Restaurants



မလေးရှား စားသောက်ဆိုင်များ ပြည်ပဆန် လက်ကားဈေးအနိမ့်ဖြင့် ဝယ်ယူခွင့် ရရှိ

မလေးရှား စားသောက်ဆိုင်များ ပြည်ပဆန်  လက်ကားဈေးအနိမ့်ဖြင့် ဝယ်ယူခွင့် ရရှိ

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

မလေးရှားအစိုးရသည် ဆန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဈေးနှုန်း သက်သာစေရန် ခြေလှမ်းသစ်များ လုပ်ဆောင်ခဲ့ပြီး စားသောက်ဆိုင်များအား တင်သွင်းလာသော ဆန်ဖြူများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးခဲ့သည်။

 

မလေးရှားတွင် ပြည်တွင်း လိုအပ်ချက်၏ ၇၀% ကိုသာ ပြည်တွင်းထွက်ဆန်များက ဖြည့်တင်းပေးနိုင်သဖြင့် ကျန်သည့် ၃၀%ကို ပြည်ပမှ ဆန်များ တင်သွင်းပြီး ဖြည့်တင်း‌ပေးသည်။

 

ယခုအခါ ကမ္ဘာ့ဆန်ဈေး မြင့်တက်နေသဖြင့် ပြည်ပမှ တင်သွင်းသည့်ဆန်များ ‌ဈေးမြင့်နေသည်။

 

 မလေးရှားတွင် စားသောက်ဆိုင်များသည် ပြည်ပမှ တင်သွင်းသောဆန်များကို အသုံးပြုကြသည်။ ဆိုင်မှာ လာရောက်စားသောက်ကြသူများသည် ထိုင်းနိုင်ငံမှ ဆန်မွှေးကဲ့သို့သော ပြည်ပမှ တင်သွင်းသော ဆန်များကို နှစ်သက်ကြသည်။

စားသောက်ဆိုင်လုပ်ငန်းရှင်များ အများအပြားသည် စားသုံးသူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် တင်သွင်းလာသော ဆန်များကို ဆက်လက်သုံးစွဲကြသည်။ ဆန်ဖိုး စရိတ်စက မြင့်မားနေသည်ကို စားသောက်ဆိုင်လုပ်ငန်းရှင်များက ကျခံပေးကြရသည်။ ‌

 

မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Mohamad Sabu က အစိုးရသည် စားသောက်ဆိုင်ပိုင်ရှင်များနှင့် စားသောက်ကုန်နှင့်  အဖျော်ယမကာလုပ်ငန်း အသင်းများကို လက်ကားဈေးဖြင့် ဝယ်ယူခွင့်ပြုရန် အစိုးရက ခွင့်ပြုမိန့်များ ထုတ်ပေးနေပြီဟု ပြောကြားသည်။

 

စားသောက်ဆိုင်ပိုင်ရှင်များသည် ပြည်ပဆန် ၅၀ ကီလိုဂရမ် တအိတ်ကို ရင်းဂစ် ၃၀၀ မှ ၄၀၀ အထိ ပေးပြီး ဝယ်ရသည်။ ပါမစ်ဖြင့် ဝယ်ယူသည့်အခါ ရင်းဂစ် ၁၆၀ ($34) သာ ပေးရသဖြင့် ထက်ဝက် သက်သာသည်။ 

စားသောက်ဆိုင်များနှင့် စားသောက်ကုန် လုပ်ငန်းများတွင် ဆန်လုံလောက်စွာ ရရှိရေးကို အစိုးရက ဆောင်ရွက်ပေးခြင်းဖြင့် စားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် စားသုံးသူများက ဈေးအမြင့်ဖြင့် ဝယ်ရသည့် ဝန်ထုပ်ဝန်ပိုး ကင်းဝေးစေမည်ဟု ၎င်းက ပြောကြားသည်။ 

 

မလေးရှားနိုင်ငံ စားသောက်ဆိုင်နှင့် စားသောက်ဆိုင်ငယ် ပိုင်ရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ Jeremy Lim က အဆိုပါကြေညာချက်သည် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအတွက် သတင်းကောင်းဖြစ်ကြောင်း ပြောကြားသည်။

"ဆန်ဈေးတွေက တက်နေတယ်။ ဆိုင်မှာ ရောင်းတဲ့ဈေးကို ဈေးမတက်ဘဲ ဆက်ထိန်းထားရတော့ အမြတ်အစွန်း လျော့ကျကုန်တယ်။ ကုန်ကျစရိတ် သက်သာဖို့ ပြည်ပဆန်အစား ပြည်တွင်းဆန်ကို ပြောင်းလဲသုံးစွဲလို့ မရဘူး။ ဆိုင်မှာ လာစားကြတဲ့သူတွေက အရသာ ကွာခြားတာကို သိကြတယ်။ ဒီတော့ ပြည်ပဆန် ဈေးတက်ပေမဲ့လည်း ဆက်လက်သုံးစွဲ‌ကြရပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

အသင်းဝင်များသည် ဆန်ဈေးတက်ခြင်းကြောင့် အမြတ်တွင် အနည်းဆုံး ၃၀% လျော့ကျသွားသည်ဟု ၎င်းက ပြောကြားသည်။

 

ဒေါ်လာနှင့် ရင်းဂစ် ငွေလဲနှုန်းတွင် ရင်းဂစ် တန်ဖိုးကျဆင်းမှုကြောင့်နှင့် ကမ္ဘာ့ဆန်ဈေးသည် ယခုနှစ်ကုန်အထိ ဈေးအမြင့်တွင် ဆက်ရှိနေဦးမည်ဖြစ်သဖြင့် မလေးရှားတွင် ပြည်ပမှ တင်သွင်းသည့် ဆန်များ ဈေူမြင့်နေဦးမည်ဟု စိုက်ပျိုးရေးဝန်ကြီးက ပြောကြားသည်။

Source Asia nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 21 October 2023 14:20
Rate this item
(0 votes)