Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှားစားအုန်းဆီ မူဝါဒပြောင်းလဲပြန်

အင်ဒိုနီးရှားစားအုန်းဆီ မူဝါဒပြောင်းလဲပြန်

အင်ဒိုနီးရှားနိုင်ငံ စက်မှုဝန်ကြီးဌာနက ဟင်းချက်ဆီ လက်ကားရောင်းဈေးအတွက် အစိုးရ ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ရုပ်သိမ်းကြောင်း၊ ဇွန်လ ၇ ရက် အင်္ဂါနေ့မှစ၍ သက်ရောက်ကြောင်း ကြေညာပါတယ်။

စားအုန်းဆီ ထုတ်လုပ်သူများက အဓိကကျသည့် စားသောက်ကုန်ဖြစ်သော ဟင်းချက်ဆီကို ဈေးကွက်ပေါက်ဈေးထက် လျော့နည်းနေတဲ့ အစိုးရသတ်မှတ်ပြဋ္ဌာန်းတဲ့ ဈေးနှုန်းဖြင့် ရောင်းချပေးရတဲ့အတွက် စားအုန်းဆီ ထုတ်လုပ်သူများကို အစိုးရက ထောက်ပံ့ကြေး ပေးအပ်နေတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့စားအုန်းဆီကြမ်း crude palm oil (CPO) ဈေးနှုန်းများ မြင့်တက်နေတဲ့အလျောက် အင်ဒိုနီးရှား ပြည်တွင်း စားအုန်းဆီသန့် ဈေးနှုန်းက တစ်လီတာကို ရူပီယာ ၂၀,၀၀၀ ပေါက်ဈေး ဖြစ်နေချိန်မှာ အစိုးရသတ်မှတ်တဲ့ ဈေးနှုန်း တစ်လီတာ ရူပီယာ ၁၄,၀၀၀(၀.၉၆ အမေရိကန်ဒေါ်လာ) ဖြင့် စားအုန်းဆီ ထုတ်လုပ်သူများက ဈေးကွက်ကို ပေးသွင်းကြရပါတယ်။ နစ်နာတဲ့ ဈေးန‌ှုန်းကွာဟချက်ကို အစိုးရထံမှာ လျှောက်ထားပြီး ထောက်ပံ့ကြေး ရယူတဲ့ အစီအစဉ်ကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ 

ထောက်ပံ့ကြေးကို စားအုန်းဆ‌ီထောက်ပံ့ရေး ရန်ပုံငွေဌာန Palm Oil Support Fund Agency (BPDPKS) က ထုတ်ပေးပါတယ်။

ထောက်ပံ့ကြေး ပေးတာကို ၂၀၂၂ မေလ ၃၁ ရက် သန်းခေါင်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

ထောက်ပံ့ကြေး အစီအစဉ်ကို လက်ကား ဟင်းချက်ဆီ ပြည်သူ့အစီအစဉ်  bulk cooking oil public program (MGCR)  ဖြင့် အစားထိုးလိုက်ပါတယ်။ 

MGCR က အများဆုံးဈေးနှုန်းများကို ချမှတ်ပါတယ်။ ပြည်တွင်းဈေးကွက်အတွက် ဟင်းချက်ဆီ ထုတ်လုပ်ဖို့ စားအုန်းဆီကြမ်းခွဲတမ်းကိုလည်း MGCR က ချမှတ်ပါတယ်။

 

ကုန်သွယ်ရေးဝန်ကြီးဌာန စိုက်ပျိုးစက်မှုဌာန ညွှန်ချုပ် Putu Juli Ardika က သတင်းထောက်များကို ပြောကြားခဲ့ရာမှာ အစိုးရသတ်မှတ်ဈေးဖြင့် မပျက်မကွက် ရောင်းချရတဲ့အတွက် နစ်နာတာအတွက် ငွေကြေးအစား ပြည်ပပို့ကုန် ခွဲတမ်း ယူမလားဆိုတာ ကုမ္ပဏီ ၆၁ ခုကို မေးမြန်းခဲ့ရာ ၃၅ ခုက ပြည်ပတင်ပို့ရန် ခွဲတမ်းရယူလိုသည်ဟု ဖြေကြားခဲ့ကြကြောင်း၊ ကုမ္ပဏီ ၆၁ ခုတွင် ထောက်ပံ့ကြေး ထုတ်ယူခဲ့သည့် ကုမ္ပဏီ ၅ ခုသာရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကျန်သည့်ကုမ္ပဏီများက လိုအပ်သော စာရွက်စာတမ်းများ တင်ပြဖို့ ပျက်ကွက်နေကြကြောင်း ၎င်းက ပြောကြားပါတယ်။

MGCR အစီအစဉ်ဖြင့် ပြည်တွင်း ဟင်းချက်ဆီလက်ကား ပေးသွင်းမှုပမာဏ ယခုအခါ တစ်ရက်လျှင် တန်ချိန် ၉၀,၀၀၀ ရှိနေရာမှ တစ်ရက် တန်ချိန် ၁၂,၀၀၀ သို့ တိုးလာမည်ဟု မျှော်လင့်ကြောင်း Putu က ပြောကြားပါတယ်။

မူဝါဒအသစ် အကြိုကာလမှာ အစိုးရက ဟင်းချက်ဆီလက်ကားဈေးနှုန်းကို  အများဆုံးဈေးနှုန်း တစ်ကီလို ရူပီယာ ၁၅,၅၀၀ သတ်မှတ်ထားပြီး ဈေးကွက်ပေါက်ဈေးက တစ်ကီလို ရူပီယာ ၁၆,၆၂၀ ဖြစ်ပါတယ်။  

MyanmarFoodGuide

 
Read times Last modified on Friday, 03 June 2022 09:36
Rate this item
(0 votes)