Fruits & Vegetables



အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှု ပြန်တင်းကျပ်

အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှု ပြန်တင်းကျပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီတင်ပို့မှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ တင်းကျပ်လိုက်သည်။

 

ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ပြည်တွင်းရောင်းချမှုပမာဏ၏ ၈ ဆအထိ ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုခြင်းအစား ၆ ဆသို့ အချိုးအစား လျှော့ချလိုက်သည်။ ပြည်တွင်း ဖူလုံရေးကို ရှေ့ရှုပြီး ပြင်ဆင်သတ်မှတ်ခြင်း ဖြစ်သည်။

"အထူးသဖြင့် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွက် ပြည်တွင်းထောက်ပံ့မှုကို ဖူလုံစေရန်" ဟု ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Septian Hario Setio က ပြောကြားသည်။

 

စားသုံးဆီရရှိနိုင်မှုနှင့် ဈေးနှုန်းများအပါအဝင် ပြည်တွင်းအခြေအနေများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် အချိုးအစားကို အချိန်အခါအလိုက် အကဲဖြတ်မည်ဖြစ်ကြောင်း Seto မှ ပြောကြားခဲ့သည်။

 

ဟင်းချက်ဆီဈေးနှုန်းများ ထိန်းမနိုင်သိမ်းမရဖြစ်မည်ကို စိုးရိမ်မှုများကြောင့် အင်ဒိုနီးရှားသည် ၂၀၂၂ ခုနှစ် နှစ်အစောပိုင်းတွင် စားအုန်းဆီထွက်ကုန်များအပေါ်  ပို့ကုန်အစီအမံများကို စတင်ပြဋ္ဌာန်းခဲ့ပါသည်။

အင်ဒိုနီးရှားမှ စားသုံးဆီများ တင်ပို့မှု ခေတ္တ ပိတ်ပင်လိုက်ခြင်းကြောင့် ဈေးကွက်ကို တုန်လှုပ်စေခဲ့သည်။ လက်ရှိ ကမ္ဘာ့စားသောက်ကုန် ပြတ်လပ်မှုအပေါ်  စိုးရိမ်ပူပန်မှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ သို့သော် ပြည်တွင်းမှာ ဆီများ သိုလှောင်ရန် နေရာမရှိတော့သည်အထိ ပိုလျှံကုန်သည်။

အင်ဒိုနီးရှားသည် လက်ရှိတွင် ပြည်တွင်းဈေးကွက်တာဝန် domestic market obligation (DMO) ဟု ခေါ်သော အစီအမံကို ပြည်ပပို့ကုန် စားအုန်းဆီအပေါ် ကျင့်သုံးသည်။ ပြည်တွင်းဈေးကွက်တွင်  သတ်မှတ်ထားသည့် ပမာဏ အချိုးအစားကို တာဝန်ကျေအောင် ရောင်းချမှ ပို့ကုန်ပါမစ်များ ရရှိမည်ဖြစ်သည်။

Source ajazeera

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 
Read times Last modified on Saturday, 31 December 2022 23:37
Rate this item
(2 votes)