Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

၁၅ စက်တင်ဘာ  ၂၀၂၃

 

မန္တလေးဈေးကွက်ရောင်းဝယ်ဖောက်ကားမှုအခြေအနေများ


ဆန်ဈေးကွက်အခြေအနေ

မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းများကို လေ့လာပါက ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း တို့မှာ ရန်ကုန်ပေါ်ဆန်းမှာ အသစ်မဝင်သေးသော်လည်း ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်ရ သော ဆန်ဖြစ်၍ ရန်ကုန်လှောင်သမား ဈေးနိမ့်ရောင်းချမှုရှိခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ ကျပ် မှ ၁၀၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာလည်း ၁၅၅၀၀၀ ကျပ် မှ ၁၃၀၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။


မနောသုခဆန်မှာ နွေစပါးအဝင်နည်းခြင်း၊ မိုးစပါးစိုက်ပျိုးရန် ပြင်ဆင့်စဖြစ်ခြင်း၊ စားသုံးသူ အများဆုံးဆန်ဖြစ်၍ မြို့တွင်းစားသုံးမှုများခြင်းကြောင့် တစ်အိတ် ၈၂၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။


ဇီယာဆန်နှင့် ငစိန်ဆန်မှာ အဝင်ပုံမှန်၊ လုပ်ငန်းသမားနှင့် အဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ဇီယာဆန်တစ်အိတ် ၈၀၀၀၀ ကျပ် ငစိန်ဆန် တစ်အိတ် ၆၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။


ဧရာမင်းဆန်မှာလည်း အသစ်မဝင်သေးခြင်း၊ ပေါ်ဆန်းဈေးမြင့်သဖြင့် ပေါ်ဆန်းအစား ပြောင်းလဲစားသုံးမှုများခြင်း ကြောင့် တစ်အိတ် ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဆီဈေးကွက်အခြေအနေ

ဆီဈေးနှုန်းများအနေဖြင့် ပဲဆီတစ်ပိဿာ ၁၅၀၀၀ ကျပ် နှမ်းဆီတစ်ပိဿာ ၁၂၅၀၀ ကျပ် မှ ၁၃၅၀၀ ကျပ်၊ နေကြာဆီ ၁၂၀၀၀ မှ ၁၃၀၀၀ ကျပ်၊ မုန်ညှင်းဆီ ၁၀၀၀၀ ကျပ်၊ ပဲပုတ်ဆီ ၇၀၀၀ ကျပ် ဖြင့် အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိနေသည်။

 


ဆီထွက်သီးနှံဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) မှာ မိုးမြေပဲ မဝင်သေးသော်လည်း ငွေဈေးအတက်အကျ မမှန်သဖြင့် တရုတ် ဝယ်လက်နည်းခြင်း၊ လုပ်ငန်းသမားအဝယ်နည်းခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် လုံးဆံ ၁၀၀ ပိဿာ ၇၀၀၀၀၀ ကျပ် မှ ယခုအပတ် ၆၉၅၀၀၀ ကျပ်သို့ လည်းကောင်း၊ မြေပဲ (ဆီဆံ) မှာလည်း ဆီစက်သမား အဝယ်ပုံမှန်ရှိပြီး မိုးမြေပဲမဝင်သေးခြင်းကြောင့် ၁၀၀ ပိဿာ အရည်အသွေးအကောင်း ဆုံး ၆၅၀၀၀၀ ကျပ် မှ ၆၆၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။


နှမ်းဖြူဈေးနှုန်းအနေဖြင့် မိုးနှမ်းဝင်ချိန်ဖြစ်ခြင်း၊ တရုတ်ငွေဈေး အတက်အကျမမှန်၍ အရောင်းအဝယ်အေးခြင်းကြောင့် ယခင်အပတ် ၄၅ပိဿာ အရည်အသွေးအကောင်းဆုံး ၃၉၅၀၀၀ ကျပ် မှ ၃၆၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

နှမ်းညိုမှာ ဆီစက်သမားပုံမှန်အဝယ်ရှိသော်လည်း အသစ်ဝင်ရောက်မှုရှိသဖြင့် ၄၅ပိဿာ ၃၁၈၀၀၀ ကျပ် မှ ၃၀၅၀၀၀ ကျပ်၊ နှမ်းနက် (စမုံ) အရည်အသွေးအကောင်းဆုံး ၄၅ပိဿာ ၃၆၀၀၀၀ ကျပ် မှ ၃၅၀၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွား သည်။ နှမ်းနီများလည်း အဝင်ရှိပြီး ၄၅ပိဿာ ၃၂၀၀၀၀ ကျပ် ဈေးရှိသည်။


