Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

20 10 2023

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

မန္တလေးဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်ဝင်ချိန်နီး၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ အသစ်ဝင်ချိန်နီးခြင်းကြောင့် လှောင်သမားထုတ်ရောင်းမှုရှိခြင်း ၊ မိုးများ၍ မှာယူတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ ကျပ် မှ ၁၂၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

    

မနောသုခဆန်မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

    

 ငစိန်ဆန် နှင့် ဇီယာဆန်မှာ အသစ်မဝင်သေးသော်လည်း လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ငစိန်တစ်အိတ် ၆၂၀၀၀ ကျပ် ၊ ဇီယာဆန်မှာလည်း နယ်ဝေးမှာယူတင်ပို့ရမှုနည်းခြင်း ၊ အသစ်ဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၈၀၀၀၀ ကျပ် မှ ၇၈၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

   

 ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်း ၊ မြို့တွင်းစားသုံးမှုများခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

 

မန္တလေး ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

        မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲအသစ်ဝင်ရောက်ခြင်း ၊ လုပ်ငန်းသမား အဝယ်နည်း ခြင်းကြောင့် လုံးဆံ ၁၀၀ ပိဿာ အရည်အသွေးအနိမ့်ဆုံး ၆၆၀၀၀၀ ကျပ် မှ ယခုအပတ် ၅၉၀၀၀၀ ကျပ်သို့လည်းကောင်း ၊ အရည်အသွေးအကောင်းဆုံးမှာ ၁၀၀ ပိဿာ ၇၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ မြေပဲ(ဆီဆံ)မှာ ယခင်အပတ် ၁၀၀ ပိဿာလျှင် ၆၁၀၀၀၀ ကျပ် မှ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၅၇၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

     

နှမ်းမျိုးစုံတို့အနက် မိုးနှမ်းများ ဝင်ရောက်မှုရှိခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်အနည်းငယ်ရှိသော်လည်း ၄၅ ပိဿာ နှမ်းဖြူအရည်အသွေး အကောင်းဆုံး ၃၆၅၀၀၀ ကျပ် ၊ နှမ်းညိုမှာ မိုးနှမ်းအဝင်ရှိသော်လည်း ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၂၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းနက်မှာ အဝင်ပုံမှန် ၊ လုပ်ငန်းသမား ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းနီ နှင့် နှမ်းဝါမှာလည်း ဝင်ရောက်မှုရှိပြီး နှမ်းနီ ၄၅ ပိဿာ ၃၁၅၀၀၀ ကျပ် ၊ နှမ်းဝါ ၄၅ ပိဿာ ၃၂၀၀၀၀ ကျပ် အမြင့်ဈေးဖြင့်တည်ငြိမ်နေသည်။

    

ပန်းနှမ်းမှာ ရောဆီအဖြစ်သုံးရန် ဆီစက်သမား အဝယ်နည်းသော်လည်း လက်ကျန်နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၀၀၀၀၀ ကျပ် မှ ၁၉၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

    

နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာ အဝင်ရှိခြင်း ၊ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၂၇ ပိဿာ ၁၄၅၀၀၀ ကျပ် မှ  ၁၃၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ငရုတ် ကြက်သွန်နီ  ကြက်သွန်ဖြူ အာလူး ချင်း ဈေးကွက်အခြေအနေ

      

  မန္တလေးကိုင်းတန်းဈေး စားဖိုဆောင်သီးနှံများအနက် ကြက်သွန်နီ ဈေးနှုန်းမှာ စတင်စိုက်ပျိုးရန် ပြင်ဆင်ချိန်ဖြစ်ခြင်း ၊ လှောင်လက်ထံမှ ဝယ်ရခြင်း၊ နယ်စုံမှ အမှာများ တင်ပို့ရမှုရှိခြင်း ၊ ဂိုဒေါင်လက်ကြီးသမားများထံမှ ရန်ကုန်အမှာတင်ပို့ရမှုရှိခြင်းတို့ကြောင့် ကြီး တစ်ပိဿာ ၂၈၀၀ ကျပ် မှ ၃၁၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၂၆၀၀ ကျပ် မှ ၃၀၀၀ ကျပ် ၊ သေး တစ်ပိဿာ ၂၃၀၀ ကျပ် မှ ၂၆၀၀ ကျပ် သို့ ဈေးအသီးသီးမြင့်သွားသည်။

   

