Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှား စားအုန်းဆီ တစ်တန် ရင်းဂစ် ၅,၅၀၀ ဝန်းကျင် ရောက်ရှိ

မလေးရှား စားအုန်းဆီ တစ်တန် ရင်းဂစ် ၅,၅၀၀ ဝန်းကျင် ရောက်ရှိ

မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ် ဈေးနှုန်းက ဖေဖော်ဝါရီလ ၄ ရက်မှာ တစ်တန် မလေးရှားရင်းဂစ် ၅,၅၀၀ ဝန်းကျင်မှာ အတက်အကျ ကစားနေခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့ စားအုန်းဆီ အကြမ်းနဲ့ ဆီသန့် ပြည်ပတင်ပို့မှု မုဝါဒအသစ်ကြောင့် ထွက်ပေါ်လာမယ့်ရလဒ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိကြရမယ့် အခြေအနေကို စောင့်ကြည့် အကဲခတ်နေပါတယ်။

စားအုန်းဆီ တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ စားအုန်းဆီ မူဝါဒအသစ်က ကမ္ဘာ့စားအုန်းဆီ ဈေးကွက်ကို ဂယက်ထနေစေပါတယ်။ မူဝါဒအသစ်အရ စားအုန်းဆီ ထုတ်လုပ်သူတွေက ပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်မှု တန်ချိန်ပမာဏ စုစုပေါင်းရဲ့ ၂၀% ကို အစိုးရ ပြဌာန်းတဲ့ ပုံသေ ဈေးနှုန်းဖြင့် မဖြစ်မနေ ရောင်းချရမှာ ဖြစ်ပါတယ်။

မူဝါဒအသစ်ကြောင့် ဈေးအပေါဆုံး ဟင်းသီးဟင်းရွက်ဆီ အဖြစ်မှ ဈေးအကြီးဆုံး အဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်။ ကမ္ဘာ့စားအုန်းဆီ ဈေးကိုလည်း ဆွဲတင်ပါတယ်။ ပဲပုပ်နှင့် ပြောင်း ဈေးနှုန်းများလည်း ဈေးတက်ပါတယ်။

Bursa Malaysia Derivatives Exchange မှာ လာမယ့် ဧပြီလအတွက် စားအုန်းဆီ ကန်ထရိုက် ၀.၉၈% ဈေးတက်ပြီး တစ်တန် ရင်းဂစါ ၅,၅၆၈ အထိ မြင့်တက်ခဲ့ပါတယ်။

ပဲပုပ်ဈေးနှုန်းက တရုတ်နှစ်သစ်ကူး အပြီး တရုတ်ကုန်သည်တွေ အရောင်းအဝယ်ပြန်စတဲ့အခါ ဈေးထပ်တက်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။


စားအုန်းဆီ တစ်တန်ဈေးနှုန်း ဖြစ်လာနိုင်ခြေက ရင်းဂစ် ၅,၆၀၈ နှင့် ၅,၆၇၆ ကြား ဈေးတက်ဖွယ် ရှိပြီး ရင်းဂစ် ၅,၄၈၄ ဝန်းကျင်မှာ အခြေတည်လိမ့်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ။

Read times
Rate this item
(0 votes)