Fruits & Vegetables



ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိသော မြန်မာ့ကွမ်းသီး

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိသော မြန်မာ့ကွမ်းသီး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသအလိုက် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးမှုမှာ ပဲခူးတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တို်ငးဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း မိသားစု စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိသည်။

 

မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်စျေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများတင်ပို့လျက်ရှိရာ လယ်ယာထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် ကွမ်းသီးများကို ပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လတာကာလအတွင်း ကွမ်းသီးတန်ချိန် ၈၉၀ ဒသမ ၃၄၅ တန် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ခြောက်လတာကာလအတွင်း ကွမ်းသီးတင်ပို့မှု တန်ချိန် ၁၀၆၉ ဒသမ ၅၀၀ တန် တင်ပို့နိုင်ခဲ့သဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလထက် ပိုမိုတင်ပို့ခဲ့‌ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီတွင် ပြင်ပငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၂၇၇၈ ကျပ်၊ တစ်ဒေါ်လာလျှင် ၁၁၂ တာကာ၊ တစ်ကာတာလျှင် ၂၄ ဒသမ ၈၀ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Friday, 16 December 2022 10:24
Rate this item
(0 votes)