 ကြက်သွန်ဖြူ(တရုတ်)မှာ မြို့တွင်းစားသုံးမှု ပုံမှန်ဖြစ်သော်လည်း လမ်းပန်းဆက် သွယ်ရေးကြောင့် အဝင်နည်းခြင်းတို့ကြောင့် ယခင်အပတ် တစ်ပိဿာ ၇၂၀၀ ကျပ် မှ ၇၇၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေးပေါ်မူတည်၍ ပစ္စည်းကောင်းရှား သွားခြင်း ကြောင့် အရည်အသွေးအနိမ့်ဆုံး တစ်ပိဿာ ၇၀၀၀ ကျပ် မှ  အကောင်းဆုံး တစ်ပိဿာ ၉၀၀၀ ကျပ်ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

 

 အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

ချင်းဈေးနှုန်းအနေဖြင့် ချင်းသစ်များ အရည်အသွေးကောင်းလာခြင်းကြောင့် တစ်ပိဿာ ၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်သို့ ဈေးမြင့်လာပြီး ချင်းဟောင်းမှာ လက်ကျန်နည်း ၊ ပစ္စည်းရှားခြင်းကြောင့် တစ်ပိဿာ ၆၀၀၀ ကျပ် မှ ၇၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲမျိုးစုံဈေးကွက်အခြေအနေ

 

 မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲ ဈေး နှုန်းမှာ အသစ်စိုက်ပျိုးရန် ပြင်ဆင်ချိန်ဖြစ်၍ ပစ္စည်းကောင်းရှားခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ ရန်ကုန်ဝယ်လက်အနည်းငယ်ရှိခြင်းကြောင့် ၆၀ ပိဿာ ၃ တင်းတစ်အိတ်၂၄၆၀၀၀ ကျပ် မှ ၂၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

    ပဲတီစိမ်း မိုးပဲတီစိမ်းအဝင်ရှိခြင်း ၊ ဆောင်းပဲစိုက်ရန် မျိုးအတွက် ဝယ်ယူမှုရှိခြင်း ၊ ထွက်ရှိရာဒေသနှင့် ခူးဆွတ်မှုကာလပေါ်မူတည်၍ အရည်အသွေးကွာခြားမှုရှိခြင်းတို့ကြောင့် အရည်အသွေးအနိမ့်ဆုံး ၃ တင်းတစ်အိတ် ၁၅၅၀၀၀ ကျပ် မှ အရည်အသွေးအကောင်းဆုံး ၁၇၃၀၀၀ ကျပ် ဖြင့် မြို့တွင်းပဲခွဲစက်များ အဝယ်ပုံမှန်သာရှိပြီး ဈေးတည်ငြိမ်နေသည်။

 

    ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ အရောင်းအဝယ်အေးသော်လည်း စိုက်ပျိုးထားဆဲကာလဖြစ်၍ ပစ္စည်းကောင်းရှားပြီး လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ပဲစဉ်းငုံ(ဖြူ) ၃ တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၃၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

   

 ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲပုတ်အဝင်ရှိခြင်း ၊ လုပ်ငန်းသမား ဝယ်ယူမှု ပုံမှန်သာရှိခြင်းကြောင့် ပဲပုတ်(မြန်မာ) ၃ တင်းတစ်အိတ်  အရည်အသွေးအကောင်းဆုံး ၂၂၅၀၀၀ ကျပ် မှ ၂၁၅၀၀၀ကျပ်သို့လည်းကောင်း ဈေးနိမ့်သွားပြီး ပဲပုတ်(ရှမ်း)မှာ မိုးပဲပုတ်အဝင်နည်းပြီး ဆီစက်သမား

ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၁၆၅၀၀၀ ကျပ် မှ အရည်အသွေးအကောင်းဆုံး ၁၈၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

   ကုလားပဲဈေးနှုန်းအနေဖြင့် ကုလားပဲ(လုံးဝါကြီး)မှာ လက်ကျန်နည်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ လုပ်ငန်းသမား ပဲကြော်/လှော်သမား အဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၃ တင်းတစ်အိတ် ၂၆၅၀၀၀ ကျပ် မှ ယခုအပတ် ၂၆၈၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။ကုလားပဲ(လုံးဝါကြီး)မှာ လှောင်လက်ထုတ်ရောင်းမှုရှိ၍ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိသော်လည်း ၃ တင်းတစ်အိတ်  ၂၅၈၀၀၀ ကျပ် ဈေးဖြင့် တည်ငြိမ်နေသည်။ခွဲခြမ်းမှာလည်း လုံးဝါကြီး ဈေးတည်ငြိမ်သဖြင့် တစ်ပိဿာ ၆၄၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