ပန်းနှမ်းမှာ စတင်စိုက်ပျိုးစကာလဖြစ်ခြင်း၊ လက်ကျန်နည်းခြင်းကြောင့် အရောင်းအဝယ်အေး သော်လည်း ၄၅ပိဿာ ၁၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာဝင်ချိန်ဖြစ်သော်လည်း မဝင်သေးခြင်း ဆီစက်သမား အဝယ်နည်းခြင်းတို့ကြောင့် ၂၇ပိဿာ ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ
မန္တလေးကိုင်းတန်းဈေးကွက် စားဖိုဆောင်သီးနှံများအနက် ငရုတ်ခြောက်ဈေးနှုန်းမှာ ငရုတ် ခြောက် (ရှည်နှင့်လတ်) မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် တပိဿာ ၁၅၀၀၀ ကျပ် ဈေးရှိပြီး ငရုတ်ခြောက် (ပွ) မှာ ဧရာဝတီတိုင်းမှလာသော Aircon ဖြင့် ထားသော ငရုတ်ခြောက် များဖြစ်၍ တစ်ပိဿာ ၂၅၀၀၀ ဈေးအမြင့်ဖြင့် ရောင်းချနေသည်။


ကြက်သွန်နီဈေးနှုန်းမှာ နယ်စုံမှဝင်ရောက်မှုရှိခြင်း၊ တရုတ်သို့တင်ပို့မှုရှိသော်လည်း ဘင်္ဂလား ပို့ရန် အဝယ်ဆင်းမည်ဟု ကြားသိသော်လည်း အဝယ်မရှိသေးခြင်းကြောင့် ကြီးတစ်ပိဿာ ၃၅၀၀ ကျပ် မှ ၃၂၀၀ ကျပ်၊ လတ်တစ်ပိဿာ ၃၃၀၀ ကျပ် မှ ၃၀၀၀ ကျပ်၊ သေးတစ်ပိဿာ ၃၂၀၀ ကျပ် မှ ၂၈၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


ကြက်သွန်ဖြူ (တရုတ်) ကြက်သွန်ဖြူ (ရှမ်း) တို့မှာလည်း အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်း ကြောင့် ကြက်သွန်ဖြူ (တရုတ်) တစ်ပိဿာ ၇၇၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တပိဿာ အရည်အသွေးပေါ်မူတည်၍ အရည်အသွေးအကောင်းဆုံး ၈၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်း၊ အာလူး တစ်ပိဿာ ၂၀၀၀ ကျပ်၊ တရုတ်အာလူးမှာ အဝင်ပုံမှန်စားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၂၃၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ချင်းဈေးနှုန်းမှာလည်း ချင်းသစ်ပေါ်ချိန်ဖြစ်၍ အဝင်ပုံမှန်စားသုံးမှု ပုံမှန်ရှိခြင်းကြောင့် ချင်းဟောင်းတစ်ပိဿာ ၆၀၀၀ ကျပ်၊ ချင်းသစ်တစ်ပိဿာ ၃၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲမျိုးစုံဈေးကွက်အခြေအနေ
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲ ဈေးနှုန်းမှာ လက်ကျန်နည်းသော်လည်း ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များ အဝယ်နည်းခြင်း၊ ရေသွင်း ပဲများအဝင်ရှိပြီး ဈေးနိမ့်ခြင်းကြောင့် ၃တင်းတစ်အိတ် ၂၄၃၀၀၀ မှ ၂၃၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွား သည်။


ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မိုးပဲတီစိမ်းသစ်များ ဝင်ရောက်မှုရှိခြင်း၊ ငွေဈေးအတက်အကျ မမှန် သဖြင့် တရုတ်ဝယ်လက် အဝယ်နည်းခြင်း၊ ဒေသအလိုက် ပဲအရည်အသွေးပေါ်မူတည်၍ ဈေးကွာခြား ခြင်းကြောင့် အညံ့ဆုံး ၃တင်းတစ်အိတ် ၁၆၆၀၀၀ ကျပ် မှ ၁၇၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။


ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ စတင်စိုက်ပျိုးစကာလဖြစ်၍ လက်ကျန်နည်းသော်လည်း၊ ရန်ကုန် ဝယ်လက် အဝယ်နည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် ပဲစဉ်းငုံ (ဖြူ) ၆၀ ပိဿာ ၃၃၀၀၀၀ ကျပ် မှ ၃၁၀၀၀၀ ကျပ်သို့ လည်းကောင်း ဈေးနိမ့်သွားပြီး ပဲစဉ်းငုံ (နီ) ၆၀ပိဿာ ၃၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲပုတ် (မြန်မာ/ရှမ်း) တို့မှာ မိုးပဲဝင်ချိန်ဖြစ်သော်လည်း အဝင်နည်းခြင်း၊ လုပ်ငန်းသမား အဝယ် နည်းခြင်းကြောင့် ပဲပုတ် (မြန်မာ) ၃တင်းတစ်အိတ် ၂၄၅၀၀၀ ကျပ် မှ ၂၄၀၀၀၀ ကျပ် သို့ ဈေးနိမ့်သွား ပြီး ပဲပုတ် (ရှမ်း) မှာ ဆီစက်သမား အဝယ်နည်းပြီး အရောင်းအဝယ်အေးခြင်းကြောင့် မိုးမိတ်ပဲပုတ် ၃တင်းတစ်အိတ် ၁၇၆၀၀၀ ကျပ်၊ မိုးညှင်းပဲ ၁၇၈၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။


