Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှားနိုင်ငံတွင် ဟင်းချက်ဆီစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

အင်ဒိုနီးရှားနိုင်ငံတွင် ဟင်းချက်ဆီစျေးနှုန်းများ ဆက်လက်ကျဆင်းနေ


အင်ဒိုနီးရှားနိုင်ငံတွင် လွန်ခဲ့သော ၃-၄ လခန့်က ဟင်းချက်ဆီ (၂) လီတာလျှင် IDR ၅၇,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၈၂ ဒေါ်လာခန့်)အထိ စံချိန်တင်မြင့်တက်ခဲ့ပါသည်။ ထိုအချိန် တွင်အင်ဒိုနီးရှားအစိုးရက ဟင်းချက်ဆီဈေးနှုန်းကို ထိန်းချုပ်မည့် ဈေးကွက်ယန္တရားကိုထုတ် ပြန်ခဲ့ပါသည်။
CNBC Indonesia ၏ လေ့လာစောင့်ကြည့်မှုအရ Bekasi ဧရိယာရှိ ဆိုင်များတွင် စားသုံး ဆီအမြောက်အများ စျေးနှုန်းသည် လွန်ခဲ့သည့် ၂ လကဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်း တစ်ကီလိုလျှင် IDR ၁၇,၀၀၀ မှ ယခု IDR ၁၅,၀၀၀ သို့ ကျဆင်းသွားသည်ဟု သိရပါသည်။ ထို့အပြင် ယခုအခါ စားသုံးဆီအမြောက်အများကို တံဆိပ်အမည်မပါရှိဘဲ တစ်လီတာ ပုလင်းများဖြင့် တစ်ပုလင်းလျှင် IDR ၁၄,၀၀၀ ဖြင့် ဝယ်ယူရရှိနေပြီဖြစ်ပါသည်။ တစ်ချိန်တည်း တွင် အင်ဒိုနီးရှားအစိုးရ၏ လက်ရှိ ရည်မှန်းချက်မှာ လက်လီတစ်လီတာလျှင် IDR ၁၄,၀၀၀ သို့မဟုတ် ဟင်းချက်ဆီအများဈေးနှုန်း အတွက် တစ်ကီလိုလျှင် IDR ၁ ၅,၅၀၀ ဖြစ်ပါသည်။
ထိုအချိန်တွင် Bimoli အမှတ်တံဆိပ် ဟင်းချက်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် IDR ၂၄,၀၀၀ ဖြစ်သည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၏ စျေးကွက်နှင့် အခြေခံလိုအပ်ချက်များ စောင့် ကြည့်ရေးစနစ် (Kemendag) က ဟင်းချက်ဆီအမျိုးအစားအားလုံး၏ နိုင်ငံတစ်ဝှမ်း ပျမ်းမျှစျေး နှုန်းများ ကျဆင်းသွားကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဟင်းချက်ဆီဈေးနှုန်း ကျဆင်းသွားကြောင်း သိရပါသည်။
ဇူလိုင်လ၂၉ ရက်နှင့် နှိုင်းယှဉ်ပါက ဩဂုတ်လ ၁ ရက်နေ့တွင် အများအပြား ရောင်းချသည့် ဟင်းချက်ဆီ တစ်လီတာလျှင် IDR ၁၀၀ လျော့နည်း၍ IDR ၁၄,၃၀၀ သို့ ကျဆင်းခဲ့ပြီး၊ ရိုးရိုးထုပ် ပိုးမှု တစ်လီတာလျှင် IDR ၁၈,၉၀၀ ဈေး ရှိခဲ့ပါကာ၊ ပရီမီယံ ထုပ်ပိုးထားသော ဟင်းချက်ဆီ တစ် လီတာလျှင် IDR ၂၀၀ ကျဆင်း၍ IDR ၂၃,၂၀၀ ရှိခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ခေတ်မီလက် လီရောင်းချမှုတွင် ဟင်းချက်ဆီစျေးနှုန်းများ ကျဆင်းသွားခြင်းအပြင် ပရိုမိုးရှင်းလျှော့စျေးများပါ ကျဆင်းလာခဲ့သည်။ ဥပမာအားဖြင့် Allo Bank အသုံးပြုသူများက ဟင်းချက်ဆီ IDR ၅ သိန်းဖိုး ဟင်းချက်ဆီဝယ်ယူပါက အထူးလျှော့ဆေး ၁၀ % + ၅ % ရရှိနိုင်မည်ဟု ကြော်ငြာခြင်းမျိုး ဖြစ်ပါ သည်။
အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) ၏ အထွေထွေ ဥက္ကဋ္ဌ ဂျိုကို ဆူပရီယိုနိုကမူ အင်ဒိုနီးရှားနိုင်ငံတွင် ဟင်းချက်ဆီ လီတာ၂.၅ သန်းကို ထိခိုက်လွယ်သော အုပ်စုများအတွက် အခြေခံလိုအပ်သဖြင့် ၎င်းပမာဏအပေါ်တွင်သာ အစိုးရက အာရုံစိုက်သင့်ကြောင်း၊ ကျန်ဝယ်လို အားကို ထိန်းချုပ်ခြင်းထက် စျေးကွက်ယန္တရားအရ လည်ပတ်စေရန် ထားရှိသင့်ကြောင်း အကြံပြု ပြောကြားထားသည်ဟု သိရပါသည်။
ရင်းမြစ်၊ CNBC Indonesia

Read times
Rate this item
(0 votes)