Restaurants



တောင်ကိုရီးယားတွင်ခွေးသားစားခြင်း တားမြစ်သည့် ဥပဒေကြမ်း ကန့်ကွက်ဆန္ဒပြ

တောင်ကိုရီးယားတွင်ခွေးသားစားခြင်း တားမြစ်သည့် ဥပဒေကြမ်း ကန့်ကွက်ဆန္ဒပြ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

 

ခွေးသားစားခြင်းကို တားမြစ်ရန် တောင်ကိုရီးယားက ဥပဒေကြမ်း တင်သွင်းရန် စီစဉ်နေသည့် အကြောင်း Food Industry Guide တွင် ဖော်ပြခဲ့ပါသည်။


ခွေးသား စားခြင်း တောင်ကိုရီးယား တားမြစ်မည်

https://www.foodindustrydirectory.com.mm/food-industry/restaurant/item/7218-dog.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ရာစုနှစ်ချီ သက်တမ်းရှိ စားသုံးသည့်ဓလေ့တွင် ပါဝင်ပတ်သက်နေသူများက ၎င်းဥပဒေ မပြဋ္ဌာန်းရန် ကန့်ကွက်ဆန္ဒပြကြသည်။

 

ခွေးမွေးမြူသူများ၊ ခွေးသားဟင်းလျာ ရောင်းချသူများက လူစုလူဝေးဖြင့် ခွေးသား စားခြင်းတားမြစ်ပိတ်ပင်ထားသည့် ဥပဒေကြမ်းကို ယခုနှစ်အတွင်း အတည်ပြုရန် အစိုးရနှင့် အာဏာရပြည်သူ့ပါတီတို့၏ အစီအစဉ်ကို ပယ်ဖျက်ပေးရန်  လွှတ်တော်ရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

 

ခွေးသားစားခြင်းကို ပိတ်ပင်ခြင်းသည် ၎င်းတို့၏ စားဝတ်နေရေး ဘဝအခြေအနေ ပျက်ပြားစေသည်ဟု ၎င်းတို့က ဆိုသည်။

ကိုရီးယားကျွန်းဆွယ်မှာ နွေရာသီ အပူဒဏ်ကို ခံနိုင်ရည်ရှိအောင် စားသုံးခဲ့ကြသည့် ရိုးရာ အစဉ်အလာ ဟင်းလျာကို  ဖယ်ထုတ်ပစ်ခြင်းကြောင့် စားသောက်ဆိုင်တွင် လာရောက်စားသောက်သူများအတွက် ရရှိနိုင်သည့်  ရွေးချယ်စရာ ဟင်းလျာ အမျိုးအမည်များ လျော့နည်းစေမည်ဟု ၎င်းတို့က ဆိုသည်။

သို့သော် အကယ်စင်စစ် ယခုအခါ သက်ကြီးပိုင်း ရောက်နေသူများသာ ခွေးသား စားကြတော့သည်။

 

"တကယ်လို့ ပိတ်ရမယ် ဆိုရင် ငါ့ရဲ့  ငွေရေးကြေးရေး အခြေအနေအရ ငါ ဘာမှ လုပ်ကိုင်လို့ မရနိုင်ဘူး" ဟု ဆိုးလ်မြို့အပြင်ဘက် ခြံတစ်ခြံမှာ ခွေးအ‌ကောင် ၁၁၀၀ အထိ မွေးမြူထားသည့် Lee Kyeong-sig က ပြောကြားသည်။

"ခွေးမွေးမြူတာ ၁၂ နှစ်ရှိပြီ။ အခု ရုတ်တရက်ကြီး ရပ်ပစ်ရတော့မှာလား" ဟု ၎င်းက မေးခွန်းထုတ်သည်။

 

 ကိုရီးယားတွင် ဆန္ဒသဘောထား စစ်တမ်းကောက်ယူခဲ့ရာ၌ ဖြေဆိုသူများတွင် သုံးပုံနှစ်ပုံသည် ခွေးသားစားခြင်းကို မလိုလားကြချေ။

ပြီးခဲ့သည့် တနှစ်အတွင်း ခွေးသား စားခဲ့သည်ဟု ဖြေဆိုသူ ၈%  သာ ရှိသည်။ ၂၀၁၅ ခုနှစ် စစ်တမ်းတွင် ၁၂% ရှိခဲ့သည်။

