ထောပတ်သီးရာသီအတွင်း ထောပတ်သီးတန်ချိန် ၁၀၀ ထိတင်ပို့နိုင်ခဲ့

မလေးရှားနိုင်ငံသို့ ထောပတ်သီးရာသီအတွင်း ထောပတ်သီးတန်ချိန် ၁၀၀ ထိ တင်ပို့နိုင်ခဲ့ကြောင်းမြန်မာနိုင်ငံ ထောပတ်သီး

စိုက်ပျိုးထုပ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO) အထွေထွေအတွင်းရေးမှူးထံမှ သိရသည်။

 

ထောပတ်သီးရာသီအတွင်း မလေးရှားနိုင်ငံသို့ ထောပတ်သီးတန်ချိန် ၅၀ ထိ တင်ပို့ရန်လျာထားဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ထိ ထောပတ်သီးတန်ချိန် ၁၀၀ ထိ တင်ပို့နိုင်ခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန် အောင် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

 

Min Han Terrazzo

Click Here >>> Min Han Terrazzo

“၂၀၂၂ ခုနှစ် နိုဝင်ဘာလပထမပတ်ကစပြီး ထိုင်နိုင်ငံနဲ့ မလေးရှားနိုင်ငံကို ထောပတ်သီးစတင်ပို့နေတာဖြစ်ပါ တယ်။ လက်ရှိမှာတော့ ထိုင်နိုင်ငံကို တင်ပို့မှု ခေတ္တရပ်နားထားပြီး မလေးရှားနိုင်ငံကို ဆက်လက်တင်ပို့နေပါ တယ်။ မလေးရှားနိုင်ငံကို တင်ပို့ရာမှာ ထောပတ်သီး တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဒေါ်လာ လောက်ရရှိပါတယ်။ ထောပတ်သီးရာသီမှာ တန်ချိန် ၁၀၀ ထိတင်ပို့နိုင်ခဲ့ပါတယ်” ဟု (MAVO) အထွေထွေ အတွင်းရေးမှူးကပြောပြသည်။

 

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ထောပတ်သီး နမူနာများကို ပြင်သစ်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ စမ်းသပ်တင်ပို့လျက်ရှိပြီး ထိုင်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုက ထောပတ်သီး များကို ဝယ်လိုအားရှိနေသော်လည်း အရည်အသွေးဆိုင်ရာ လက်မှတ်များ ရယူရန်ရှိနေသည့်အတွက် တင်ပို့မှု ခေတ္တဆိုင်ငံ့ထားကြောင်းသိရသည်။

 

ပြည်ပသို့တင်ပို့နေသည့် ထောပတ်သီး Hass အမျိုးအစားမှာ နှစ်စဉ် တန် ၃၀၀ နှင့် ၅၀၀ ကြား ထွက်ရှိပြီး ထောပတ်သီးများသည် အောက်တိုဘာလမှ ဇန်နဝါရီလထိ ထွက်ရှိကြောင်း သိရသည်။

 

Source: The Mirror

Read times Last modified on Monday, 20 February 2023 10:23
Rate this item
(0 votes)