Fruits & Vegetables



ဗီယက်နမ်ဒူးရင်း တင်ပို့မှု ဒေါ်လာ ၂.၁ ဘီလီယံသို့ စံချိန်သစ်တင် ရောက်ရှိ

ဗီယက်နမ်ဒူးရင်း တင်ပို့မှု ဒေါ်လာ ၂.၁ ဘီလီယံသို့ စံချိန်သစ်တင် ရောက်ရှိ 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဗီယက်နမ်ဒူးရင်း တင်ပို့မှုသည်  ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း စံချိန်တင် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံအထိ ရှိခဲ့သည်။

 

ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်းVietnam Fruits & Vegetables Association (Vinafruit) ၏ အဆိုအရ ၎င်း ၁၀ လတာ ကာလအတွင်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတင်ပို့မှုအားလုံး၏ စုစုပေါင်း တန်ဖိုးတွင် ၅၁ ရာခိုင်နှုန်းသည် ဒူးရင်းတင်ပို့ခြင်း ဖြစ်သည်။

 

 ဒူးရင်းတင်ပို့ခြင်း စုစုပေါင်း တန်ဖိုးတွင် ၉၄% သည် လတ်ဆတ်ဒူရင်းသီးများ တင်ပို့ခြင်း ဖြစ်ပြီး ကျန်သည့် ၆% သည် အေးခဲနှင့် အခြောက်ခံထားသည့် ဒူရင်းများ တင်ပို့ခြင်း ဖြစ်သည်။ 

ဗီယက်နမ်ဒူရင်း တင်ပို့မှု စုစုပေါင်း တန်ဖိုး၏ ၉၇% သည် တရုတ်ပြည်မှ ဝယ်ယူခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁.၉ ဘီလီယံဖိုး ဝယ်ယူခဲ့သည်။

ချက်နိုင်ငံက ကန်ဒေါ်လာ ၁၀ သန်းဖိုး ဝယ်ယူခဲ့သည်။

 

တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုတွင် ဗီယက်နမ်သည် မလေးရှားနှင့် ဖိလစ်ပိုင်တို့ကို ကျော်တက်သွားခဲ့သည်။ ထိုင်းသည် အများဆုံး တင်ပို့သူအဖြစ် ဆက်လက်ရပ်တည်နေပြီး ဗီယက်နမ်သည် ဒုတိယ အများဆုံး တင်ပို့သူ ဖြစ်သည်ဟု Vinafruit ၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားသည်။

 

ဗီယက်နမ်ဒူးရင်း တင်ပို့မှုသည် ယခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ ရှိနိုင်မည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

 

ဗီယက်နမ်နိုင်ငံရှိ ဒူးရင်းခြံဧရိယာသည် ၂၀၁၀ ခုနှစ်တွင် ဟက်တာ ၉၂,၀၀၀ မှ ယခုအခါ ၁၃၁,၀၀၀ သို့ တိုးလာခဲ့သည်။ ယခုနှစ်တွင် ဒူရင်းတန်ချိန် ၁ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြသည်။

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 03 December 2023 12:17
Rate this item
(0 votes)