Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အန္ဒိယတောင်ပိုင်းမှာ တစ်နှစ်လျှင် တန်ချိန် ၄ သန်း ထုတ်လုပ်နိုင်ရန် ဆီအုန်း အကြီးအကျယ် စတင်စိုက်ပျိုး

အန္ဒိယတောင်ပိုင်းမှာ တစ်နှစ်လျှင် တန်ချိန် ၄ သန်း ထုတ်လုပ်နိုင်ရန် ဆီအုန်း အကြီးအကျယ် စတင်စိုက်ပျိုး

 

Pullarao Daravathu နှင့် အိန္ဒိယတောင်ပိုင်းရှိ တလန်ဂါနာ Telangana ပြည်နယ်မှ ထောင်နှင့်ချီသော တောင်သူလယ်သမားများသည် ၎င်းတို့၏ ဇာတိပြည်နယ်တွင် ဆီအုန်းစိုက်ပျိုးရန် အလုပ်များနေကြသည်။

ဆယ်စုနှစ်များအတွင်း နိုင်ငံတစ်ခုလုံးရှိ စိုက်ပျိုးထားသည့် ဆီအုန်းစိုက်ခင်းဧရိယာထက် ကျော်လွန်အောင် ၄ နှစ်တာအတွင်း တိုးချဲ့ စိုက်ပျိုးကြမည်။

 

 တလန်ဂါနာမှာ ဆီအုန်းစိုက်ခင်းဧရိယာ ၂ သန်းကို လာမယ့် ၄နှစ်တာမှာ တိုးချဲ့စိုက်ပျိုးရန် လျာထားပါသည်။ ထို့အတွက် ဆည်မြောင်းတာတမံများလည်း တည်ဆောက်နေသည်။ အပင်ပေါက်အမြောက်အမြားကိုလည်း သန်းချီသော အရေအတွက်ဖြင့် ပြည်ပမှ မှာယူတင်သွင်း နေပါသည်။

လယ်သမားများကိုလည်း ဆီအုန်းစိုက်ပျိုးကြဖို့ တိုက်တွန်းအားပေးနေပါသည်။ အကြမ်းအားဖြင့် ဆီအုန်းစိုက်ခင်း တစ်ဧကလျှင် တစ်နှစ်ဝင်ငွေ ရူပီ ၂ သိန်းကျော် ရရှိပါသည်။ စပါးတစ်ဧက စိုက်လျှင် တစ်နှစ်ရူပီ ၄ သောင်းဝန်းကျင်သာ ရရှိပြီး ဆီအုန်းစိုက်သည်ထက် လူပိုပင်ပန်းပါသည်။

အိန္ဒိယနိုင်ငံသည် ဟင်းသီးဟင်းရွက်ဆီ တစ်နှသ်လျှင် ကန်ဒေါ်လာ ၁၈.၉ ဘီလီယံဖိုး တင်သွင်းရပါသည်။ ထို့အတွက် တိုင်းပြည်တွင် ကုန်သွယ်ရေး လိုငွေပြစေသည်။

ဟင်းသီးဟင်းရွက်ဆီ အမျိုးမျိုး ပြည်တွင်း လိုအပ်ချက်၏ သုံးပုံ နှစ်ပုံကို ပြည်ပမှ တင်သွင်းပါသည်။ သို့ဖြစ်ရာ နှစ်စဉ်တန်ချိန် ၁၄ သန်း ဝန်းကျင် တင်သွင်းပါသည်။ ၎င်း တန်ချိန် ၁၄ သန်းတွင် စားအုန်းဆီ တန်ချိန် ၈.၅ သန်း ပါဝင်ပါသည်။

 

လာမည့် ၇ နှစ် ၈ နှစ်တွင် တလန်ဂါနာမှ စားအုန်းဆီ တစ်နှစ်လျှင် တန်ချိန် ၄ သန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းချက် ထားရှိပါသည်။

 

အိန္ဒိယသည် လက်ရှိတွင် တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန် ၃ သိန်းအောက် ထုတ်လုပ်ပါသည်။ 

အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ စားအုန်းဆီ တင်သွင်းပါသည်။

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

Source: Reuters

Read times
Rate this item
(0 votes)