Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

13 10 2023

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

        

 မန္တလေးကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်မဝင်သေးသော်လည်း အရောင်းအဝယ်အေးခြင်း ၊ အဝေးမှာယူတင်ပို့ရမှုနည်းခြင်းတို့ကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိပြီး အဝင်နည်းခြင်းကြောင့် တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ် မှ ၁၄၀၀၀၀ ကျပ်ထိ ဈေးမြင့်သွား သည်။၏

မနောသုခဆန်မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ဇီယာဆန်နှင့် ငစိန်ဆန်မှာ အသစ်မဝင်သေးသော်လည်း လုပ်ငန်းသမား ဝယ်ယူမှုနှင့် အဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ဇီယာဆန် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ် ၊ ငစိန်ဆန် တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ဧရာမင်းဆန်မှာ အသစ်မဝင်သေးသော်လည်း မိုးများပြီး အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

မန္တလေး ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

      

မန္တလေး ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများ အနက် မြေပဲ(လုံးဆံ)မှာ မိုးမြေပဲအသစ်များ ဝင်ရောက်မှုရှိခြင်း ၊ အရည်အသွေး ကောင်းခြင်းကြောင့် ၁၀၀ ပိဿာလျှင် ၆၆၀၀၀၀ ကျပ် မှ ၇၁၀၀၀၀ ကျပ်သို့ ဈေးမြင့်လာပြီး မြေပဲ(ဆီဆံ)မှာ ဆီစက်သမား အဝယ်ပုံမှန်ရှိသော်လည်း တပ်ကုန်း ၊ ရမည်းသင်းတို့မှ မိုးမြေပဲများ ဝင်ရောက်မှုရှိခြင်းကြောင့် ၁၀၀ ပိဿာလျှင် ၆၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


နှမ်းမျိုးစုံဈေးနှုန်းများအနေဖြင့် မိုးနှမ်းအဝင်နည်းသွားခြင်း၊ လုပ်ငန်းသမားနှင့် တရုတ် ဝယ်လက်အနည်းငယ်ရှိခြင်း ၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် နှမ်းဖြူအရည် အသွေးအကောင်းဆုံး ၄၅ ပိဿာလျှင် ၃၄၅၀၀၀ ကျပ် မှ ၃၆၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းညိုမှာလည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း ၊ မိုးနှမ်းအဝင်နည်း သွားခြင်းကြောင့် ၂၈၅၀၀၀ ကျပ် မှ ၂၉၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းနက်မှာ အသစ်အဝင်နည်းခြင်း ၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၄၅ ပိဿာ ၂၈၀၀၀၀ ကျပ်မှ ယခုအပတ် ၂၉၀၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။


ပန်းနှမ်းရောင်းဝယ်မှုအနေဖြင့် စတင်စိုက်ပျိုးစကာလဖြစ်ခြင်း၊ လက်ကျန်နည်းသွား ခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ၄၅ ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


နေကြာဈေးနှုန်းမှာ မိုးနေကြာ အဝင်နည်းသေးခြင်း ၊ ဆောင်းနေကြာစိုက်ရန် ပြင်ဆင် ချိန်ဖြစ်ခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် ၂၇ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၃၅၀၀၀ ကျပ် မှ ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဆီဈေးနှုန်းများ

 

ပဲဆီ တစ်ပိဿာ ၁၅၀၀၀ ကျပ် ၊

နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ် ၊

နေကြာဆီ တစ်ပိဿာ ၁၄၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ် ၊

မုန်ညှင်းဆီ ၁၀၀၀၀ ကျပ် ၊

ပဲပုတ်ဆီ ၇၀၀၀ မှ ၈၀၀၀ ကျပ်ဖြင့် 

ဈေးတည်ငြိမ်နေသည်။

      

ငရုတ် ကြက်သွန်နီ  ကြက်သွန်ဖြူ အာလူး ချင်း ဈေးကွက်အခြေအနေ

      

မန္တလေးကိုင်းတန်းဈေး ပွဲရုံများတွင် ငရုတ်ခြောက်(ရှည်)များ ရမည်းသင်းဘက်မှ အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် ၊ ငရုတ်ခြောက်(လတ်) တစ်ပိဿာ ၁၃၀၀၀ ကျပ်သို့ဈေးမသိမသာနိမ့်သွားသည်။


ကြက်သွန်နီ ဈေးနှုန်းများအနေဖြင့် မြစ်သားကြက်သွန်များ ဈေးကွက်အတွင်း မဝင် သေးသော်လည်း မုံရွာ ၊ ထီးဆောင်း ၊ မြင်းမူတို့မှ ဝင်ရောက်မှုပုံမှန်ရှိခြင်း ၊ မိုးများ၍ အရောင်းအဝယ် အေးခြင်းကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၂၈၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၂၈၀၀ ကျပ် မှ ၂၆၀၀ ကျပ် ၊ (သေး) တစ်ပိဿာ ၂၅၀၀ ကျပ် မှ ၂၃၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


