Fruits & Vegetables



မလေးရှားစားအုန်းဆီ တရုတ်နိုင်ငံသို့ နှစ်ဆတိုး တင်ပို့မည်

မလေးရှားစားအုန်းဆီ တရုတ်နိုင်ငံသို့ နှစ်ဆတိုး တင်ပို့မည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

ကွတ်ကီးမှသည် အလှကုန်အထိ ကုန်ပစ္စည်းများတွင် အသုံးပြုသည့် စားအုန်းဆီကို ဥရောပက ကန့်သတ်ချက်များ ပြဋ္ဌာန်းထားသဖြင့် မလေးရှား စားအုန်းဆီများ တင်ပို့မရ ဖြစ်နေသည်ကို ဖြေရှင်းရန်အတွက်  မလေးရှားသည် နှစ်စဉ် တရုတ်သို့ စားအုန်းဆီ နှစ်ဆတင်ပို့မည်။

 

 နှစ်ဆတိုး တင်ပို့မည့် အစီအစဉ်ကို တရုတ်နိုင်ငံ တောင်ပိုင်း နန်နင်းမြို့မှာ ကျင်းပနေသည့် အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

မလေးရှားရှိ သိုလှောင်ရုံ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အမှိုက်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ဖွံ့ဖြိုးတိုးတက်ရန် ရင်းဂစ် ၁၉.၈၄ ဘီလီယံ (ဒေါ်လာ ၄.၂၃ ဘီလီယံ) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကိုလည်း မလေးရှားနှင့် တရုတ်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

 

 တရုတ်နိုင်ငံ Qinzhou တွင် သန့်စင်ပြီး စားအုန်းဆီအတွက် ကုန်သွယ်မှုစင်တာတစ်ခု တည်ဆောက်ရန်အတွက် မလေးရှားနိုင်ငံမှ အစိုးရပိုင် Sime Darby Oils International နှင့် တရုတ်နိုင်ငံမှ GuangXi Beibu Gulf International Port Group တို့အကြား ရင်းဂစ် ၂.၅ ဘီလီယံတန်ဖိုးရှိ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

၎င်းစင်တာသည် တစ်နှစ်လျှင် စားအုန်းဆီသန့် တမ်ချိန် ၅ သိန်း ကိုင်တွယ်ပေးနိုင်မည်။

အင်ဒိုနီးရှားသည် စားအုန်းဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မလေးရှားသည် ဒုတိယ အများဆုံး ဖြစ်ပါသည်။

မလေးရှား စားအုန်းဆီ အများဆုံး တင်ပို့နေသည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်နေခဲ့သည်မှာ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်ပါသည်။

ဖြစ်ပြီး အိန္ဒိယသည် ဒုတိယ၊ ကင်ညာသည် တတိယ၊ ဂျပန်သည် စတုတ္ထ အများဆုံး ဖြစ်ပါသည်။

 

key-sectors-industry-china-palm-oil-imports.png

 

တရုတ်နိုင်ငံတွင် လုပ်ငန်းကဏ္ဍအလိုက် သုံးစွဲသည့် ရာခိုင်နှုန်း (၂၀၂၂ ခုနှစ်)

 

ယမန်နှစ် တရုတ်နိုင်ငံသို့ မလေးရှား စားအုန်းဆီ ရင်းဂစ် ၂၁၀.၆ ဘီလီယံဖိုး တင်ပို့ခဲ့ပါသည်။

 

ယခုအခါ တရုတ်နိုင်ငံသို့ စားအုန်းဆီတင်ပို့မှု နှစ်စဉ် တန်ချိန် ၂၅၀,၀၀၀ ကို နှစ်ဆတိုးမည်ဟု

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ကုန်စည်ပြပွဲကို တက်ရောက်ခဲ့စဉ် ပြောကြားခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။

 

မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် ဥရောပသမဂ္ဂ၏ တင်းကျပ်သောစည်းမျဉ်းများကို ဆန့်ကျင်နေကြရချိန်တွင် စားအုန်းဆီသဘောတူညီချက်သည် စိုက်ခင်းငယ်များ အပါအဝင် စားအုန်းဆီကဏ္ဍကို အကာအကွယ်ပေးလိမ့်မည်ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်း သစ်တောများ ခုတ်ထွင် ရှင်းလင်းပြီး စိုက်ပျိုးခဲ့သည့် ဆီအုန်း၊ ပဲပိစပ်၊ ကော်ဖီ၊ ကိုကိုးနှင့် ရော်ဘာ အပါအဝင် စိုက်ပျိုးရေး ထုတ်ကုန် ကုန်ပစ္စည်းများကို ဥရောပသို့ ရောင်းချခြင်း သို့မဟုတ် တင်ပို့ခြင်း မပြုရန် ကုမ္ပဏီများအား စည်းမျဉ်းများဖြင့် တားမြစ်ထားသည်။

Source Asia nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 22 September 2023 10:55
Rate this item
(0 votes)