   

 ပဲယင်းမှာ အသစ်စိုက်ပျိုးစဖြစ်သော်လည်း အရောင်းအဝယ်ဖြစ်မှုနည်းခြင်းကြောင့်  ၃ တင်းတစ်အိတ် ၁၆၈၀၀၀ ကျပ်  မှ ၁၆၅၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။စားတော်ပဲ(ကျွန်း) မှာလည်း ဈေးမြင့်သဖြင့် လက်လီသမားအဝယ်နည်းခြင်း ၊ အသစ်စတင်စိုက်ပျိုးပြီးဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းတို့ကြောင့် ၃ တင်းတစ်အိတ် ၃၈၀၀၀၀ ကျပ် မှ ၃၆၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

    

ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲဝင်ချိန်ဖြစ်သော်လည်း အဝင်နည်းခြင်း ၊ဆောင်းပဲးစိုက်ပျိုးစဖြစ်ခြင်း ၊ လက်လီသမားလုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃ တင်း တစ်အိတ် ၃၄၀၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၃၁၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၃၉၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၃၇၀၀၀၀ ကျပ် အမြင့် ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။

     

ပဲလွန်းဖြူ/ပြာ ၊ မြေတောက်ပဲတို့မှာ မိုးပဲအဝင်နည်းခြင်း ၊ ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်း ၊ လက်လီသမား အဝယ်ပုံမှန်ရှိခြင်းတို့ကြောင့် ပဲလွန်းဖြူ တစ်အိတ် အရည်အသွေးအကောင်းဆုံး ၁၇၅၀၀၀ ကျပ်  ၊ ပဲလွန်းပြာ တစ်အိတ် ၁၉၀၀၀၀ ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။မြေတောက်ပဲမှာလည်း စတင်စိုက်ပျိုးစ လက်ကျန်ပစ္စည်း ကောင်းရှားခြင်း ကြောင့် ၅၄ ပိဿာ ၃၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

  မန္တလေးကိုင်းတန်းဈေးတွင် ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်(ရှမ်းတောင်) တစ်မျိုးထဲသာရှိခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာ ၂၆၀၀၀ ကျပ် မှ ၂၈၀၀၀ ကျပ်ဈေးဖြင့် မြို့တွင်းသုံး နှင့် မြစ်ကြီးနား ၊ လုံးခင်း အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။ငရုတ်စို(ရှည်)မှာ မိတ္ထီလာ ၊ တပ်ကုန်း ၊ မုံရွာ ၊ ချောင်းဦး တို့မှ ဝင်ရောက်မှုရှိခြင်းကြောင့် တစ်ပိဿာ ၂၂၀၀ ကျပ် ၊ ငရုတ်စို တစ်ပိဿာ ၃၇၀၀ ကျပ်ဖြင့်  လုပ်ငန်းသမား နှင့် ကွပ်ခိုင် ၅ ရက် တစ်ဈေးသို့ တင်ပို့မှုရှိသည်။

      

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ဖရဲသီးများ လှိုင်လှိုင်ဝင်ရောက်မှုရှိပြီး တစ်လုံးလျှင် ၈၀၀ ကျပ် မှ ၁၅၀၀ ကျပ် ၊ သခွားမွှေး ၄လုံးတစ်ဖာလျှင် ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ် ၊ ရွှေသခွား တစ်လုံး ၂၀၀၀ ကျပ် ဈေးဖြင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။ပုံတောင်/ညာမှ  ဝင်ရောက်သော သဘောႅ

သီး တစ်လုံး ၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်ဈေးရှိသည်။

 

ရမည်းသင်း ၊ မိတ္ထီလာ စပျစ်သီး  တစ်ပိဿာ ၄၈၀၀ ကျပ်  ၊ တရုတ်စပျစ် ၇ ပိဿာ တစ်ခြင်း ၇၅၀၀၀ ကျပ် ၊ သီပေါဘက်မှ နာနတ်သီး များ အဝင်နည်းသွားသဖြင့် တစ်လုံး ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ထောပတ်သီးများလည်း ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၁၂၀ လုံးပါ ပိုက်အိတ် တစ်အိတ် ၁၀၀၀၀ ကျပ် မှ ၃၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ဖျော်ရည်ဆိုင်များ နှင့် မှာယူသော မြို့များသို့ တင်ပို့မှုရှိသည်။

 

  

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 20 October 2023 18:17
Rate this item
(0 votes)