Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


အကင်ကြိုက်နှစ်သက်သူများအတွက် မြေနီကုန်းက တာချီလိတ်အကင်

အစားတလိုင်းများ စားဖို့အတွက်ဆို ဘာပဲဖြစ်ဖြစ် တောင့်တတတ်တာ သဘာဝပါပဲ။ နလန်ထများအတွက် အဆင်ပြေစေတဲ့ ရှယ်တာချီလိတ်အကင်ဆိုင်တစ်ဆိုင် ကိုလမ်းညွှန်ပေးလိုက်ပါတယ်။

 

ဆိုင်မှာရနိုင်တာတွေကတော့ ကြက်သားနဲ့ပတ်သက်တဲ့ ကြက်တောင်ပံ၊ ကြက်သား၊ ခေါင်း၊ လည်ချောင်းရိုး၊ အရေခွံတို့ရနိုင်ပါတယ်။  ဝက်သားမှာဆိုရင်တော့ သုံးထပ်သား၊ ဝက်နံရိုး၊ ဝက်အူချို၊ ၀က်နားရွက်တွေရနိုင်ပါတယ်။ ၎င်းအပြင် အမဲသား၊ ဆိတ်သား၊ ကြက်အူချောင်းတွေ၊ ဖက်နဲ့ထုပ်ထားတဲ့ ခေါက်ဆွဲပေါင်း၊ ဆိုက်ကော်၊ ငါးကင်၊ မှိုတွေ၊ အရွက်တွေ အစရှိသဖြင့် တော်တော်ကလေးစုံတာကို တွေ့ရပါတယ်။ ငါးကင်၊ ခေါက်ဆွဲပေါင်းကိုလည်း ဆိုင်တွင် ရနိုင်ပါတယ်။

 

ဈေးနှုန်းက တစ်ချောင်း ၄၀၀ အနည်းဆုံးပါ။ သုံးယာက်၊ လေးယောက် အဝစားဆို ကျပ် နှစ်သောင်းလောက် ကျသင့်မှာဖြစ်ပါတယ်။ အသားတွေကတော့ ရေခဲထားပြီး အဲဒီအသားတွေကို ကိုယ့်စိတ်ကြိုက် ဗန်းနဲ့ယူပြီး ကင်ခိုင်းလို့ရပါတယ်။ ပေးပြီးရင်တော့ ကိုယ့်စားပွဲမှာ ထိုင်စောင့်နေရုံပါပဲ။

 

အကင်တွေရဲ့ အရသာကတော့ တော်တော်ကြီးကို ကောင်းပါတယ်။ ဒီဆိုင်ရဲ့  အားသာချက်ကတော့ အချဉ်ထက်အသားကင်ထားတဲ့အရသာက ပို၍ ကောင်းပါတယ်။ နေမကောင်းလို့ ခံတွင်းပျက်နေတဲ့သူတွေအတွက် အတော်အဆင်ပြေစေပါတယ်။

 

ဆိုင်မှာ အဲယားကွန်းမရှိတဲ့အတွက် ဇိမ်လေးနဲ့အေးဆေးတော့စားလို့မကောင်းဘူး။

 
အရသာကတော့ ရန်ကုန်မှာ တာချီလိတ်အရသာ အကင်စစ်စစ်ကို စားချင်သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။


ဆိုင်တွင် အအေးဆိုလည်း ဂျားကြီးနဲ့ လူ ၃,၄ယောက် အဝသောက် တစ်ဂျားကို ၄ထောင်ဝန်းကျင်ပဲကျတော့ အဆင်ပြေစေပါတယ်။


ဆိုင်ကို သွားမယ်ဆိုရင်တော့ ညနေ ၃ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

 

ဆိုင်လိပ်စာကတော့ အမှတ် ၄၀၊ ပဒုံမာပန်းခြံလမ်း၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့ နယ်။


၀၉-၃၆၀၂၉၈၁၅၊ ၀၉-၂၆၀၄၂၉၄၀၇

Read times Last modified on Tuesday, 18 September 2018 10:00
Rate this item
(2 votes)