Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဆီအတွက် နိုင်ငံခြားသုံးငွေ ရောင်းချစာရင်း ဗဟိုဘဏ်တောင်းခံ

စားသုံးဆီအတွက် နိုင်ငံခြားသုံးငွေ ရောင်းချစာရင်း ဗဟိုဘဏ်တောင်းခံ

စားသုံးဆီ၊ စက်သုံးဆီအတွက် နိုင်ငံခြားသုံးငွေ ရောင်းချစာရင်း နေ့စဉ်ပေးပို့ရန် တောင်းခံသည့် စာအမှတ်၊ အက်ဖ်အီး- ၁ /ပက/ ၂၀၅၅ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။
 


အကြောင်းအရာ

နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများနှင့်စပ်လျဉ်း၍ သတင်း ပေးပို့ရန်ကိစ္စ

ရည် ညွှန်း ချက်

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၆-၈-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ အက်ဖ်အီး-၁/ပက/၁၉၅၆

(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၆-၈-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ အက်ဖ်အီး-၁/ပက/၁၉၅၇

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၁၆-၈-၂၀၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရည်ညွှန်းချက် (၁) နှင့် (၂) ပါစာများအရ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေ၏ ၃၅ % အနက်မှဖြစ်စေ၊ ကင်းလွတ်ခွင့်ရရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ထံမှဖြစ်စေ နိုင်ငံခြားငွေများကို ဝယ်ယူခဲ့ပြီး အဆိုပါနိုင်ငံခြားငွေများအနက် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သောစာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ စာရင်းပြုစုတင်ပြရန် အကြောင်းကြားပါသည်။

၂။ အထက် အပိုဒ် ၁ ပါအတိုင်း စာရင်းပြုစုတင်ပြခြင်းကို (၁၇-၈-၂၀၂၂) ရက်နေ့စာရင်းမှ စတင်၍ ပြုစုရန်ဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန email This email address is being protected from spambots. You need JavaScript enabled to view it. သို့ ပူးတွဲ (၁) နှင့် (၂) ပါ excel ပုံစံဖြင့် (၁၇-၈-၂၀၂၂) ရက်နေ့မှ (၂၆-၈-၂၀၂၂) ရက်နေ့အထိ စာရင်းအား (၂၆-၈-၂၀၂၂) ရက်နေ့ ညနေ (၅:၀၀) နာရီနောက်ဆုံးထား၍လည်းကောင်း၊ (၂၉-၈ ၂၀၂၂) ရက်နေ့မှစ၍ နေ့စဉ်ညနေ (၅:၀၀) နာရီ နောက်ဆုံးထား၍လည်းကောင်း မပျက်မကွက် (မပျက်မကွက်) ပေးပို့ရန်ဖြစ်ကြောင်း အကြောင်းကြားပါသည်။

 

table_for_you.jpg

 

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)