Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်းတယမြို့နယ်၌ ထောပတ်သီးများရောင်းချချိန် စျေးကောင်းရ

ပင်းတယမြို့နယ်၌ ထောပတ်သီးများရောင်းချချိန် စျေးကောင်းရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ထောပတ်သီးများ စတင်ခူးဆွတ်ရောင်းချချိန် စျေးကောင်းရရှိနေ၍ ထောပတ်သီးစိုက်ပျိုးရောင်းချသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုကြပြီး ဒေသနှင့် ကိုက်ညီသော သီးပင်၊ စားပင်နှင့် ပန်းပင်များကို မျိုးကောင်းမျိုးသန့်များ ရရှိရန်အတွက် စိုက်ပျိုးရေးနည်းပညာများ အသုံးပြု၍ စနစ်တကျ စိုက်ပျိုးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ထောပတ်သီးပင်များအား မိမိတို့နေအိမ်ခြံဝင်းများအတွင်း တနိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးဧကအများအပြား စိုက်ပျိုးကြသူများလည်းရှိသည်။

 

ထိုသို့စိုက်ပျိုးကြရာတွင် အအေးဓာတ်လွန်ကဲသော တောင်ပေါ်ဒေသများဖြစ်သည့် မဲနယ်တောင်ကျေးရွာ၊ ပန်းစစ်ကျေးရွာ၊ ဆီးကျအင်းကျေးရွာနှင့် အခြားသော တောင်ပေါ်ကျေးရွာများတွင် မတ်လပိုင်းမှ စတင်ခူးဆွတ် ရောင်းချကြရပြီး မြေပြန့်ဒေသများ၌ စိုက်ပျိုးထားသည့် ထောပတ်သီးများကို ဒီဇင်ဘာလအတွင်း ခူးဆွတ်ရောင်းချကြရကြောင်း သိရသည်။

 

ယခင်နှစ်တွင် ဒီဇင်ဘာလအတွင်း ပင်းတယမြို့နယ်မှ ထွက်ရှိသော ထောပတ်သီးအလုံး ၁၀၀ ပါတစ်အိတ်လျှင် အနည်းဆုံးငွေကျပ် သုံးသောင်းမှ အများဆုံးငွေကျပ် ငါးသောင်းခန့်သာရရှိခဲ့ပြီး ယခုနှစ်တွင် အနည်းဆုံးငွေကျပ် ခြောက်သောင်းမှ အများဆုံး ငွေကျပ် ရှစ်သောင်းခန့်ရရှိကြောင်းနှင့် ထောပတ်သီးအလုံး အရွယ်အစား ပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုဖြင့် ပင်းတယမြို့နယ်မှတစ်ဆင့် ရန်ကုန်၊ တာချီလိတ်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ထောပတ်သီးပွဲစားတစ်ဦးထံမှ သိရသည်။

 

Source: The Mirror

The Myanmar Food Industry Guide

Read times Last modified on Monday, 12 December 2022 11:03
Rate this item
(0 votes)