Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မာလဲနတ်​​တောင်​ ​ရေ​လှောင်​တမံမှ ယခုနှစ် နွေသီးနှံစိုက်ဧက ၈၀၀ ကျော်အတွက် စိုက်ပျိုးရေများ ပေးဝေသွားမည်

မတ္တရာမြို့နယ်​အတွင်းရှိ မာလဲနတ်​​တောင်​ ​ရေ​လှောင်​တမံအား ​တောင်​သူများအတွက်​ စိုက်​ပျိုး​ရေ ပြည့်ဝစွာ​ပေး​ဝေနိုင်​ရန်​

ပြုပြင်​​မှုများ ဆောင်​ရွက်​ပြီးဖြစ်၍ ​နွေသီးနှံစိုက်​ဧက ၈၀၀ ကျော်အတွက်​​​ လာမည့် ဖေဖော်ဝါရီ ပထမပတ်မှစ၍ စိုက်ပျိုးရေများပေး​ဝေ​သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဆည်​​မြောင်းနှင့် ​ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာနမှ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးစံမင်းထွန်းက ပြောသည်​။

အဆိုပါ နွေသီးနှံစိုက်ဧကများအတွက် မာလဲနတ်​​တောင်​ရေ​လှောင်​တမံအတွင်း ရေလက်ကျန်ပမာဏမှာ ဧကပေ ၁၇၀၈၀၊ ရသေပမာဏမှာ ဧကပေ ၇၄၁၀၊ စိုက်ပျိုးရေအတွက် အသုံးပြုနိုင်သော ရေပမာဏမှာ ဧကပေ ၉၆၇၀ ဖြစ်ပြီး ယင်းရေလက်ကျန် ပမာဏပေါ်မူတည်၍ ယခုဘဏ္ဍာနှစ်တွင် စပါး ၇၆၅ ဧကနှင့် နှမ်း ဧက ၁၀၀ လျာထားပြီး စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း၊ ထို့အတူ လာမည့် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးကြမည့် ပျိုးထောင်ရေအတွက်လည်း ချန်ထားပြီးဖြစ်ကြောင်း သိရသည်။

“တောင်​သူ​တွေအတွက်​ ​စိုက်​ပျိုး​ရေများ ပြည့်ဝစွာ​ပေးနိုင်​​အောင်​ မာလဲနတ်​​တောင်​ကို အဆင်​မြှင့်တင်​​ပြုပြင်ခြင်းလုပ်ငန်းတွေ ဆောင်​ရွက်​​ပြီးပါပြီ။ နောက်ဆို မိုးရွာသွန်းမှုပေါ်မူတည်ပြီးတော့ တောင်သူ တွေအတွက် စိုက်ပျိုးရေများကို ပြည့်ဝစွာပေးသွားမှာပါ။ ယခုနွေသီးနှံတွေအတွက်လည်း စိုက်ပျိုးရေ ပေးဝေသွားတော့မှာပါ။ တောင်သူတွေအနေနဲ့ကလည်း ရေကို စနစ်တကျနဲ့ ချွေတာသုံးစွဲကြဖို့ လိုပါတယ်။ ဒါမှ ရေတွေအလေအလွင့်မရှိပဲနဲ့ တောင်သူတွေ အဆင်ပြေစွာသုံးစွဲနိုင်ကြမှာပါ။ နွေ၊ မိုး ရာသီအလိုက် တောင်သူတွေအတွက် စိုက်ပျိုးရေများကို ပေးဝေသွားမှာပါ” ဟု ဦးစံမင်းထွန်းက ရှင်းပြသည်။

မာလဲနတ်တောင်ရေလှောင်တမံမှ ရေပေးဝေနိုင်မှုအတွက် စနစ်တကျ အဆင့်မြှင့်တင်ပြီးဖြစ်၍ ဆည်ရေသောက်ဧရိယာဧက ၆၅၀၀ အတွက် အပြည့်အဝပေးဝေနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါ စိုက် ပျိုးရေများကို မာလဲကျေးရွာ၊ နတ်တောင်ကျေးရွာ၊ လက်ပန်လှ၊ ဝါးရုံး ကုန်း၊ ရှောက်ပင်ရိုး၊ ခူလယ်၊ ကုက္ကို၊ စဉ့်ကူး(၂)၊ ငွေတောင်နှင့် မင်းရွာ စသည့်ကျေးရွာများတွင် ယခင်ကထက် ဆည်ရေအပြည့်အဝ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

ထိုအတူ ဆည်​​တော်​ကြီးဆည်​မှလည်း ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးမည့် နွေသီးနှံများဖြစ်သော နွေစပါး ၆၇၀၅၃ ဧကနှင့် နွေနှမ်း ၂၉၅ ဧကတို့အတွက် ရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရ သည်။

MDN

Read times
Rate this item
(0 votes)