ခွေးသားစားခြင်းကို မနှစ်မြို့သူများ ပိုများလာခြင်း၊ တိရစ္ဆာန် အခွင့်အရေး ကာကွယ်သည့် လှုပ်ရှားသူများက ဆန့်ကျင်ခြင်းတို့ ရှိနေသော်လည်း ယခင်တကြိမ်က ၎င်းဥပဒေကြမ်းကို ခွေးသားလုပ်ငန်းကဏ္ဍမှ ကန့်ကွက်ဆန္ဒပြကြသဖြင့် ဥပဒေပြဋ္ဌာန်းသည့် အဆင့်သို့ မရောက်ခဲ့ချေ။ 

Korean Association of Edible Dogs က အစိုးရ ဖော်ပြသည့် ခွေးမွေးမြူရေးခြံများ၊ စားသောက်ဆိုင်များ ပမာဏထက် လက်တွေ့တွင်  နှစ်ဆ ပိုများသည်ဟု ဆိုသည်။

ယင်းဥပဒေ ပြဋ္ဌာန်းလိုက်လျှင် ခွေးအကောင်ရေ ၁.၅ သန်း မွေးမြူထားသည့် ခြံ ၃,၅၀၀ နှင့် စားသောက်ဆိုင် ၃,၀၀၀ ကို ပိတ်ပစ်ရလိမ့်မည်ဟု အသင်းက ပြောကြားသည်။

 

လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း ခွေးသားဟင်းချို  ဘိုရှင်တန် ရောင်းချသည့် စားသောက်ဆိုင်ကို ဖွင့်လှစ်သည့် နမ်ဆွန်းဂူက ၎င်း၏ဆိုင်သည် ရောင်းအား လျင်မြန်စွာ ကျဆင်းနေသော်လည်း တားမြစ်ပိတ်ပင်မှုသည် တရားမျှတမှု မရှိဟု ဆိုသည်။

 

photo_2023-11-26_12-52-01.jpg

ဘိုရှင်တန် ရောင်းချသည့် စားသောက်ဆိုင်ပိုင်ရှင် နမ်ဆွန်းဂူ

 

“လူတွေက ကာလရှည်ကြာ စားခဲ့ကြတဲ့ အစားအစာတွေကို တားမြစ်ဖို့ ကြိုးစားရင် ဒါဟာ မှားယွင်းတဲ့ ဥပဒေပဲ။ စားစရာကို လွတ်လပ်စွာ ရွေးချယ်စားသုံးခွင့်ကို ဆုံးရှုံးစေတဲ့ ဥပဒေတစ်ခု ဖြစ်နေပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

ခွေးသားစားခြင်း တားမြစ်ပိတ်ပင်မှု ဥပဒေကြမ်းကို ဆန့်ကျင်သူအများအပြားက ခွေးသားစားသုံးမှုကို ဝေဖန်သူ သမ္မတကတော် Kim Keon Hee နှင့် ခွေးလေခွေးလွင့် ခြောက်ကောင်ကို ကယ်ဆယ်မေွးမြူထားသည့်  သမ္မတ Yoon Suk Yeol တို့၏ လက်ချက်ဖြစ်မည်ဟု အပြစ်တင်ကြသည်။

 

ဥပဒေကြမ်းကို အဓိကပံ့ပိုးကူညီသူဖြစ်သည့် အာဏာရပါတီ၏ လွှတ်တော်အမတ် An Byung-gil က အပြောင်းအလဲအတွက် အချိန်တန်ပြီဟု ပြောကြားခဲ့သည်။

“ရိုးရာဓလေ့ အစဉ်အလာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပေမဲ့လည်း ပြောင်းလဲဖို့ လိုအပ်တာတွေကို ပြောင်းလဲရမှာပဲ” ဟု ၎င်းက ဆိုသည်။

 

photo_2023-11-26_12-52-43.jpg

photo_2023-11-26_12-52-20.jpg

photo_2023-11-26_12-52-37.jpg

 

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 26 November 2023 12:55
Rate this item
(0 votes)