Fruits & Vegetables



ဟက်(စ်)မျိုး ထောပတ်သီးများ ပြည်တွင်းစျေးကွက်တွင် အဝယ်လိုက်နေ

ဟက်(စ်)မျိုး ထောပတ်သီးများ ပြည်တွင်းစျေးကွက်တွင် အဝယ်လိုက်နေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယခုနှစ်ထွက်ရှိသည့် ဟက်(စ်)မျိုးထောပတ်သီးများအား ပြည်တွင်းစျေးကွက်သို့ အဓိကတင်ပို့၍ လက်ကားစျေးအဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ အရောင်းအဝယ်များကောင်းမွန်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဌကပြောသည်။

 

အဆိုပါဟက်(စ်)မျိုး ထောပတ်သီးများသည် နိုဝင်ဘာလမှ စတင်ထွက်ရှိကာ ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း လက်ရှိအချိန်တွင် ပြည်တွင်းစျေးကွက်၌ ၁၀၀ ဂရမ်မှ ၂၂၀ ဂရမ်အရွယ်ကြား ရောရာပါ တစ်ကီလိုလျှင် လက်ကားစျေးငွေကျပ် ၃၀၀၀ နှင့် အရွယ်အစားခွဲခြားပါက A-Grade တစ်ကီလိုလျှင် ငွေကျပ် ၇၀၀၀ နှင့် B-Grade တစ်ကီလိုလျှင် ငွေ

ကျပ် ၅၀၀၀ စျေးဖြင့် ရောင်းချပေးကြောင်း၊ ထောပတ်သီး မျိုးကွဲများစွာရှိသည့်အနက် ပြည်တွင်းစာသုံးမှုမြင့်မားသည့် Export တန်းဝင် (ဟက်)စ် ထောပတ်မျိုးများကို လူကြိုက်များကာ ဝယ်ယူစားသုံးမှု များပြားခြင်းကြောင့် အရောင်းအဝယ်များကောင်းမွန်နေကြောင်း သိရသည်။

 

“အရောင်းအဝယ်ကတော့ ပြည်တွင်းစျေးကွက်ထဲကိုပဲ ရောင်းချနေရပါတယ်။ အနာအစာကင်းပြီး အသီးအရွယ်အစားရောရာပါ လက်ကားစျေးအနေနဲ့ တစ်ကီလိုကို ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ စျေးတို့နဲ့ ရောင်းပါတယ်။ ဒီနှစ်ကအသီးထွက်တာလည်းစောပါတယ်။ ဒါပေမဲ့ လူကြိုက်များပြီး ဝယ်ယူစားသုံးသူတွေများနေတာကြောင့် အရောင်းအဝယ်တွေ ကောင်းနေပါတယ်” ဟု၎င်းကပြောသည်။

 

အဆိုပါဟက်(စ်) မျိုးထောပတ်သီးများကို ပြည်တွင်းစျေးကွက်သို့ အဓိကထားဖြန့်ဖြူးရောင်းချပေးရာတွင် ရန်ကုန်စျေးကွက်၊ မန္တလေးစျေးကွက်သို့ တင်ပို့ရောင်းချပေးနေကြောင်း၊ မူဆယ်စျေးကွက်၊ လားရှိုးစျေးကွက်နှင့် မုံရွာစျေးကွက်များသို့ အနည်းငယ်တင်ပို့ရောင်းချခြင်းများလည်းရှိ‌ကြောင်း၊ အခြားစျေးကွက်များမှလည်း ကမ်းလှမ်းမှုများရှိလာပါက တင်ပို့ရောင်းချပေး

ကြောင်း၊ ယင်းထောပတ်သီးများကို ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးရောင်းချပေးခြင်းနှင့်အတူ အွန်လိုင်းစနစ်ဖြင့်လည်း မြန်မာပြည်အနှံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

 Source:  The mirror

Myanmar Food Industry Guide

Read times
Rate this item
(0 votes)