ကြက်သွန်ဖြူ(တရုတ်)မှာ မြို့တွင်းစားသုံးမှုပုံမှန်ဖြစ်သော်လည်း မိုးရွာသွန်းမှုများခြင်း ကြောင့် အရောင်းအဝယ်အေးခြင်း ၊ အဝေးမြို့များသို့ တင်ပို့ရမှုနည်းခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၇၅၀၀ ကျပ် မှ ၇၂၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ကြက်သွန်ဖြူ(ရှမ်း)မှာ စတင်စိုက်ပျိုးစ ကာလဖြစ်၍ လက်ကျန်အရည်အသွေးပေါ်မူတည်ပြီး အရည်အသွေးအနိမ့်ဆုံး တစ်ပိဿာ ၇၀၀၀ ကျပ် မှ အကောင်းဆုံး ၈၅၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။


အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ အဝင်နည်းခြင်း ၊ မြို့တွင်းသုံး ပုံမှန်ရှိခြင်း ကြောင့် တစ်ပိဿာ ၁၈၀၀ ကျပ် မှ ၂၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး အောင်ပန်းအာလူးမှာ အရည်အသွေးကောင်းလာပြီး မြို့တွင်းစားသုံးမှုများလာခြင်းကြောင့် တစ်ပိဿာ ၁၄၀၀ ကျပ် မှ ၂၃၀၀ကျပ်သို့ ဈေးသိသိသာသာမြင့်လာသည်။


ချင်းဈေးနှုန်းအနေဖြင့် ချင်းသစ်များ အရည်အသွေးကောင်းလာခြင်းကြောင့် တစ်ပိဿာ ၁၄၀၀ ကျပ် မှ ၂၀၀၀ ကျပ်သို့ ဈေးမြင့်လာပြီး ချင်းဟောင်းမှာ ပစ္စည်းရှားခြင်းကြောင့် တစ်ပိဿာ ၅၇၀၀ ကျပ် မှ ၆၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ပဲမျိုးစုံဈေးကွက်အခြေအနေ

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းအနေဖြင့် အသစ်စိုက်ပျိုးရန် ပြင်ဆင်စကာလဖြစ်ခြင်း ၊ လက်ကျန်နည်းခြင်းကြောင့် ပစ္စည်းကောင်း ရှားခြင်းကြောင့် ယခင်အပတ် ၃ တင်း တစ်အိတ် ၂၃၈၀၀၀ ကျပ် မှ ယခုအပတ် ၂၄၆၀၀၀ ကျပ်ထိ ဈေးမြင့်လာသည်။


ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မိုးပဲတီစိမ်းများ ဝင်ရောက်မှုရှိခြင်း ၊ အရည်အ သွေးပေါ်မူတည်၍ ဈေးကွာခြားခြင်း ၊ ဆောင်းပဲစိုက်ရန် ပြင်ဆင်စကာလဖြစ်ခြင်းကြောင့် အနိမ့်ဆုံး ၃ တင်း တစ်အိတ် ၁၅၅၀၀၀ ကျပ် မှ အကောင်းဆုံး ၁၇၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ စိုက်ပျိုးထားဆဲးကာလဖြစ်ခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ ပစ္စည်းကောင်းရှားခြင်းကြောင့် ပဲစဉ်းငုံအဖြူ ၃တင်းတစ်အိတ်လျှင် ၃၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲစဉ်းငုံ(နီ)မှာ ၃၈၀၀၀၀ ကျပ် မှ ၃၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲပုတ်အဝင်နည်းခြင်း ၊ ဆောင်းပဲစိုက်ပျိုးစ ကာလဖြစ်ခြင်းကြောင့် လုပ်ငန်းသမား ၊ ဆီစက်သမား အဝယ်နည်းသော်လည်း ပဲပုတ်(မြန်မာ) ၃ တင်းတစ်အိတ် ၂၂၅၀၀၀ ကျပ် ၊ ပဲပုတ်(ရှမ်း) မိုးမိတ်ပဲအကောင်းဆုံး ၁၇၅၀၀၀ ကျပ် ၊ မိုးညှင်းပဲ အကောင်းဆုံး ၁၈၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။


