Fruits & Vegetables
မန္တလေးဈေးကွက် ပဲတီစိမ်း မတ်ပဲ ဈေးမြင့်
မန္တလေးဈေးကွက် ပဲတီစိမ်း မတ်ပဲ ဈေးမြင့်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မန္တလေးဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲဈေးနှုန်းများမှာ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခြင်း၊ အသစ်မဝင်သေးခြင်း ၆၀ပိဿာ ယခင်အပတ် ၁၆၆၀၀၀ကျပ်မှ ၁၇၈၀၀၀ကျပ် သို့ဈေးမြင့်သွားသည်။
ပဲတီစိမ်းဈေးနှုန်းအနေဖြင့် အသစ်ဝင်ရောက်မှုရှိခြင်း၊ ဒေသအလိုက်အရည် အသွေး ကွာခြားမှုရှိြခင်း၊ အရောင်းအဝယ်မတည်ငြိမ်ခြင်းကြောင့် ယခင်အပတ် ၁၃၅၀၀၀ကျပ်မှ ယခု အပတ် ၅၆.၂၅ပိဿာ ၁၃၈၀၀၀ကျပ်သို့ ဈေးမြင့်နေသည်။
ပဲပုတ်(မြန်မာ) မှာ အသစ်မဝင်သေးခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၅၃.၂၅ပိဿာ ၂၁၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီးပဲပုတ်(ရှမ်း)မှာ ရှမ်းပြည်ဘက်မှ အသစ်ဝင်ရောက်မှုရှိခြင်း မြေပဲ၊ နှမ်းဈေးနိမ့်သဖြင့် ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၅၃.၂၅ပိဿာ ၁၄၇၀၀၀ကျပ်မှ ၁၄၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ပဲစဉ်းငုံ (ဖြူ၊နီ)မှာမြို့တွင်း အရောင်းအဝယ်အေးခြင်း၊ ရန်ကုန်လက်ဝယ်မရှိခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းအတိုင်း ၆၀ပိဿာ ၁၅၅၀၀၀ကျပ်၊ ပဲစဉ်းငုံ (ဖြူ) ၆၀ပိဿာ ၁၆၅၀၀၀ကျပ်ဈေး ဖြင့် တည်ငြိမ်နေသည်။
ကုလားပဲ(လုံးဝါကြီး၊ လုံးဖြူကြီး)တို့မှာ အသစ်မဝင်သေးခြင်း ပစ္စည်းကောင်းရှာခြင်း၊ ပဲခွဲ စက်သမားနှင့် လုပ်ငန်းသမားဝယ်ယူမှုရှိခြင်းကြောင့် ကုဖြူကြီး ၆၀ပိဿာ ၁၈၇၀၀၀ကျပ်မှ ၁၉၄၀၀၀ကျပ်သို့လည်းကောင်း၊ လုံးဝါကြီး ၆၀ပိဿာ ၁၆၄၀၀၀ကျပ်မှ ၁၇၀၀၀၀ကျပ်သို့လည်း ကောင်း၊ ခွဲခြမ်း တပိဿာ ၄၁၀၀ကျပ်မှ ၄၁၂၀ကျပ်သို့လည်းကောင်း အသီးသီးဈေးမြင့်သွားသည်။
စားတော်ပဲ (ကျွန်း)မှာ အသစ်မဝင်သေးသဖြင့် အရည်အသွေးညံ့သွားခြင်း၊ လက်လီသမား အဝယ်နည်းခြင်းကြောင့် ၅၉.၂၆ ပိဿာ ၃၆၀၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲလွန်း ဖြူ၊ ပဲလွန်းပြာတို့မှာလည်း အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် ပဲလွန်းဖြူ ၆၀ပိဿာလျှင် ၁၄၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်သို့လည်းကောင်း ပဲလွန်းပြာ ၆၀ပိဿာလျှင် ၁၂၅၀၀၀ကျပ်မှ ၁၁၅၀၀၀ကျပ် သို့လည်းကောင်း အသီးသီးဈေးနိမ့်သွားသည်။
ပဲကြီး(ကြီး/ သေး) ထောပတ်ပဲ(ကြီး/သေး) တို့မှာ ပဲကြော်/လှော် လုပ်ငန်းသမားအဝယ်နည်း ခြင်းကြောင့် ပဲကြီး(ကြီး) ၅၅.၂၅ပိဿာ ၁၃၀၀၀၀ကျပ် ပဲကြီး(သေး) ၂၀၅၀၀၀ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။ ထောပတ်ပဲ(ကြီး/သေး)တို့မှာလက်ကျန်နည်းခြင်း လုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် ၅၆.၂၅ပိဿာ ထောပတ်ပဲ(ကြီး) ၁၅၀၀၀၀ကျပ်မှ ၁၅၅၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၁၇၀၀၀၀ကျပ် မှ ၁၄၂၀၀၀ကျပ်သို့ မသိမသာဈေးမြင့်သွားသည်။
Source Market Information Service- DOP- MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