ကုလားပဲဈေးနှုန်းများအနက် ကုလားပဲ (လုံးဖြူကြီး) မှာ လက်ကျန်နည်းသော်လည်း လုပ်ငန်း သမားအဝယ်နည်း၍ အရောင်းအဝယ်အေးသောကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၇၃၀၀၀ ကျပ် မှ ၂၆၉၀၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး ကုလားပဲ (လုံးဝါကြီး) မှာ မြို့တွင်းသုံးစက်သမား အဝယ် ရှိခြင်းကြောင့် ၂၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ခွဲခြမ်းမှာလည်း လုံးဝါကြီး ဈေးငြိမ်သဖြင့် တစ်ပိဿာ ၆၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲယင်း၊ ပဲကြီး (ကြီး/သေး)၊ ပဲလွန်းဖြူ/ပြာ တို့မှာ လက်ကျန်နည်းသော်လည်း အရောင်းအဝယ် အေးခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၁၇၅၀၀၀ ကျပ်၊ ပဲကြီး (ကြီး) ၃၂၀၀၀၀ ကျပ် ပဲကြီး (သေး) ၂၉၅၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၁၇၀၀၀၀ ကျပ်၊ ပဲလွန်းပြာ ၁၉၀၀၀၀ ကျပ် ဈေးအသီးသီးရှိသည်။
မြေတောက်ပဲမှာ စတင်စိုက်ပျိုးရန် ပြင်ဆင်စဖြစ်၍ လက်ကျန်နည်းသော်လည်း၊ လက်လီနှင့် အကြော်အလှော်သမား အဝယ်နည်းပြီး အရည်အသွေးပေါ်မူတည်၍ ၅၄ ပိဿာ ၃၇၀၀၀၀ ကျပ်မှ ၃၆၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ စားတော်ပဲ (ကျွန်း) မှာလည်း လက်ကျန် အရည်အသွေးညံ့သွားခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၃၉၀၀၀၀ ကျပ် မှ ၃၈၀၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။


ထောပတ်ပဲ (ကြီး/သေး) မှာ ရန်ကုန် ဝယ်လက်၊ တရုတ်ဝယ်လက်မရှိသော်လည်း၊ မိုးပဲအဝင် မရှိသေးခြင်း၊ လက်လီသမား၊ လုပ်ငန်းသမား အဝယ်အနည်းငယ်ရှိခြင်းကြောင့် ထောပတ်ပဲ (ကြီး) တစ်အိတ် ၃၈၀၀၀၀ ကျပ် မှ ၃၈၅၀၀၀ ကျပ်၊ ထောပတ်ပဲ (သေး) ၃၅၀၀၀၀ ကျပ် မှ ၃၇၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။


သစ်သီးဝလံဈေးကွက်အခြေအနေ
မန္တလေးကိုင်းတန်းဈေးတွင် သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီး (အိတ်စွပ်) ၁၂၀လုံးပါ တဖာလျှင် ၅၅၀၀၀ ကျပ် ဈေးရှိသည်။ ရမည်းသင်း၊ ပျော်ဘွယ် စပျစ်သီး အဝင်များလာသဖြင့် တစ်ပိဿာလျှင် ၅၀၀၀ ကျပ် မှ ၃၅၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး တရုတ်စပျစ်သီး အလုံးကြီးများမှာ အဝင်နည်းသွားသဖြင့် ၇ ပိဿာ တခြင်းလျှင် ၄၅၀၀၀ ကျပ် မှ ၇၅၀၀၀ ကျပ် သို့ ဈေးသိသိသာသာ မြင့်သွားသည်။

၄ပိဿာ တခြင်းလျှင် ၄၀၀၀၀ ကျပ် ရှိသည်။ ညောင်ပင်ဝန်းမှ သင်္ဘောသီးများ ဝင်ရောက်သော်လည်း အရည်အသွေးနိမ့်သွားသဖြင့် ၂လုံးတွဲတစ်ထုပ် ၃၀၀၀ ကျပ် သို့ ဈေးနိမ့်သွား သည်။ သခွားမွှေး ၄လုံး တစ်ဖာလျှင် ၁၀၀၀၀ ကျပ်၊ ၂ပိဿာအထက် ဖရဲသီးတစ်လုံး ၂၀၀၀ ကျပ် ဈေးဖြင့် ရွှေကူ၊ မြင်းခြံ၊ ပခုက္ကူ၊ လာရှိုး၊ မူဆယ်နှင့် အမှာရှိသော မြို့များသို့ တင်ပို့မှု ရှိသည်။

Source MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 16 September 2023 12:11
Rate this item
(0 votes)