ကုလားပဲဈေးနှုန်းအနေဖြင့် ကုလားပဲ(လုံးဖြူကြီး)ဈေးနှုန်းမှာ လက်ကျန်နည်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ၃ တင်းတစ်အိတ်လျှင် ၂၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး လုံးဝါကြီးမှာ မြို့တွင်းစားသုံးရန် ခွဲစက်များ အဝယ်နည်းခြင်းကြောင့် ၂၆၁၀၀၀ ကျပ် မှ ၂၅၈၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ခွဲခြမ်းမှာ တစ်ပိဿာ ၆၄၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲယင်း ၊ မြေတောက်ပဲတို့မှာ လက်ကျန်နည်းခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ်လျှင် ၁၆၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး မြေတောက်ပဲမှာ ၅၄ ပိဿာလျှင် ၃၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


စားတော်ပဲ(ကျွန်း)မှာ စတင်စိုက်ပျိုးစကာလဖြစ်၍ လက်ကျန်နည်းခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ လက်လီသမားများမှာ စားတော်ပဲ(ကနေဒါ) တစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ် ၊ (ယူကရိန်း) ၁၉၀၀၀၀ ကျပ်ဖြင့် ဝယ်ယူမှုများပြီး ဈေးမြင့်သော စားတော်ပဲ(ကျွန်း)အား အဝယ်နည်းခြင်းကြောင့် ၃၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲကြီး(ကြီး/သေး)မှာ မိုးပဲအဝင်နည်းသေးခြင်း ၊ ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်းကြောင့် ပဲကြီး(ကြီး) ၃ တင်းတစ်အိတ် ၃၂၀၀၀၀ ကျပ် မှ ၃၃၀၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၂၈၅၀၀၀ ကျပ် မှ ၃၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ထောပတ်ပဲ(ကြီး/သေး) ၊ ပဲလွန်းဖြူ/ပြာ တို့မှာ မိုးပဲအဝင်နည်းခြင်း ၊ ဆောင်းပဲ စိုက်ပျိုးစဖြစခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၃ တင်းတစ်အိတ် ၃၉၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၃၇၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။


ပဲလွန်းဖြူ/ပဲလွန်းပြာတို့မှာ မိုးပဲအဝင်နည်းသေးခြင်း ၊ ဆောင်းပဲ စိုက်ပျိုးစ ဖြစ်ခြင်း ကြောင့် လက်လီသမားအဝယ်နည်းသော်လည်း ပဲလွန်းဖြူ ၃ တင်း တစ်အိတ် ၁၇၅၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၁၈၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

 

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

မန္တလေး သီရိမာလာဈေးတွင် ဟင်းသီး/ရွက်ဈေးနှုန်းများအနေဖြင့် ခရမ်းချဉ် (ရှမ်းတောင်)မှာ အရည်အသွေးပေါ်မူတည်၍ ၂၀ ပိဿာတစ်သေတ္တာ ၂၆၀၀၀ ကျပ် ၊ အနိမ့်ဆုံး တစ်ပိဿာ ၁၀၀၀၀ ကျပ် ဈေးရှိပြီး အဝေးတင်ပို့ရမှုနည်းနေသည်။


အောင်ပန်းဘက်မှ ဂေါ်ဖီထုပ်များ ဝင်ရောက်မှုများခြင်း ၊ အရွယ်အစားငယ်ခြင်းကြောင့် တစ်ထုပ်လျှင် ၆၀၀ ကျပ်ဈေးရှိပြီး ပန်းမုံလာမှာ မိုးရေထိသဖြင့် အရည်အသွေးညံ့သွားခြင်းကြောင့် အဝေးတင်ပို့နိုင်သော အရည်အသွေးကောင်းများမှာ တစ်ပွင့် လျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ်အထိ ဈေးမြင့်နေသည်။

 

ဂေါ်ရခါးသီးများ အောင်ပန်းဘက်မှ ၂၁၀လုံးပါ ပီနံအိတ်များဖြင့် ဝင်ရောက်ပြီး တစ်လုံးလျှင် ၇၀ ကျပ်ထိ ဈေးနိမ့်သွားသည်။

 

ဘိုစားပဲသီးများ အဝယ်များလာခြင်းကြောင့် ယခင်အပတ် တစ်ပိဿာလျှင် ၃၅၀၀ ကျပ် မှ ၂၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ခရမ်းသီးများ ကျောက်ဆည် ၊ မုံရွာတို့မှ အဝင်များလာသဖြင့် ၅၅၅ ခရမ်းမျိုး တစ်ပိဿာ ၁၀၀၀ ကျပ် ၊ ကျန်သောခရမ်းများ တစ်ပိဿာ ၇၀၀ ကျပ်ဈေးရှိသည်။

  

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 13 October 2023 15:30
Rate this item
(0 votes)